ဆိုလာပါဝါကို အိန္ဒိယက နိုင်သွားပြီလား

ဆိုလာပါဝါကို အိန္ဒိယက နိုင်သွားပြီလား

မြန်မာစာမှာ ပြဒါးသေ တစ်ဆွေ၀ ၊ သံသေတစ်ပြည် ၀ ဆိုတဲ့ စကားရှိပါတယ်။ ဆိုလိုချင်တာက ပြဒါးကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖန်တီးလာနိုင်ပြီဆိုရင် သောက် ဆေးဖော်တာတွေ သုတ်ဆေး ဖော်တာတွေ ကိုလုပ်နိုင်ပြီဖြစ်လို့ တစ်ဆွေတစ်မျိုး လုံးကို ဝအောင်တင်ကျွေးထားနိုင်တဲ့အပြင် ကိုယ်မျိုးဆက်ကိုလည်း ဆက်ပြီးကျွေးထားနိုင်တယ်လို့ ပြောချင်ပုံရပါတယ်။

အဲ့လိုပဲ သံကို ပုံစံအမျိုးမျိုး နဲ့ သွန်းလောင်း နိုင်ခဲ့ကြတဲ့ အင်္ဂလိပ်တွေ ၊ ဂျာမန်တွေ သူတို့ နိုင်ငံတွေ ကြွယ်ဝချမ်းသာအောင် လုပ်နိုင်တယ်လို့ပြောချင်ပုံရပါတယ်။ အခု အိန္ဒိယနိုင်ငံရဲ့ရထားပို့ဆောင်ရေး လုပ်ငန်းမှာ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်အား ထုတ်လုပ်မှု ဆိုလာပါဝါ စနစ်ကို အစားထိုးသုံးစွဲလိုက်ပြီလို့ သိရပါတယ်။ မနေ့က ဒေလီမက်ထရိုမီးရထားလုပ်ငန် က သူတို့ရဲ့ ရထားပိုကဆောင်ရေးကို ဆိုလာစနစ်နဲ့ ပဲ ဆက်သွားပြီး အစိမ်းရောင် ပတ်ဝန်းကျင်ကို ဖန်တီးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ၃၂၇ ကီလိုမီတာရှိတဲ့ ကွန်ယက်လမ်းပေါ်က ဘူတာ ၂၃၆ ဘူတာကို ဆိုလာပါဝါနဲ့ ပဲလည်ပတ်စေပါတယ်။ အဲ့ဒိလုပ်ငန်စဉ်ရဲ့ အကျိုးကတော့ တစ်နှစ်ကို ကာဗွန်တန်ချိန် ၆သိန်းခွဲလောက် ကမ္ဘာ့လေထုထဲကို လွှတ်ထုတ်ခြင်း သက်သာသွားစေတာပါပဲ ။ အခုဆိုရင် ရထားလုပ်ငန်းရဲ့ နမူနာဒီဇိုင်းကို ယူပြီး လေယာဉ်ကွင်းတွေ မှာ လည်း ဆိုလာပါဝါ နဲ့လည်ပတ်လို့ ရအောင် စီစဉ်နေပါတယ်။

“ အဓိကကတော့ဗာ ကျနော်တို့ ရနေတဲ့ အဆောက်အဦးနဲ့ နေရာ အကျယ်အဝန်းက နေရောင် ကောင်းကောင်း ရနေတာပါ။ ဒါကြောင့်အဆောက်အအုံတွေရဲ့ အမိုးတိုင်းကို ဆိုလာပါဝါစနစ်အဖြစ် ပြောင်းလိုက်တာပါပဲ “ လို့ နယူးဒေလီ ရထားလုပ်ငန်း အဖွဲ့ အကြီးကဲက ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆိုလာပါဝါက နေ လျှပ်စစ်ထုတ်ယူမှုက ၂၀၁၉ တုန်းကတောင် ၃၈ ဂစ်ဂါဝပ်ရှိပါတယ်။ ၂၀၂၂ မှာ ၅၄ တီကာဝပ် ထုပ်နိုင်အောင်လုပ်လုပ်ထားပါတယ်။ အဲ့ဒိနှုန်းအတိုင်း သွားမယ်ဆိုရင် အိန္ဒိယနိုင်ငံ ကမ္ဘာမှာ ဆိုလာပါဝါ အမြင့်ဆုံး ထုတ်လုပ်နိုင်တော့မယ့် နိုင်ငံဖြစ်လာမှာပါ။

မောင်ယဿ ( နိုဝင်ဘာ ၂၁ )

REF: euronews

Photo : research forecast

About The Author

greenness_mm

No Comments

Leave a Reply