၂၀၆၀မှာ ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်အောင်လုပ်မယ်လို့ ဆော်ဒီ ကတိပြု

၂၀၆၀မှာ ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်အောင်လုပ်မယ်လို့ ဆော်ဒီ ကတိပြု

ရေနံစိမ်း ထုတ်လုပ်တင်ပို့ရောင်းချတဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံရဲ့ နန်းမွေခံမင်းသား က ၂၀၆၀ ခုနှစ်မှာ တိုင်းပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ၊ စားဖိုဆောင် နဲ့ ခရီးသွားလုပ်ငန်းတွေကနေထွက်ရှိတဲ့ ကာဗွန်ထုတ်လုပ်မှုတွေကို သုညအဆင့်ဖြစ်တဲ့ အထိ လျှော့ချသွားမယ်လို့ အောက်တိုဘာ ၂၃ရက် ကဆိုလိုက်ပါတယ်။
မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ရာသီပြောင်းလဲမှုကို တားဆီးဖို့ နှစ်ရှည်စီမံကိန်း နဲ့ရည်မှန်းချက်ထားထားတယ်လို့ ကြေညာလိုက်ပါတယ်။
ဆော်ဒီဂေးဇတ်ကဖော်ပြချက်အရ မင်းသားကရုပ်ကြွင်းလောင်စာသုံး လုပ်ငန်းတွေ အားလုံးနီးပါးရပ်တန်ကသွားအောင် လုပ်မယ် ပြီးရင် အစိမ်းရောင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြန်လည်ထူထောင်မယ်လို့ ဆိုကြောင်း ဖော်ပြထားပါတယ်။
မင်းသားက အစိမ်းရောင်ဖိုရမ်မှာ ကျနော် ဒီဖိုရမ်ကနေ ကြေညာချင်တာကတော့ ဆော်ဒီအာရေဗီးယားက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ဖို့အတွက် လမ်းပြမြေပုံကို ရေးဆွဲထားပြီးပါပြီ ။ ဒီဖိုရမ်ကို နှစ်စဉ် ကျင်းပပြီး ကျနော်တို့ ရဲ့ သဘောတူညီချက်ကို ပလက်ဖောင်းတစ်ခု အနေနဲ့ အသုံးပြုပြီး လုပ်ဆောင် ကြမှာပါ။ ကျနော်တို့ ရဲ့ လုပ်ငန်းဆောင်တာ ထိရောက်မှုတိုင်းကို နှစ်စဉ်ကြေညာသွားပါမယ် လို့ ဆိုပါတယ်။
ဆော်ဒီက ဟိုက်ဒရိုဂျင်ပါဝါကို အဓိကသုံးပြီး ရုပ်ကျွင်းလောင်စာသုံးစွဲမှုကို တစ်စချင်းလျှော့ချသွားမှာပါ။
အခြားလျှပ်စစ်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်တဲ့ ဆိုလာ နဲ့ လေ အား လျှပ်စစ်ထုတ်လုပ်ငန်းတွေကို ရင်နှီးမြုပ်နှံမှု လုပ်နိုင်ဖို့ အတွက် တဆင့်ချင်းသွားမယ်လို့ ဆိုပါတယ်။
သစ်ပင် သန်း ၄၅၀ကျော်စိုက်မယ့်စီမံကိန်း ၊သစ်ပင်အရေအတွက်အဆင့်ကျနေတဲ့ မြေ ဟတ်တာ ၈သန်း ကို ပြန်လည်ပြုစုပျိုးထောင့်မယ့် စီမံကိန်း နဲ့ သမုဒ္ဒရာ ညစ်ညမ်းမှုလျှော့ချရေး စီမံကိန်းတွေကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းလုပ်ဆောင်သွားဖို့ သူက ညွှန်ကြားလိုက်ပါတယ်။
ဆော်ဒီက တစ်နှစ်ကို ကာဗွန်ထုတ်လွှတ်မှု ကို တန်ချိန် ၁၃၀ ကနေ တန်ချိန် ၂၇၈သန်း ထိရောက်အောင် တစ်ဆင့်ချင်းလျှော့ချမှာပါ။
မောင်ယဿ
REF: asianbookie
Photo: euronews

About The Author

greenness_mm

No Comments

Leave a Reply