ဘယ် နာမည်​‌ကျော် ဆယ်လီတွေက ကမ္ဘာကြီးကို ကယ်တင်နေကြလဲ

ဘယ် နာမည်​‌ကျော် ဆယ်လီတွေက ကမ္ဘာကြီးကို ကယ်တင်နေကြလဲ

မာဘယ်ရုပ်ရှင်ကားတွေနဲ့ ဂျိမ်းဘွန်းကားလို စုံထောက်ကားတွေ အက်ရှင်ကားတွေကို ကြည့်လိုက်ရင် စူပါမန်းကအစ အိုင်ယွန်းမန်းအလယ် ဘလက်ဝစ်ဒိုးအဆုံး မြောက်များလှစွာသော ဟီးရိုကြီးတွေက ကမ္ဘာကြီးကို အန္တရာယ်အသွယ်သွယ်ကနေ ကာကွယ်ပေးနေတာကို ကြည့်ရှု့ရမှာပါ ။ ပရိသတ်တွေကလည်းကြိုက်လွန်းလို့ အားပေးလိုက်ကြတာ ရုပ်ရှင်ကုမ္ပဏီတွေ အမြတ်အစွန်းအများကြီးရနေကြပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေပါ။
ဖော်ပြပါ ပုဂ္ဂိုလ်တွေကတော့ ကမ္ဘာကြီးကို တကယ် ကယ်တင်နေတဲ့ ဆယ်လီဟီးရိုးတွေပါ။

———————————————

လီယိုနာဒို ဒီကာပရီယို

ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောပြီး ထိထိရောက်ရောက် လှုံ့ဆော်မှုတွေလုပ်နေတဲ့ ဟောလီးဝုဒ်ကစူပါဟီးရိုးကတော့ လီယိုနာဒို ဒီကာပရီယိုပါပဲ။ ဒီကာပရိုယို ဖောင်ဒေးရှင်းကို ၁၉၉၈ ခုနှစ်မှာ တည်ထောင်ပြီး သိပ္ပံပညာဆိုင်ရာ အချက်အလက် တိုးတက်ရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ရာသီပြောင်းလဲမှုကြောင့် ထိခိုက်ခံစားနေရတဲ့ လူအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်း နဲ့ ဇီဝမျိုးကွဲတွေ လျော့ပါးမှုကို ကာကွယ်​ရေးလုပ်ငန်းတွေအတွက် လုပ်ကိုင်နေပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ အဏ္ဏဝါသက်ရှိ ကာကွယ်ရေး ၊ ရာသီပြောင်းလဲမှု သဘောတူညီချက် ၊ တိုင်းရင်းသားလူနည်းစုအခွင့်အရေးနဲ့ သိပ္ပံနည်းပညာနဲ့ သတင်းမီဒီယာ တိုးတက်ရေးအတွက် ရံပုံငွေရှာဖွေခြင်းနဲ့ လှူဒါန်းမှု ပြုခြင်းအပြင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုတွေကိုပါ လုပ်ဆောင် နေပါတယ်။


ဗြိတိသျှ နန်းမွေခံ မင်းသားဟယ်ရီ

၂၀၁၅ ခုနှစ်တုန်းက မင်းသာဟယ်ရီက အာဖရိက တောတွေထဲမှာ ဦးဂျိုဖြတ်ခံရတဲ့ ကြံ့တွေအတွက် အသက်အန္တရာယ်မဖြစ်အောင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို တိရစ္ဆာန်ဆေးကု ဆရာဝန်တွေရယ် ရိန်းဂျားတွေနဲ့ စုဖွဲ့ ပြီး ၃လကြာအောင် လုပ်ဆောင်ပြီးနောက်မှာတော့ တောရိုင်းတိရစ္ဆာန်တွေကို အကာအကွယ်ပေးဖို့ လုပ်ငန်းတွေ တိုးမြှင့်ပြီး လုပ်ဆောင်တော့တာပါပဲ ။ တစ်နှစ်အတွင်း ကြံ့ ၁၅၀၀ ဝန်းကျင် အသတ်ခံနေရတဲ့ အာဖရိကတောတွေထဲမှာ အခြားမျိုးတုန်းတော့မဲ့ သက်ရှိမျိုးကွဲတွေကိုလည်းတွေ့ခဲ့ပါတယ်။ သူကတော့ ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲတွေ မျိုးတုန်းသွားရင် ကျနော်တို့ ရဲ့ သားသမီးတွေကို အရုပ်ပဲ ရေးပြလို့ ရတော့မယ်လေ။ ကျနော်တို့ ရဲ့ ဂြိုဟ်ကို ကျနော်တို့ ကိုယ်တိုင် ကာကွယ်မှပဲ ရတော့မယ်လို့ ဆိုပါတယ်။


အယ်လင်ဒီဂျန်နရီ

ကမ္ဘာကျော် အယ်လင်ရှိုးကို လူတိုင်းနီးပါးကြည့်ဖူးကြပါတယ်။ ကမ္ဘာကျော်ဆယ်လီတွေ ထူးချွန်တဲ့ ပါရမီရှိတဲ့ သူတွေကို သူ့ရဲ့ ရှိုးပွဲကို ဖိတ်ခေါ်ပြီး ပရိသတ်ကို ဖျော်ဖြေမှုပေးနေတဲ့ အမျိုးသမီးပါ ။ သူမရဲ့ အသက် ၆၀ ပြည့်မွေးနေ့မှာ အယ်လင် ရံပုံငွေဆိုပြီး ဖောင်ဒေးရှင်း တစ်ရပ်ကို တည်ထောင်နိုင်ခဲ့ပါတယ်။
သူမက မျိုးတုန်းတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ရဝမ်ဒါနိုင်ငံက ဂေါ်ရီလာမျိုးတွေကို စောင့်ရှောက်ဖို့အတွက် ရံပုံငွေတွေကို သုံးနေပါတယ်။ ကျမတို့ကို သန့်ရှင်းလတ်ဆတ်တဲ့ လေတွေကို ထုတ်ပေးနေတဲ့ ကမ္ဘာ ့ဒုတိယအကြီးဆုံး သစ်တောကြီးကို ထိန်းသိမ်းပေးနေတာ ဂေါ်ရီလာတွေလေ ၊ ကျမတို့ သူတို့ကို ဂရုစိုက်ရမယ်လေ။ လုံးဝကို လိုအပ်ပါတယ်လို့ ဆိုပါတယ်။


မက်ဒမွန်

Jason Bourne အက်ရှင် ဇာတ်လမ်းတွဲထဲက မင်းသား မက်ဒမွန်က ပရဟိတလုပ်ငန်းကို စိတ်ဝင်စားတဲ့ ဟောလီးဝုဒ်က ဆယ်လီ တစ်ဦးပါ။။ သူက ၂၀၀၆ လောက်မှာ H2O အာဖရိက ဖောင်ဒေးရှင်းကို ဖွဲ့ပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သောက်သုံးရေ အခက်အခဲဖြစ်တဲ့ နေရာတိုင်းကို ရေရရှိရေးအတွက် လုပ်ဆောင်နေပါတယ်။ သူက သူရဲ့ ဝက်ဘ်ဆိုက်မှာ လူတွေအတွက် သောက်သုံးရေ က အရမ်းအရေးကြီးပါတယ်။ လူသားတွေရဲ့ အနာဂတ်က သန့်ရှင်းတဲ့ရေချိုရရှိနိုင်မှု နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ကျနော် စွမ်းနိုင်တဲ့အပိုင်း ကနေ ကမ္ဘာပေါ်မှာ ရေငတ်နေတဲ့ သူတွေအတွက် အဆာပြေအောင်စွမ်းဆောင်နေပါတယ် လို့ ရေးတင်ထားပါတယ်။

မောင်ယဿ- ဘာသာပြန်သည်၊
REF: people
Photo: internet

About The Author

greenness_mm

No Comments

Leave a Reply