၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်

ဇန္နဝါရီ
———–
၂၀၂၁ ဇန္နဝါရီလကေတာ့ ၂၀၂၀ အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်စဉ်များနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ရေတွက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းကိုကြည့်ပါက ကယ္လီဖိုးနီးယားသဟာ ၎၏ နှစ်စဉ် တောမီးထက် နှစ်ဆကျော်ဖြစ်တဲ့ ဟက္တာ (၄.၁ ဧက)ကျော် လောင်ကျွမ်းခဲ့ပာတယ်။ နာဆာကလည်း ၂၀၂၀
ဟာ စံချိန်တင်အပူဆုံးနှစ်ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကလည်း ၂၀၂၁ အတွက် ပိုမိုကောင်းမွန်တဲ့ ရာသီဥတုအကျပ်အတည်း ဖြေရှင်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးတာတွေ မရှိခဲ့ပါဘူး။
၂၀၂၁ ရဲ့ အဦးဆုံးလ ဇန္နဝါရီထဲမွာ မလေးရှားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ၆ ဦးသေဆုံးကာ ၅၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ အာဖရိကတိုက်ဟာ ရာသီဥတု အပူဆုံးစံချိန်တင်ခဲ့ပါတယ်။ ဥရောပရဲ့တူရကီမှာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဖြစ်ပြီးနောက် အစ္စတန်ဘူလ်မှာ သောက်သုံးရေ ပြတ်လပ်မှာကို စိုးရိမ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် တခြားမျက်နှာစာတွေမှာ တိုးတက်မှုအဆင့်လေးတွေ ရှိခဲ့ပါတယ်။ သမ္မတဖြစ်လာပြီး နာရီပိုင်းအတွင်း ဂျိုးဘိုင်ဒင်က ပါရီသေဘာတူညီခ်က္ကို အေမရိကန္က ပြန်လည်ပူးပေါင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးကုမ္ပဏီ StoreDot ကလည်း ငါးမိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ ကားဘကၳရီတွေကို တရုတ်စက်ရုံတစ်ခုမှာ ပထမဆုံးအကြိမ် ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါက စွမ်းအင်အသုံးပြုမှုလျှော့ချရေးမှာ အေရးပါသလို ကာဗွန်ထုတ်လွှတ်မှုတွေကိုလည်း လျှော့ချသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ယူကေမှာလည်း ဗြိတိန်ရဲ့အကြီးဆုံးငှက်မျိုးစိတ်ဖြစ်တဲ့ မြီးဖြူလင်းယုန်တွေ သဘာဝအတိုင်း ပြန်လည်ကျက်စားနိုင်ရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို လယ်သမားတွေက ဦးဆောင်ခဲ့ကြပါတယ်။ ဒါတွေက ကျွန်တော်တို့ပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ ကောင်းသတင်းတွေပါပဲ။
“ကျွန်တော့်အမြင်အရတော့ ဒီရာသီဥတုအကျပ်အတည်းကို ကိုင်တွယ်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရပြီးပါပြီ။ နောက်ထပ် မစောင့်နိုင်တော့ပါဘူး။ အဲဒါကို ကျွန်တော်တို့ကိုယ်တိုင် မျက်စိနဲ့မြင်တယ်၊ ခံစားရတယ်၊ ကိုယ်တိုင်လည်း သိရတယ်။ အဲဒါကြောင့် လုပ်ဆောင်ရမယ့်အချိန်ရောက်ပြီလို့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်ဂျိုးဘိုင်ဒင်က ၂၀၂၁ ဇန္နဝါရီ ၂၈ ရက္က ပြောခဲ့ပါတယ်။
၂၀၂၁ ဇန်နဝါရီလအတွင်း ကမ်ဘာတစ်ဝှမ်းမှာဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက်တော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ မိုဇမ်ဘစ်မှာ အပူပိုင်းမုန်တိုင်း Eloise တိုက်ခတ်ခဲ့တယ်။ ဘိုလီဗီးယားနဲ့ မော်ရိုကိုမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးတယ်။ အင်ဒိုနီးရှားမှာ ငလျင်လှုပ်တယ်။ ဒီထဲ အင်ဒိုနီးရှားငလျင်ဟာ ဇန္နဝါရီ ၂၀၂၁ အတွင်း ထိခိုက်မှုအများဆုံး သဘာဝဘေးအန္တရာယ်လို့ ပြောရပါလိမ့်မယ်။ ဇန္နဝါရီ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ ၉၂ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးကာ ၃,၃၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဇန္နဝါရီ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ ဆေးရုံ ၃ ရုံနှင့် ကျန်းမာရေး အဆောက်အအုံများ၊ ဗလီ ၈ လုံး၊ ဟိုတယ် ၂ လုံး၊ တံတားတစ်စင်းနှင့် အိမ်ခြေ ၁၁၅၀ ကျော် ပျက်စီးမှုများ အပါအဝင် ကနဦး အစီရင်ခံစာများအရ စာသင်ကျောင်း ၅၉ ကျောင်းနှင့် အစ္စလာမ့်ကျောင်း ၄၀ လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ref-A year of climate crisis in by Bibi Vander Zee,
Relifeweb,
eol.jsc.nasa.gov,The Guardian

About The Author

greenness_mm

No Comments

Leave a Reply