ရွက်သင်္ဘောခေတ်ကို ပြန်သွားဖို့ လုပ်နေကြပြီ

ရွက်သင်္ဘောခေတ်ကို ပြန်သွားဖို့ လုပ်နေကြပြီ

ရေကြောင်းသဘောၤလုပ်ငန်း ဆိုတာ ကမ္ဘာကုန်စည် ၈၀ % လောက်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ လုပ်ငန်းပါပဲ ။ စတစ္စတာ ဆိုတဲ့ စာရင်းအင်း ကုမ္ပစီရဲ့ မှတ်တမ်းများအရ ၂၀၂၀ ခုနှစ် ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု ၁၁ % ကအဲ့ဒိကုန်တင်သဘောၤတွေ ကနေ လာတာပါ။ တိတိကျကျပြောရရင် ကမ္ဘာ့လေထုထဲကို ကာဗွန် တန်ချိန် သန်း၁၄၀ ကျော် ကို သဘောၤတွေက ထည့်ပေးနေတာပါ။ အဲ့ဒါကြောင့် ပြင်သစ် သင်္ဘောကုမ္ပဏီတစ်ခုက သူတို့ရဲ့ ကုန်တင်သင်္ဘောတွေကို ဆီစားသက်သာအောင် စွန်ကြီးတွေလုပ်ပြီး သင်္ဘောကိုဆွဲခိုင်းဖို့ စတင်စမ်းသက်နေပါတယ်။

အဲယားဘတ်စ် လေယာဉ်ကုမ္ပဏီက အင်ဂျင်နီးယာတွေကိုခေါ်ပြီး ကုန်တင်သင်္ဘောကြီး တစ်စင်းလုံး ကို ဆွဲနိုင်တဲ့ စွန်တစ်ခုက ဘယ်လောက်ပမာဏ ရှိရမလဲဆိုတာကို အရင်ဆုံးစမ်းသက်ခဲ့ပါတယ်။ စမ်းသက်ချက်အရ စတုရန်းမီတာ ၁၀၀၀ရှိတဲ့ စွန်တစ်ခုက တန်ချိန် ၉၀ ကို ဆွဲနိုင်တာသွားတွေ့ရပါတယ်။ အဲ့လောက်ပမာဏနဲ့ ဆိုရင် လက်ရှိ ကုန်တင်သင်္ဘောတွေကနေ ထုတ်လွှတ်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၄၀ % ကျော် လျှော့ချနိုင်မှာပါ။

တစ်နှစ်ကို ကုန်တင်သင်္ဘောတွေက ထုတ်နေတဲ့ ကာဗွန် တန်ချိန် သန်း ၁၄၀ ကို သန်း ၉၀ လောက်ထိလျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ရေကြောင်း အင်ဂျင်နီယာတွေနဲ့ အသေးစိတ်တွက်ချက်မှုတွေ မလုပ်သေးရပေမဲ့ အဲ့ဒိစီမံကိန်းကိုတော့ အသက်သွင်း လိုက်ပါပြီ။ ၂၀၃၀ မှာ စွန်ဆွဲ ကုန်တင်သင်္ဘောတွေ ဖြစ်လာနိုင်တော့မှာပါ။ အတ္တလန်တစ် သမုဒ္ဒယာထဲမှာ အမေရိကား နဲ့ ဥရောပကို စွန်ဆွဲသင်္ဘောတွေ နဲ့ ကုန်ကူးခိုင်း တာကို မြင်ရတော့မှာပါ။

 

မောင်ယဿ

REF: euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply