၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ် (မတ်လ)

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ် (မတ်လ)

ကမ္ဘာပေါ်ရှိ တရိစ္ဆာန်နှင့် အပင်မျိုးစိတ် ရှစ်သန်းတွင် တစ်သန်းခန့်သည် အဓိကအားဖြင့် လူသားတို့၏ ပယောဂကြောင့် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရကြောင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုဆိုင်ရာ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ တူရကီနိုင်ငံဟာ ဥရောပသမဂ္ဂ၏ ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော၊ ထိရောက်ပြီး စိမ်းလန်းသောစီးပွားရေးဆီသို့ ဦးတည်သွားသင့်တယ်လို့ တူရကီနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့ဝင် Nikolaus Meyer-Landrut က ပြောကြားခဲ့ပါတယ်။အာဖရိက၏ အကြီးဆုံးရေချိုကန်မှာ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးရေး မစ်ရှင်ကို စတင်လိုက်ပြီလို့ ကုလသမဂ္ဂက ပြောကြားခဲ့တယ်။ မတ်လ ၉ ရက်မှာ ကင်ညာသမ္မတက အာဖရိကခေါင်းဆောင်များကို ယခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP26) မတိုင်မီ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဘုံရပ်တည်ချက်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ တိုက်တွန်းခဲ့တယ်။
နိုင်ဂျီးရီးယားဟာ ၂၀၁၆၊ ၁၇ ကတည်းက လက်တွေ့ချပြရန်ခက်ခဲတဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အေဂျင်စီတစ်ခုက ပြောကြားခဲ့တယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ကုန်မှာ မြင်တွေ့ရတဲ့ ကမ္ဘာကြီးပူနွေးလာမှု နှေးကွေးခြင်းဖြစ်စဉ်ဟာ အီသီယိုးပီးယားကုန်းမြင့်ဒေသ ငှက်ဖျားကူးစက်မှု ကျဆင်းခြင်းကို ရောင်ပြန်ဟပ်နေကြောင်း Barcelona Institute for Global Health (ISGlobal) နဲ့ University of Chicago မွ ဦးဆောင်လေ့လာမှုတစ်ခုအရ သိရပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးက ဆိုမာလီယားမွာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ရေပြတ်လပ်မှုပြဿနာကြောင့် လူပေါင်း ၈၃၀၀၀ ကျော် အိုးအိမ်များ စွန့်ခွာခဲ့ရကြောင်း မတ်လ ၁၂ ရက်က ကြေညာခဲ့တယ်။
မတ်လ ၁၃ ရက်မှာတော့ ကင်ညာ စားနပ်ရိက္ခာဖူလုံရေး ဦးဆောင်အဖွဲ့ (KFSSG) က မိုးနည်းရေရှားဒေသများမှာ လူပေါင်း ၁.၄ သန်းဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံလောက်မှု အကျပ်အတည်း (IPC အဆင့် ၃) ကြုံတွေ့နေရကြောင်း ခန့်မှန်းခဲ့ကြတယ်။ မတ် ၂၁ နေ့ကတော့ ယူဂန္ဓာရဲ့ အကျော်ကြားဆုံးပန်းခြံတစ်ခုမှာ ခြင်္သေ့ ၆ ကောင်တွေ့ရှိခဲ့ကြောင်း Uganda Wildlife Authority (UWA) က ပြောပါတယ်။ မတ္လ ၂၄ မွာတော့ ယင်းခြင်္သေ့ ၆ ကောင်ကို အဆိပ်ခတ် သတ်ဖြတ်ဖို့ကြိုးစားတဲ့ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဆာဗားနားတောများမှာ နေထိုင်တဲ့ အာဖရိကဆင်များဟာ ဆင်များမှောင်ခို သတ်ဖြတ်ခြင်းနှင့် နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းခြင်း ကြုံတွေ့ရကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) က အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့ပြီး ဧပြီလမှာကျင်းပမဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကမ္ဘာ့ခေါင်းဆောင် ၄၀ ကို ဖိတ်ကြားထားကြောင်း အိမ်ဖြူတော်က ကြေညာခဲ့တယ်။ လေထုညစ်ညမ်းမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ပေါင်းများစွာ ထိခိုက်စေခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်နဲ့ စီးပွားရေးဆုံးရှုံးမှုတွေအပြင် လေထုညစ်ညမ်းမှုနဲ့ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တွေကိုပါ ဖြစ်ပေါ်စေတာကြောင့် အနာဂတ်နေ့ရက်တွေအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်လာပါတယ်။
အမေရိကန်သမ္မတ Joe Biden ရဲ့ ထိပ်တန်းစွမ်းအင်မူဝါဒက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရေးနဲ့ လာမည့်ဆယ်စုနှစ်သုံးခုအကုန်မှာ ကာဗွန်အသားတင်ထုတ်လွှတ်မှု လုံးဝမရှိသည့်ပန်းတိုင်ကို အကောင်အထည်ဖော်ရေးအတွက် အာရုံစိုက်ထားကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။
မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကလည်း မနည်းလှပါဘူး။ အင်ဒိုနီးရှား ဂျာဗားအလယ်ပိုင်းရှိ Merapi မီးတောင်ဟာ ၁၂ နာရီအတွင်း ချော်ရည် ၈၁ ကြိမ်အထိ မှုတ်ထုတ်ခဲ့တာကြောင့် ဒေသခံတွေ ဒုက္ခရောက်ခဲ့ရတယ်။ အယ်လ်ဂျီးရီးယား၊ ဟာဝိုင်ယီ၊ ကိုလံဘီယာအနောက်ပိုင်း၊ ကြန္ဂို၊ ဩစတေးလျ နယူးဆောက်ဝေးနဲ့ ပီရူးမြောက်ပိုင်းတို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး လူပေါင်းများစွာ အသေအပျောက်တွေရှိခဲ့တယ်။ ကိုလံဘီယာရေကြီးမှာ လူ ၅၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် မတ်လအတွင်း ရေကြီးမှုတွေကြောင့် အိုးအိမ်များစွာလည်း ပျက်စီးဆုံးရှုးခဲ့ရတယ်။ လူပေါင်း ၁၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ နယူးဆောက်ဝေး ရေကြီးမှုဟာ ၁၉၇၂၁ ခုနှစ်နောက်ပိုင်း ဩစတေးလျရဲ့ အဆိုးဝါးဆုံး ရေဘေးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
နောက်ထပ် မတ်လအတွင်း ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရယ်တွေကတော့ တရုတ်နဲ့ မွန်ဂိုလီးယားမှာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး သဲမုန်တိုင်းတိုက်တယ်။ အာဂျင်တီးနားမှာ တောမီးလောင်ပြီး အိမ်ခြေ ၃၀၀ နီးပါး ပျက်စီးကာ ပြည်သူ ၁၅ ဦးဝန်းကျင် အသေအပျောက်ရှိခဲ့သလို အက်ကွေဒေါက ဆန်ဂေးမီးတောင် ပေါက်ကွဲခဲ့တယ်။ အီတလီ အီတာမီးတောင်ပေါက်ကွဲတာကလည်း မတ်လအထိ အကျိုးဆက်တွေရှိနေတုန်းပဲ ဖြစ်တယ်။ အက်ကွေဒေါ ဆန်ဂေးမီးတောင်က ထုတ်လွှတ်တဲ့ ပြာမှုန်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉ မိုင်အထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းတစ်ခုကတော့ အဖ်ားရောဂါတစ်ခုကြောင့် ဘရာဇီးတောင်ပိုင်းမှာ မျောက်များစွာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ မတ်လ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ မျောက်အကောင်ရေ ၆၄ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Ref-All Sources
photo-Credit

About The Author

greenness_mm

No Comments

Leave a Reply