ရာသီဥတုပြောင်းလဲလာတာနဲ့ အရင်ဆုံး ထိခိုက်ခံရမယ့် မြို့များ

ရာသီဥတုပြောင်းလဲလာတာနဲ့ အရင်ဆုံး ထိခိုက်ခံရမယ့် မြို့များ

ကမ္ဘာ ကြီး ပူနွေးလာမှု ကြောင့် ရာသီဥတုပြောင်းလဲတဲ့ အချက်တွေ ထဲမှာ အဓိကကျတဲ့ အချက်ကတော့ ပင်လယ်ရေမျက်နှာပြင် မြှင့်တက်လာခြင်းပါပဲ။ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာခြင်းက ကမ်းခြေဒေသတွေနဲ့ ကျွန်းနိုင်ငံတွေအတွက် စိုးရိမ်ရမယ့် အခြေအနေပါ။ ပင်လယ်ဆိပ်ကမ်းမြို့တွေ က စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းခဲ့တာက အရင့်အရင် ခေတ်တွေကတည်းကပါ ၊ အခုတော့ ဆိပ်ကမ်းမြို့တွေမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှု ကို ရင်ဆိုင်ရတော့မှာပါ။
လာဂိုစ်မြို့ ( နိုက်ဂျီးရီးယား )
သဘာဝဘေးအန္တရာယ် ဆိုင်ရာညွှန်ကိန်းကို မေဘယ်ခရော့ဖ် ရာသီပြောင်းလဲမှု ညွှန်ကိန်းလို့ ဆိုပါတယ်။ အဲ့ဒိညွှန်ကိန်း က ဒေသတစ်ခုမှာရှိတဲ့ လူဦးရေပေါက်ပွားနှုန်းကို အခြေပြုပြီး နှစ် ၃၀ အတွင်း အဲ့ဒိဒေသကို ဆိုးကျိူး သက်ရောက်နိုင် ပမာဏကို တွက်ချက်တာပါ။
လာဂိုစ်မြို့က နိုက်ဂျီးရီးယားမှာ လူဦးရေ ပေါက်ပွားနှုန်းအမြင့်ဆုံးနဲ့ စီးပွားရေး အဖွံ့ဖြိုးဆုံး နေရာလည်း ဖြစ်ပါတယ်။ နိုကျ၈ြီးရီးယားနိုငျငံရဲ့ GDP စုစုပေါင်းဝင်ငွေ ၃ပုံ၁ ပုံ က အဲ့ဒိမြို့ က ရတာပါ။ လမ်းပန်း ဆက်သွယ်ရေးကလည်း အစုံ ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်က လာမီဒိုဆာနူဆီ ဆိုတဲ့ဘဏ်ဥက္ကဋ္ဌ က အဲ့ဒိမြို့ ကို စတည်ခဲ့တာပါ။ မြို့ က ရုတ်ချည်းဖွံ့ဖြိုးလာသလို လူဦးရေက ထူထပ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံး မြို့ လို့ခေါ်လို့ရပါတယ်။ လက်ရှိ လူဦးရေ ၁၃သန်းကျော်ရှိပါတယ်။ နောက်နှစ် ၃၀ အတွင်း လူဦးရေ ၂၅သန်းအတွင်း ရောက်သွားမယ်လို့ မှန်းထားကြပါတယ်။
သေချာတာက အဲ့မြို့နေသူတွေ က ပြင်းထန်တဲ့အပူနဲ့ မိုးခေါင်ရေရှားးတာကို ခံရနိုင်ဖွယ်ရှိပါတယ်၊ လာဂိုစ်က ဂီနီယာ ပင်လယ်ကွေ့မှာ တည်ရှိတဲ့ အတွက်ကြောင့် ပင်လယ်ရေမြင့် တက်လာတာနဲ့ ကမ်းခြေဒေသ တစ်ခုလုံး ရေလွှမ်းမိုးသွားပြီး သေချာပေါက် မြို့ရဲ့ စီးပွားရေးကို ဖြိုဖျက်ပစ်လိုက်မှာပါ။
တကယ်တော့ လာဂိုစ်က ပင်လယ်ထဲက မြို့လိုပဲဖြစ်နေတော့ ရေမျက်နှာပြင်မြင့်တက်လာတာနဲ့ သေချာပေါက် မြို့ကြီးက ရေအောက်ရောက်ပြီးတော့ ပျောက်ကွယ်သွားမှာပါ။
တိုင်းပြည်ထဲက ဆင်းရဲတဲ့ ကျေလတ်နေပြည်သူတွေက လာဂိုစ်ကိုရွှေ့ပြောင်းလာနေကြတယ်။ လူတွေများလာလေလေ လာဂိုစ်အတွက် စိုးရိမ်စရာအခြေအနေက တိုးတိုး လာလေပါပဲ လို့ ပညာရှင်တွေက သုံးသပ်လာကြပါတယ်။
မောင်ယဿ
REF: Times
Photo : rest of the world

About The Author

greenness_mm

No Comments

Leave a Reply