သဘာ၀အခြေပြု ဖြေရှင်းချက် ( Nature Base Solution) ဆိုတာ ဘာလဲ

သဘာ၀အခြေပြု ဖြေရှင်းချက် ( Nature Base Solution) ဆိုတာ ဘာလဲ

(ဒီ Nature Base Solution ဆိုတာ ကမ္ဘာမှာတော့ လူပြောသူပြောများနေတဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။
ဒါဟာ သိထားသင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်သလို ဆက်ပြီး လေ့လာဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဖြစ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်)
သဘာဝအခြေပြုဖြေရှင်းချက်ဆိုတဲ့ဝေါ်ဟာရ ဆိုတာ လူအဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ အသွင်အပြင်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသုံးပြုခြင်းပါပဲ။
အဲ့ဒိစိန်ခေါ်မှုတွေမှာ ရာသီဥတုဖောက်ပြန်မှု ၊ သောက်သုံးရေလုံခြုံမှု ၊ရေထုညစ်ညမ်းမှု ၊ အစားအစာလုံခြုံမှု ၊ လူသားကျန်းမာရေး ၊ ဇီဝမျိုးကွဲဆုံးရှုံးမှု ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစီမံမှု အစရှိသည်တို့ ပါဝင်ပါတယ်။
သဘာဝအခြေပြုဖြေရှင်းချက် ( NBS) နဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်ရဲ့ ဖွင့်ဆိုချက်မှာ၎င်းဖြေရှင်းချက်က ကုန်ကျစရိတ်သက်သာစွာနဲ့ အလိုအလျောက်ဖြေရှင်းပြီးသားဖြစ်တဲ့ သဘာဝက လှုံဆော်ပြီးထောက်ပံ့ ပေးထားတဲ့ အနေအထားတစ်ရပ်က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝကို ထောက်ကန်ပေးတဲ့ ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး လူမှုရေးနဲ့စီးပွားရေးကို အကျိုးဖြစ်ထွန်းစေကာ ခံနိုင်ရည်အားကို တည်ဆောက်ပေးခြင်း ဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
အဲ့ဒိ ဖြေရှင်းချက်တွေက စနစ်ကျတဲ့ရောပြွမ်းမှုတွေနဲ့ သဘာဝရင်းမြစ်တွေကိုအကျိုးရှိအောင်လုပ်ပေးနိုင်တဲ့အပြင် ကုန်မြေ နဲ့ပင်လယ်ပြင်တွေထဲကို ဝင်ရောက်လာတဲ့ မြို့ပြစီမံကိန်းတွေကို သဘာ၀နဲ့ သဘာဝသွင်ပြင်လက္ခဏာမဆုံးရှုံးစေဘဲ ပိုပိုပြီး ဖြစ်ထွန်းလာစေမှုကို ယူဆောင်လာနိုင်ပါတယ်။
(NBS) က ဇီဝမျိုးကွဲတွေကို ပိုမို အထောက်အပံ့ဖြစ်စေတဲ့အပြင် ဂေဟစနစ်ဝန်ဆောင်မှုကို များစွာ ပံ့ပိုးမှု ဖြစ်စေပါတယ်။ ဒါ့အပြင် ကျန်းမာရေး ၊ ခံနိုင်ရည်ရှိမှုနဲ့ ကွဲပြားတဲ့ဂေဟစနစ်များ ( သဘာ၀ ၊ စီမံအုပ်ချုပ်မှု နဲ့ အသစ်ဖန်တီးမှု ) တွေကလူ့အဖွဲ့အစည်းနဲ့ ဇီဝမျိုးကွဲ အလုံးစုံကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဥရောပ သမဂ္ဂကတော့ ၂၀၂၀ ကစပြီး NBS အတွက်ရန်ပုံငွေတစ်ရပ် တည်ထောင်ပြီး စီမံကိန်းတွေနဲ့ မူဘောင်တွေ ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။
ဥပမာအားဖြင့် ဒီရေတောတွေ ပြန်လည်ပြုစုပျိုးထောင်ခြင်းနဲ့ ကမ်းခြေနေလူ့အဖွဲ့အစည်းကြား ဟန်ချက်ညီမှု တွဲဖက်နိုင်ရန်အတွက်လုပ်ဆောင်ပေးတဲ့ လုပ်ငန်းစဉ်တွေပါပဲ။ အဲ့ဒိလုပ်ငန်းစဉ်မှာ ဒီရေတောတွေက ကမ်းခြေနေလူ့အဖွဲ့အစည်းအတွက် ရေလွှမ်းမိုးမှု ၊ လေနဲ့လှိုင်းလုံးတွေကြောင့်ဖြစ်တဲ့ သဘာ၀ ဘေးအန္တရာယ်တွေ အကာအကွယ်ဖြစ်စေတဲ့ အကျိုးကျေးဇူး ဖြစ်ထွန်းလာစေမှာပါ။
မောင်ယဿ
REF:Wiki

About The Author

greenness_mm

No Comments

Leave a Reply