နွေအလွမ်း
ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မသတိရ မိနေမြဲ ဖြစ် ပါတယ်။ အထူးသဖြင့် သည်နှစ်မှာနွေဦးကစောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်းဖြစ်နိုင် ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသော ရနံ့မပြင်း မစူးသေးသော်လည်း ကျွန်မ၏အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့လာ နေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်းဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှဖုန်ငွေ့တွေ တောမီးကြီး လောင်သလို အခိုးတွေထသွားတတ်သည်ကို ကျွန်ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနားသစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။ ကျွန်မငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသမျှ နွေကိုရောက်တိုင်းအတိုးချကာ ဆော့ကစားခဲ့သည့် နွေဦးကျောင်းပိတ်ချိန်ဘဝတွေကို […]