ကုလသမဂ္ဂရဲ့ သမုဒ္ဒရာညီလာခံကတော့ ကတိစကားတွေနဲ့ ပြီးသွားပါပြီ.. ပင်လယ်ပြင်ကြီးက ပြောင်းလဲသွားတော့မှာလား..

ကုလသမဂ္ဂရဲ့ သမုဒ္ဒရာညီလာခံကတော့ ကတိစကားတွေနဲ့ ပြီးသွားပါပြီ.. ပင်လယ်ပြင်ကြီးက ပြောင်းလဲသွားတော့မှာလား..

လစ္စဘွန်းမြို့မှာ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင်လ ၁ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂက ပြုလုပ်တဲ့ ဒုတိယအကြိမ် သမုဒ္ဒရာ ညီလာခံကြီးကတော့ ပြီးစီးသွားခဲ့ပါပြီ ။
ရေအောက်မှာ ရှင်သန်ကြီးပြင်းကြတဲ့ သတ္တဝါတွေကို ကာကွယ်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံဖြိုးမှု ပန်းတိုင် အမှတ် ၁၄ ပေါ်မှာ အခြေပြုပြီး နိုင်ငံတကာ အဖွဲ့ဝင်တွေက ကတိစကားတွေ အများကြီးပေးခဲ့ပါတယ်။
အဲ့ဒိညီလာခံကို ၂၀၂၀ မှာကျင်းပဖို့အတွက် ရည်ရွယ်ခဲ့ပေမဲ့ ကိုဗစ် ၁၉ ရောဂါ ပြန်နှံ့မှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။ နိုင်ငံတကာအစိုးရတွေ ၊ အန်ဂျီအိုတွေနဲ့ အဖွဲ့အစည်းတွေက ဒီညီလာခံမှာ ကမ္ဘာ့ရေထု ထိန်းသိမ်းရေးအတွက် ရာနဲ့ချီတဲ့ အဆိုတွေ တင်သွင်းခဲ့ပါတယ် ။ ပင်လယ်ရေပြင်ကို ကာကွယ်ဖို့အတွက် နဲ့ ထိန်းသိမ်းရမယ့် ဧရိယာတွေ ချဲ့ ဖို့အတွက်လည်း ကတိစကားတွေပါဝင်ပါတယ်။
သမုဒ္ဒရာရေထုကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေတဲ့ ငါးအလွန်အကျွံ ဖမ်းဆီးမှု ၊ ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဖို့အတွက် ရန်ပုံငွေကိစ္စ နဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ ကိုပြောဖြစ်ခဲ့ပါတယ် ။ ငါးဖမ်းဧရိယာတွေမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ ပြောစကားတွေ ၊မြေပြင်မှာ ဖြစ်နေတာနဲ့ မီဒီယာတွေမှာ မြင်နေရတာတွေရဲ့ ကွဲပြားခြားနားမှုတွေကိုပါ တင်ပြပြီး အဲ့ဒါတွေကို ချိန်ညှိကြဖို့အတွက်လည်း တိုက်တွန်းသွားပါတယ် ။
ပန်းတိုင်အမှတ် ၁၄ မှာ အချက်၁၀ချက်ပါပါတယ် ။ သမုဒ္ဒရာရေထုညစ်ညမ်းမှုလျှော့ချရေး ၊ ဂေဟစနစ်ကို ကာကွယ်ရင်းနဲ့ ပြန်လည်တည်ဆောက်ရေး ၊ ရေထုအချဉ်ဓာတ် မြင့်တက်လာတာကို လျှော့ချရေး ၊ ရေရှည်တည်တန့် ခိုင်မြဲနိုင်မယ် ငါးဖမ်းလုပ်ငန်း ဖြစ်ပေါ်ရေး ၊ သန္တာကျောက်တန်းမပျက်စီးအောင် ကာကွယ်ရေးနဲ့ ရေငံသက်ရှိတွေရဲ့ ဘေးမဲ့ဒေသဖြစ်ပေါ်လာရေး ၊ အန္တရာယ်ရှိတဲ့ငါးဖမ်းလုပ်ငန်းတွေကို အဆုံးသတ်နိုင်ဖို့အတွက် လှုံ့ဆော်ရေး ၊ ရေငံသယံဇာတဖော်ထုတ်မှုက ရေရှည်အကျိုးအတွက် ရည်မှန်းပြီး စီးပွားဖြစ်တိုးထုတ်နိုင်အောင်စီမံရေး ၊ လက်တွေ့ကျတဲ့ အသိပညာဗဟုသုတ ကျယ်ပြန့်လာစေရေး သမုဒ္ဒရာကျန်းမာရေးအတွက် သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးရေး ၊ တစ်ပိုင်တစ်နိုင်ငါးဖမ်းလုပ်သားများရဲ့ လူနေမှုအဆင့်မြှင့်တင်ရေး နဲ့ နိုင်ငံတကာက ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ စည်းမျဉ်းတွေ ခိုင်ခိုင်မာမာပေါ်ထွက်လာအောင် အကောင်အထည်ဖော်ရေးတို့ပဲ ဖြစ်ပါတယ်။
မောင်ယဿ ( ဇူလိုင် ၁၀ )
ref; mongabay

About The Author

greenness_mm

No Comments

Leave a Reply