အင်းဆက်ကောင်ရေ ကျဆင်းလာလို့ ဝတ်မှုံကူးဖို့အတွက် အခက်အခဲဖြစ်လာ

အင်းဆက်ကောင်ရေ ကျဆင်းလာလို့ ဝတ်မှုံကူးဖို့အတွက် အခက်အခဲဖြစ်လာ

               ဒီအပတ်ထုတ် Science Advances ဂျာနယ်မှာ ပါတဲ့ ဆောင်ပါးတစ်ပုဒ်အရ ကမာ္ဘ့အပူပိုင်း ဒေသတွေမှာ ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေရဲ့ ကောင်ရေ ကျဆင်းလာတဲ့ အတွက် ကော်ဖီလိုမျိုးစားသောက်ကုန် လုပ်ငန်းတွေ ထိခိုက်မှု ၂ ဆမက ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးထားတာကို သိရပါတယ်။
              ရာသီဥတုပြောင်းလဲမှုနဲ့ ကျက်စားရာဒေသဆုံးရှုံးမှုတွေကြောင့် ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေဟာ အပူပိုင်းဒေသတွေမှာ သိသိသာသာကျဆင်းနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ တရုတ် ၊ အိန္ဒိယ ၊ ဘရာဇီး ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နိုင်ငံ နဲ့ အာဖရိက ဆာဟာရ ဒေသတွေမှာ အင်းဆက်တွေရဲ့ စားကျက်ဆုံးရှုံးမှု အကြီးအကျယ် ဖြစ်ပွားနေတာကို တွေ့ရပါတယ် ။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်မြင့်တက်လာသဖြင့် အပွင့်ဆောင်ပင်တွေက အရွယ်အစားသေးငယ်လာက ဝတ်မှုံကူးပေးမယ့် အင်းဆက်တွေအတွက် လုံလောက်သော ဝတ်ရည်တွေကိုမရနိုင် တဲ့အတွက်ကြောင့်လည်း အင်းဆက်တွေက ရွှေ့ပြောင်းမှုတွေ ဖြစ်လာနေတယ်လို့ လည်း ဆိုပါတယ်။
               သုတေသနရလဒ်တွေအရ ဝတ်မှုံကူးပေးတဲ့ အင်းဆက်မျိုးစိတ်ထောင်ကျော်မှာ ၆၁ ရာခိုင်နှုန်းက အပူပိုင်း ဒေသတွေကို စွန့်ခွာသွားကြပါတယ် သိရပါတယ်။ ပျား ၊ ယင် နဲ့ ဖလမ်ကောင်တွေ အတွက် ပိုမိုဆိုးဝါးတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာသီးနှံရဲ့ ၃၅ ရာခိုင်နှုန်းနှင့် အပွင့်ဆောင်အပင်များရဲ့ လေးပုံသုံးပုံခန့်သည် မျိုးပွားရန်အတွက် အင်းဆက်နှင့် အခြားတိရစ္ဆာန်ဝတ်မှုန်ကူးစက်များအပေါ်တွင် မှီခိုနေရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနကဆိုပါတယ် ။
လေ့လာမှုအရ အဓိက ထိခိုက်နိုင်တဲ့သီးနှံတွေမှာ ကိုကိုးပင်နဲ့ သရက်ပင်တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒိအပင်တွေက ဝတ်မှုံကူးဖို့အတွက်ကို အင်းဆက်တွေကို အများကြီး မှီခိုနေရတဲ့အတွက်ကြောင့်ပါပဲ ။ အဲ့ဒိဖြစ်စဉ်က ကော်ဖီစျေးကွက်နဲ့ ချောကလက်စျေးကွက် ကိုထိခိုက်လာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကမာ္ဘ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ အပူပိုင်းဒေသအတွင်းမှာ ရှိတဲ့ ဝတ်မှုံကူး အင်းဆက်တွေရဲ့ အပူဒဏ် ခံနိုင်ရည်က အမြင့်ဆုံးကိုရောက်နေပြီး သမပိုင်း ဒေသက အင်းဆက်တွေအတွက်ကတော့ ပိုမိုပြီး အခြေအနေ ကောင်းလာပါတယ်လို့ ဆိုပါတယ်။
              သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဝတ်မှုံကူးတဲ့ အင်းဆက်တွေက ဝတ်မှုံတွေကို သယ်ဖို့အတွက် အမွေးအမျှင်တွေ ရှိရပါတယ်။ လက်ရှိ ကမာ္ဘကြီး ပိုမိုပူနွေးလာတဲ့အတွက်ကြောင့် အဲ့ဒိအင်းဆက်တွေက နေ့ခင်းဖက်ကြီး ကုတ်အင်္ကျီ အထူကြီး ဝတ်ထား ရတဲ့ သူနဲ့တူနေပါတယ်လို့ ဆိုလိုက်ပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply