အောက်စီဂျင်မလုံလောက်ရင် မြို့ပြက သခ်ျိုင်းဖြစ်သွားမယ်လို့ ဒေလီဝန်ကြီးဆို

အောက်စီဂျင်မလုံလောက်ရင် မြို့ပြက သခ်ျိုင်းဖြစ်သွားမယ်လို့ ဒေလီဝန်ကြီးဆို

ပြီးခဲ့တဲ့မေလကနေစပြီး ဒီနေ့အထိ ကိုဗစ်၁၉ ကူးစက်မှုကို အလူးအလဲ ခံနေရတဲ့ အိန္ဒိယနိုင်ငံဒေလီမြို့က ဆေးရုံတွေမှာ လူနာတွေအတွက် အောက်စီဂျင်လုံလောက်အောင် ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဆေးရုံတွေရဲ့ ပတ်ဝန်းကျင်မှာလည်း လေကောင်းလေသန့်ရအောင် လုံလောက်တဲ့ သစ်ပင်ကြီးတွေမရှိခြင်းနဲ့ပတ်သက်လို့ ဒေလီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်သူ ဂိုပယ်ရိုင်းက သစ်ပင်တွေမစိုက်တာနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုမှုတွေ လုပ်လာပါတယ်။
ဇွန်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ “ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်းမှာ ဆေးရုံတွေမှာ အောက်စီဂျင် မလုံလောက်မှုတွေ ကြုံတွေ့နေရပါတယ်။ အစိုးရကတော့ အဲ့ဒိပြဿနာကို ရှင်းဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရပါတယ်။ လက်ရှိမှာတော့ ကိုဗစ်လူနာပမာဏက လျော့ကျလာတယ်ဆိုပေမဲ့ တကယ်လက်တွေ့ကျကျ ရေရှည်ဖြေရှင်းနည်းက ဆေးရုံတွေ လူနေထူထပ်တဲ့ နေရာတွေမှာ သစ်ပင်ကြီးတွေကို စိုက်ထားဖို့လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
သတင်းစာရှင်လင်းပွဲ အပြီး ဇွန်လ ၅ ရက်နေ့က စပြီး ဒေလီမှာ သစ်ပင်ကြီး ၃.၃ သန်းစိုက်ဖို့အတွက် အစီအစဉ်တွေ ကို စတင်လိုက်ပါတယ်။ မြို့ တွင်းက လူနေထူထပ်တဲ့ နေရာတွေမှာ စည်ပင်ပိုင်နေရာတွေမှာ သစ်ပင်ကြီးတွေကို စတင်စိုက်ဖို့ ြပင်ဆင်နေတဲ့အပြင် မြိုစွန်တွေနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ လည်း ဆက်လက်စိုက်ပျိုးဖို့ လုပ်နေပါတယ်။ ကိုဗစ်လို ရောဂါမျိုးနဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မှုနှုန်းက ခေတ်သစ်ကမာ္ဘမှာ ပြဿနာတစ်ရပ်ဖြစ်နေလို့ မြိုပြတွေမှာ သစ်ပင်စိုက်ဖို့ အရေးတကြီးလိုနေပြီလို့ ၄◌င်းကဆိုပါတယ်။ သစ်ပင်ကြီးတွေရဲ့ အောက်စီဂျင်ထုတ်လုပ်နိုင်မှုက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို တစ်ဝက်မက လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ကျန်းမာတဲ့ နိုင်ငံဖြစ်ဖို့ကို သစ်ပင်တွေက အများကြီး အထောက်အကူပေးနိုင်ပါတယ်။
ဖုန်မှုန့်တွေ မီးခိုးမှုန့် တွေ များတဲ့ လမ်းတွေမှာ သစ်ပင်ကြီးတွေနဲ့ ခြုံပင်တွေကို ညပ်ပြီး စိုက်တာက ပိုသင့်တော်ပါတယ်။ အပင်တွေကို ရှင်းပြီးမြို့တည်ထောင်ထားတဲ့ နေရာတွေမှာ အပင်တွေကိုပြန်စိုက်ပြီး မြို့ပြမှာလိုအပ်နေတဲ့ အောက်စီဂျင်တွေကိုြပန်လည်ဖြည့်တင်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

မောင်ယဿ
REF: world of buzz
Photo: the indian express

About The Author

greenness_mm

No Comments

Leave a Reply