ရာသီဥတုပြောင်းလဲမှုမှာ အပူလှိုင်းကျချိန် ပိုကြာတာလည်း ပါနေတယ်လို့ဆို

ရာသီဥတုပြောင်းလဲမှုမှာ အပူလှိုင်းကျချိန် ပိုကြာတာလည်း ပါနေတယ်လို့ဆို

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေတဲ့အထဲမှာ အပူလှိုင်းကျရောက်မှု အချိန်တွေ က ပိုပိုပြီးကြာလာတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုလာပါတယ် ။
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ဧရာမအပူလှိုင်းများ ရွေ့လျားမှုနှေးကွေးသွားစေပြီး ကြီးမားသော ဧရိယာများထက် အပူချိန်ပိုမိုမြင့်မားလာကာ လူများကို အချိန်ပိုကြာအောင် မီးဖုတ်ပေးနေသလို ဖြစ်နေကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။
၁၉၇၉ ကတည်းက ကမ္ဘာလုံးဆိုင်ရာ အပူလှိုင်းများရဲ့ ရွှေ့လျားမှုက ၂၀ ရာခိုင်နှုန်း ပိုမိုနှေးကွေးလာပြီး လူများ အပူကို ပိုမိုကြာရှည်စွာ ခံစားရလေ့ရှိလာပါတယ်။ အဲ့ဒါက ၆၇ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိကြောင်း Friday’s Science Advances ရဲ့ လေ့လာမှုအရ သိရပါတယ် ။ အပူလှိုင်းများတွင် အမြင့်ဆုံးအပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကထက် ပိုမိုပူနွေးလာပြီး အပူအမိုးခုံးအောက်ရှိ ဧရိယာသည် ပိုမိုကြီးမားလာတယ် ဆိုတာကို လည်း တွေ့ရှိခဲ့ပါတယ် ။
Utah State University မှ ရာသီဥတု သိပ္ပံပညာရှင် Wei Zhang နှင့် Princeton University မှ Gabriel Lau တို့ ပူးပေါင်းရေးသားထားတဲ့ အဲ့ဒိအစီရင်ခံစာတွင် အပူရှိန်မြင့်မားမှု မည်မျှကြာရှည်ပြီး တိုက်ကြီးများကို ဖြတ်သန်းသွားလာပုံတို့ကိုလည်း အလေးပေးဖော်ပြထားပါတယ် ။
၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း ကမ္ဘာ့အပူလှိုင်းသည် ပျမ်းမျှအားဖြင့် ရှစ်ရက်ခန့်ကြာနိုင်သော်လည်း ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း ၁၂ ရက်အထိ ကြာမြင့်မယ်လို့ လေ့လာမှုကဆိုပါတယ် ။ အထူးသဖြင့် ယူရေးရှားမှာ အပူလှိုင်းဒဏ်ကို ပိုမိုခံရကြောင်း နဲ့ အာဖရိကတိုက်တွင် အပူလှိုင်းအများစု နှေးကွေးခဲ့ပြီး မြောက်အမေရိကနှင့် ဩစတြေးလျတို့တွင် အပူချိန်နှင့် ဧရိယာကို တိုင်းတာသည့် စုစုပေါင်းပြင်းအားမှာ အကြီးမားဆုံး တိုးမြင့်လာတာကို တွေ့ရပါတယ် ။
အဆိုပါ ပြောင်းလဲမှုသည် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ လောင်ကျွမ်းခြင်းမှ ထွက်လာသော အပူငွေ့ထုတ်လွှတ်မှု ကြောင့်ဖြစ်ကြောင်း ကို ကွန်ပျူတာ သရုပ်ဖော်မှုနဲ့ ပြသခဲ့ပါတယ်။ အပူလှိုင်းများကို ပြန့်ပွားစေသော ရာသီဥတုပုံစံများ ပြောင်းလဲမှုများနဲ့ ဂျက်လေစီးကြောင်းကဲ့သို့ ရာသီဥတုစနစ်များ တစ်လျှောက် ရွေ့လျားနေသော လေထုလှိုင်းများသည် အားပျော့သွားသောကြောင့် အပူလှိုင်းများ အနောက်မှ အရှေ့သို့ လျင်မြန်စွာ မရွေ့လျားနိုင်တော့သဖြင့် အပူလှိုင်းကျချိန်ကြာသွားကြောင်း ၊ လွန်ခဲ့သော နှစ် ၅၀ လောက်ကနေ စပြီး အဲ့ဒိ ဖြစ်စဉ်က နှစ်စဉ်နှစ်တိုင်း တိုးတက်ဖြစ်ပေါ်နေကြောင်း တို့ကို ဖော်ပြသွားပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply