ဥရောပမြောက်ပိုင်းကို မွှေသွားတဲ့ မုန်တိုင်း ကီရန်က ရာသီဥတုဖောက်ပြန်မှုနဲ့ ဆိုင်နေလား

ဥရောပမြောက်ပိုင်းကို မွှေသွားတဲ့ မုန်တိုင်း ကီရန်က ရာသီဥတုဖောက်ပြန်မှုနဲ့ ဆိုင်နေလား

နိုဝင်ဘာလ ( ၁ ) ရက်နေ့ ဗုဒ္ဓဟူးနေ့က ဥရောပမြောက်ပိုင်းကိုဝင်ရောက်ဿွားခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ကီရန်‌‌ကြောင့် သန်းပေါင်းများစွာသော ဥရောပသားတွေ လျှပ်စစ်မီးပြတ်တောက်သွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လိုက် ရပါတယ်။
ဒိုဘာရေလက်ကြားက ကျွန်းတွေဆီကို ဗုဒ္ဓဟူးနေ့ည ကနေ ကြာသပတေးနေ့မနက်အထိ လေတိုက်နှုန်း ကီလို မီတာ ၁၆၀ ကျော်နဲ့ ဖြတ်သန်းသွားခဲ့ပါတယ်။ စံချိန်တင် လေတိုက်နှုန်းနဲ့ အဆိုးရွားဆုံးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းရဲ့သက်ရောက်မှုကြောင့် မိုးသီးကြီးများကျဆင်းခဲ့သလို ရေလှိုင်တွေက ပေ ၃၀ လောက်နီးပါး အမြင့် ဖြစ်ခဲ့ပါတယ်။ ဒေသခံတော်တော်များများကို‌ ရွှေ့‌ပြောင်းရေးလုပ်ပေးခဲ့ရပါတယ်။
အင်္ဂလိပ်ရေလက်ကြားထဲက ဂျာစီကျွန်းပေါ်က မိုးလေဝသဌာနရဲ့ အဆိုအရ တိုက်သွားတဲ့ မုန်တိုင်းထဲမှာ တော်နဲဒိုလို လေဆင်နှာမောင်းတွေပါ ပါတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းများကိုတော့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် စံချိန်တင် လေပြင်းတိုက်ခတ်ခဲ့ပါတယ်။
လေမုန်တိုင်းက အရှိန်နဲ့ဆက်လက်တိုက်နေတဲ့အတွက်ကြောင့် ဒေသအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထရပ်ကား ယာဉ်မောင်းတစ်ဦး သေဆုံးကာ သန်းနှင့်ချီ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ ပြင်သစ် နိုင်ငံ အနောက်ဖက်စွန်းက Finistere နှင့် Côtes-d’Armor တို့တွင်၊ တစ်နာရီလျှင် လေတိုက်နှုန်း ကီလိုမီတာ ၁၈၀ အထက် စံချိန်ချိုးခဲ့ကြောင်း Météo-France မှ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းတွင် မုန်တိုင်း Ciarán ကြောင့် Cornwall တွင် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရေလွှမ်းမိုးမှု အန္တရာယ်များကို ဖြစ်ပေါ်စေခဲ့ပါတယ် ။ ဒေသတစ်ဝှမ်းရှိ ဧရိယာ ၇၇ ခုတွင် ရေကြီးမည်ဟု သဘာဝပတ်ဝန်းကျင် အေဂျင်စီက သတိပေးထားခဲ့ရပြီး ရေလွှမ်းမိုးမှုဖြစ်နိုင်ချေအတွက် သတိပေးချက် ၁၅၀ ကျော် ပြုလုပ်ခဲ့ရပါတယ်။ ဗြိတိသျှကျွန်းမကြီးရဲ့ တောင်ဖက်အစွန်က ကျဉ်းမြောင်းသော အဝေးပြေးလမ်းဖြင့်သာ သွားလာနိုင်သော Dorset ရှိ Portland ကျွန်းနဲ့ ကျွန်းမကြီးမှာ မုန်တိုင်းကြောင့် အဆက်အသွယ်ပြတ်တောက် သွားပြီး ကိုးနှစ်အတွင်း ဒုတိယအကြိမ် ရေလွှမ်းမိုးမှု သတိပေးချက် ဥသြသံကို ကြားခဲ့ရပါတယ် ။
မုန်တိုင်း Ciarán သည် ပြင်းထန်သော လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လျှပ်တပြက် ရေလွှမ်းမိုးမှုတို့ကို ဥရောပမြောက်ပိုင်းဒေသများသို့ သယ်ဆောင်လာပြီးနောက် သီတင်းနှစ်ပတ် မပြည့်မီ အတွင်းမှာ ရုတ်တရက် ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်များသည် မုန်တိုင်း Ciarán ကို ကောင်းစွာ လေ့လာရန် လိုအပ်နေသေးပြီး အဆိုပါ ရာသီဥတု ဖြစ်ရပ်များအပေါ် ရာသီဥတု ပြောင်းလဲမှုနဲ့ သက်ဆိုင်သလား ဆိုတာကို အတိအကျ မပြောနိုင်သေးပါဘူး ။
Sussex တက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကထိက ဒေါက်တာ Melissa Lazenby က “ဒီမုန်တိုင်းရဲ့ ပြင်းထန်မှုဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ရပ်အပြီးမှာ ထည့်သွင်းလေ့လာမှုတစ်ခု ပြုလုပ်ဖို့ လိုပါတယ်” လို့ ဆိုပါတယ်။
မုန်တိုင်းများဖြစ်ပေါ်လာတဲ့ အချက်အလက်တွေကို ရှာဖွေမှုက ရှုပ်ထွေးပါတယ် ။ ဒါပေမဲ့ ဝင်ရိုးစွန်းများနှင့် နီးကပ်သော ဒေသများရှိ ပင်လယ်ရေခဲများ၏ အတိုင်းအတာ၊ အချို့သော ဂျက်မြစ်များ၏ အားကောင်းမှုနှင့် အနေအထား၊ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် အယ်နီညိုကဲ့သို့သော ရာသီဥတုပုံစံများသည် ရာသီဥတုပြောင်းလဲမှုကို သက်ရောက်မှုရှိ နေပါတယ်။
“ရာသီဥတုပြောင်းလဲမှုသည် ဤအချက်လေးချက်ကို ကွဲပြားစွာ အကျိုးသက်ရောက်မည် ဖြစ်ပြီး အချို့မှာ ပိုမိုပြင်းထန်သော မုန်တိုင်းများဖြစ်စေပြီး အချို့က ၎င်းတို့အား အားပျော့စေမည်ဖြစ်သောကြောင့် အဆိုပါ မုန်တိုင်းများအပေါ် ရာသီဥတုပြောင်းလဲမှုအပေါ် ဘယ်လောက် သြဇာသက်ရောက်မှုရှိတယ်ဆိုတာကို ဆွေးနွေးတုန်း ဖြစ်ပါတယ် ” ဟု ဒေါက်တာ Lazenby က ထပ်လောင်းပြောကြားခဲ့သည်။ လေတိုက်နှုန်းနှင့် မုန်တိုင်းများ၏ ကြိမ်နှုန်းတို့သည် တစ်နှစ်နှင့်တစ်နှစ် ကွဲပြားကြပြီး မကြာသေးမီက ရာသီဥတု စောင့်ကြည့် လေ့လာချက်များတွင် သိသာထင်ရှားသော လမ်းကြောင်းများကို မတွေ့ခဲ့ရပါ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply