တောင်ပြာကြားမှ မလေးငယ်

တောင်ပြာကြားမှ မလေးငယ်

ငှက်ကလေးများရဲ့ တီတီတာတာ နှုတ်ခွန်းဆက်သံက မနက်ခင်းတစ်ခုလုံးကို လတ်ဆတ်သင်းပြန့်စေတယ်။ တောရိပ်တောင်ရိပ်တွေကြား စိမ့်ဝင်စီးမျောနေတဲ့ဆောင်းက ဆောင်းပီပီသသ။ ခန္ဓာကိုယ်ပေါ် အုပ်မိုးထားတဲ့ တရုတ်ဂွမ်းစောင် အထပ်ထပ်ကိုဖောက်ဝင်ပြီး အေအးဓာတ်က အသွေအသားတွေကို နမ်းရှိုက်လို့။ ခဲကပ်ကပ်အအေး အအေးဓာတ်ကိုအံတုပြီး ဂွမ်းစောင်တွေ အောက်က ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်လိုက်တယ်။ လေပြည်ရနံ့ကင်းတဲ့ မနက်မှာ မြူခိုးရနံ့တွေဟာ ကျွန်တော့်ဆီ ပြေးဝင်လာလေရဲ့။

အိမ်တံခါးကိုဖွင့်။ အိမ်ငယ်လေးပေါ်ကနေ ခြံထဲဆင်းလိုက်တော့ ပြာပုံဘေးမှာ ကွေးကွေးလေးခွေနေတဲ့ ခွေးပေါက်စတစ်ကောင်က ကျွန်တော့်ဆီပြေးလာပြီး လျှာနဲ့လျက် တိုးဝှေ့နှုတ်တယ်။ နှင်းမှုန်မြူခိုးတွေကြားမှာ အရွက်မပါတဲ့ သစ်ပင်အကိုင်းအခက်တွေက အဝတ်အစားမကပ်တဲ့ လက်တံရှည်တစ္ဆေတွေလို ကျွန်တော့်ကို ခြောက်လှန့်နေကြတယ်။ နေရဲ့အလင်းရောင်ကို ပိတ်ဆို့ထားတဲ့ ဖွေး
ဖွေးလှုပ်မြူခိုးတွေအောက် ကျွန်တော် အသက်ရှူကျပ်နေတာ အမှန်ပဲ။ ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ ရှစ်ချက်ကြားရသည်အထိ မနက်ခင်းနေဟာ ကျွန်တော်နဲ့တောင်တန်းများရဲ့အဝေးမှာ ရှိနေတုန်းပဲ။ လေးဖက်လေးတန် တောင်နံရံကြီးတွေရဲ့ကြားမှာ ကျွန်တော် မလေးရဲ့အသံကို ကြားရမလား နားစွင့်မိတယ်။ မြူတွေထူပိတ်နေတဲ့ လယ်ကွင်းတွေထဲ ကျွန်တော် မေလးကို လိုက်ရှာကြည့်တယ်။ ကျွန်တော့်အမြင်အာရုံဟာ ဆီးနှင်းတွေနဲ့ လောင်မြိုက်နေတယ်။ တောင်နံရံတွေကြားက မလေးတို့ရွာလေးကလည်း ဆီးနှင်းတွေနဲ့ လောင်မြိုက်နေတာပါပဲလေ။

ကျွန်တော် မေလးကို အော်ခေါ်ကြည့်တယ်။ လေးဖက်လေးတန်မှ ပဲ့တင်သံများသာ ကျွန်တော်ဆီ ပြန်ရောက်လာတယ်။ ကျွန်တော့်စိတ်က ရွာအပြင် စမ်းချောင်းလေးဆီရောက်သွားတယ်။ မနေ့က ညနေပိုင်း နေဝင်ဖျိုးဖျအချိန်မှာ မလေးက ချောင်းထဲမှာ ယင်းထောင်တယ်။ ကျွန်တော်က ငါး ဘယ်နှကောင်ရမှာလဲလို့ မေးတော့ မလေးက
“ဘယ်နှစ်ကောင်ရမယ်တော့ မသိဘူး။ တစ်နပ်စားရရင်ပဲ တော်ပါပြီဗျာ”တဲ့။ ကြည်လင်သန့်ရှင်းနေတဲ့ စမ်းချောင်းရေထဲမှာ ငါးဖန်း၊ ငါးအူတက်၊ သလဲတိုး။ ငါးသေးသေးလေးတွေကို ကျွန်တော်မြင်ရတယ်။
“ချောင်းထဲမှာ ကြီးတဲ့ငါးတွေက မရှိသလောက်ပဲဗျ။ ဘတ္ထရီနဲ့ ရှော့တိုက်ပြီး ဖမ်းကြတယ်လေ။ အခု ချောင်းထဲမှာ ငါးတွေတောင် အရင်လောက်မပေါတော့ဘူး”
ဟုတ်တာပေါ့။ မလေးပြောတာ ဟုတ်တာပေါ့။ မင်းပြောသလို တစ်နပ်စားရရင်ပဲ မဆိုးပါဘူးလေ။ ဒီထက် တို့ဘာတွေမျှော်လင့်ရမှာလဲ မေလးရယ်။
မနေ့က ညနေပိုင်း နေဝင်ဖျိုးဖျချိန်မှာ မေလးက ချောင်းထဲမှာ ယင်းထောင်တယ်၊ ကျွန်တော် မလေးကိုငေးကြည့်နေခဲ့တယ်။ ညဦးပိုင်းကျ
ရွာရဲ့တစ်ခုတည်းသော ဗွီဒီယိုရုံမှာ အဖြူအမည်း ရုပ်ဝတ္ထုပစ္စည်းတွေ အဖြူအမည်း လူသားတွေကိုကြည့်ပြီး မလေးတစ်ယောက် မျက်ရည်ကျလိုက် ရယ်မောလိုက် ဖြစ်နေတာကို ကျွန်တော် ငေးကြည့်နေခဲ့မိပြန်တယ်။
****************************

ကျွန်တော် လယ်ကွင်းတွေကိုဖြတ်ကျော် လယ်ကန်သင်းရိုးတစ်ခုပေါ် မတ်တတ်ရပ်ပြီး အရပ်လေးမျက်နှာမှ တောင်တန်းတွေကို ရှာဖွေကြည့်တော့ မြူခိုးနှင်းမှုန်ဖွေးဖွေးကြား တောင်တန်းပြာတွေဟာ ပျောက်ကွယ်နေကြရဲ့။ နေရောင်ကတော့ ကမ္ဘာမြေကို နမ်းရှိုက်ဖို့ ခုချိန်ထိအောင် ရောက်မလာသေးပေ။ လယ်ကွင်းပြင်အစပ်က စိမ်းမြမြ မြေကပ်မြက်ပင်လေးတွေဟာ နှင်းရည်စက်တွေနဲ့ ရွှဲရွှဲစိုနေကြတယ်။ ဖိနပ်ကိုချွတ်ပြီး မြက်ပင်လေးများပေါ် ဖွဖွနင်း လမ်းလျှောက်လိုက်တယ် မဟာပထဝီရဲ့ အနွေးဓာတ်က ကိုယ်ခန္ဓာအနှံ့အပြားကို လွှမ်းခြုံပြီး သွေးကြောများအတွင်း စီးဝင်သွားကြတယ်။ သေးသွယ်ချိုမြသော သီချင်းဆိုသံ ကြားရတယ်။ သီချင်းသံဟာ ကျွန်တော့်ဆီ ညင်းသွဲ့ သာယာစြာ ရောက်လာတယ်။ မြူတွေနဲ့ပိန်းပိတ်နေတဲ့ မနက်မှာ သီချင်းသံဟာ ကျွန်တော့်အတွက် သန့်ရှင်းလတ်ဆတ်သော အလင်းတန်းပဲ။
“မလေးရေ…. မလေးရေ. . . . မလေးရေ ..”
မေလးကို အော်ဟစ်ခေါ်လိုက်မိတယ်။ အန္ဓတွေရောစွက်ထားတဲ့ မြူတုက ကျွန်တော့်အသံကို သဲ့ယူသွားပြန်တယ်။ နေရောင်ကို မမြင်ရသေးဘူး။ အလင်းကို မတွေ့ ရေသးဘူး။ နေရဲ့အလင်းဟာ မြူနှင်းတွေရဲ့ အကျဉ်းချထားခြင်းကို ခံနေရတယ်။ နေရောင်မလင်းတဲ့၊ နေ့လားမမြောက်သေးတဲ့ နေ့အတွက် ကျွန်တော့်အံတွေ တိုဝင်လာခဲ့တယ်။ အခုချိန်ထိ နေ့ပီပီသသမဖြစ်သေးတဲ့နေ့မှာ ဆီးနှင်းထုကြီးကို ငေးမောရင်း ကျွန်တော့်တစ်ကိုယ်လုံး ချွေးစတွေ စိမ့်စိမ့်ယိုလာတယ်။
သဘာဝတရားအလိုအရ ခ်စ္စရာအတိ လှလှပပရစ်သီဝေ့ဆိုင်းနေတတ် တဲ့ မြူးခိုးဆီးနှင်းတွေကို ကျွန်တော် ချစ်တယ်။ ဒီမြူခိုးဆီးနှင်းတွကတော့ အရာရာကို မှိုင်းတိုက်ချုပ်ချယ်ထားတယ်လို့ ကျွန်တော့်အာရုံခြောက်ပါးစလုံးက ခံစားနေရတယ်။ မြူနှင်းတွေထဲမှာ သမားရိုးကျအာရုံနဲ့ သိမြင်ထိတွေ့လို့မရတဲ့ အဆိပ် ငွေ့တွေများ ပါနေမလား။ ကျွန်တော် စီးကရက္တစ္လိပ္ကို ထုတ်တယ်။ မီးညှိဖွာရှိုက်တယ်။ စီးကရက်ငွေ့တွေကို မှုတ်ထုတ်လိုက်တယ်။ ပါးစပ်ထဲက မှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေဟာ မြူမှုန်တွေကြားပြေးဝင်ပျောက်ကွယ်သွားတယ်။

“သဘာဝကို ချစ်တယ် ချစ်တယ်နဲ့ မင်းက အစိမ်းရောင်လေကို စီးကရက်ငွေ့တွေနဲ့ သတ်ဖြတ်နေတာပဲ”
သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားက ဆိုင်းမဆင့်ဗုံမဆင့်ကျွန်တော့်ဆီ ပြန်လည်ပြေးဝင်လာတယ်။ ကျွန်တော့်ရဲ့ သိစိတ်ကစီးကရက်ကိုမီးသတ် အဝေးတစ်နေရာဆီ တောက်ထုတ်လိုက်ပြီး မသိစိတ္က စီးကရက္ကို ပါးစပ်မှာတေ့လို့ ဆက်လက်ဖွာရှိုက်
နေမိပြန်တယ်။ လယ်ကွင်းထဲမှာကောက်ရိတ်နေတဲ့ မလေးကတော့ သီချင်းတအေးအေးနဲ့ မြူနှင်းထုကြီးကို အံတုလို့။ ကျွန်တော် လယ်ကွင်းထဲဆင်းပြီး မလေးဆီလာခဲ့တယ်။ နောက် မလေးရဲ့မျက်နှာပေါ်က ချွေးစလေးတွေကို အသာအယာသုတ်ပေးလိုက်
တယ်။ မလေးရဲ့ မျက်ဝန်းအစုံဟာ ဖြူစင်ရှင်းသန့်စွာ ဝင်းဝင်းပပ လင်းရှင်းလို့။
” တောင်ယာလယ်လုပ်ဘဝမှာ ရာသီဥတုဆိုးတာကို သိပ်ညည်းနေလို့ မရဘူးဗျ။ အဆင်ပြေအောင် ဖြစ်သလောက်တော့ ကြိုးစားရမှာပဲ။ တစ်ဝမ်းတစ်ခါးလှဖို့ ရွှံ့ပေရတယ်။ ချွေးထွက်ရတယ်။ လက်သည်းပါးရတယ်။ အသားမာတက်ရတယ်၊ အခု စပါးတွေကို လက်စသတ်အောင် ရိတ်သိမ်းနေရတယ်။ မိုးက အစိုးရတာ မဟုတ္ဘူး။ ဆောင်းတွင်းကြီးလည်း သူရွာချင် ရွာချလိုက်တာပဲ။ လွန်ခဲ့တဲ့ငါးရက်
လောက်က ရွာတဲ့မိုးဆို ရိတ်ပြီးသား ကောက်နှံတွေ ကုန္လုနီးပါး ဖျက်ဆီးပစ်တာရယ်”
ကျွန်တော် မေလးကို ကောက်ရိတ်ကူရန် ကြိုးစားတယ်။ မလေးက ကျွန်တော့်ကို ကြည့်ပြီး ရယ်တယ်။ကျွန်တော့်လက်ထဲက တံစဉ်ကိုယူပြီး “အေးအေးဆေးဆေး စမ်းချောင်းဘေးမှာပဲ သွားထိုင်နေစမ်းပါဗျာတဲ့။ တလွင်လွင်စီးဆင်းနေတဲ့ စမ်းချောင်းရေစီးသံက နားဝင်ပီယံရှိလှတယ်။ စမ်းချောင်းရေက ကြည်လင်တောက်ပနေတယ်။ ရွာကို ပတ်ခွေစီးဆင်းနေတဲ့ စမ်းချောင်းကို ငေးမောရင်း ကျွန်တော့် အတွေးများကလည်း အဆုံးအစမဲ့ ပတ်ခွေစီးဆင်းသွားတယ်။ ငါးဖမ်းသူတွေ။ မျှစ်ချိုးသူတွေ။ ဝါးခုတ်သူတွေ။ တောင်ယာလုပ်သူတွေကိုဖြတ်ပြီး ပတ်ခွေစီးဆင်းသွားတယ်။

“ဒီချောင်းရဲ့နာမည်က ကျီးချောင်းတဲ့။ ကျုပ်တို့အဘိုးပြောတာတော့ ဟိုးတောင်ပေါ်က ကျီးပါးစပ်နဲ့တူတဲ့ ကျောက်တုံးတွေကြားက စီးဆင်းလာတာတဲ့”
ကျွန်တော် မေလး လက်ညှိုးညွှန်ရာအရပ်ဆီ လှမ်းကြည့်ပေမဲ့ တောင်တန်းတွေကို မမြင်ရဘူး။ မြူကလည်း မကွဲသေးဘူး။ နေကလည်း မသာသေးဘူး။ ကျွန်တော့်ရဲ့ရင်ထဲမှာတော့ ညိုစိမ့်ရှင်းသန့်နေတဲ့ မလေးရဲ့မျက်နှာလေးကသာ သာထွန်းနေတယ်။ မျက်နှာပေါ်မှာ
ရွှံ့စေးများနဲ့ ချွေးသီးချွေးပေါက်လေးများ ဥနေခြင်းက မလေးရဲ့ဘဝ အစစ်အမှန်တဲ့လား။ ဘဝမှာ စိတ်လေးလှ၊ ရုပ်လေးလှတာကလွဲလို့ ဘာတစ်ခုမှ လှလှပပ မဖြစ်ခဲ့တဲ့ မလေးရယ်။ မင်းကို ငါတန်ဖိုးထားပါတယ်။ လှည်းကြုံရှိတဲ့အခါ လေယာဉ်တစ်စင်းလောက် ထည့်ပေးလိုက်ပါဆိုတဲ့ မင်းရဲ့အမှာစကားကို မမေ့ရလေအောင် မှတ်သားထားပါ့မယ်ကွယ်။
***************************

“ဒီကေနဆို အစ်ကိုသွားမယ့်ရွာကို ဆယ့်ငါးမိုင်နီးနီး သွားရဖို့ရယ်။ ကားလမ်းပေါက်တယ်ဆိုပေမဲ့ ကတ္တရာလမ်း၊ ကျောက်ခင်းလမ်း၊ မဟုတ်ဘူး၊ မြေသားလမ်း။ လှည်းဘီးစွတ်ကြောင်းအတိုင်း လိုက်ရတဲ့လမ်းရယ်။ ကားဆိုတာလည်း ထော်လာဂျီလောက် သွားလို့ရတာဗျ။ ဒါတောင် မိုးလေကင်းတဲ့ နွေရောသီလောက်ပဲရတာ။ မိုးရွာလို့ကတော့ ထော်လာဂျီမပြောနဲ့ လှည်းတောင် သွားလို့ရတာ မဟုတ်ဘူးရယ်။ မတတ်သာလို့ သွားရမယ်ဆိုလည်း တောနင်းလျှောက်ရဖို့ပဲ”
သူ့အိမ်မှာ မိုးကင်းစင်သွားသည်အထိနေပြီး မိုးလင်းလို့ မြေသားတွေမာခါမှ လှည်းဆင်ပြီး လိုက်ပို့ပါ့မယ်ဆိုတဲ့ ပင်ဦးမှမိတ်ဆွေကို ကျေးဇူးတင်ပါရဲ့။ တောင်တွေ တစ်တောင်ပြီး တစ်တောင်တက်။ ချောင်းတွေကို အခါခါဖြတ်။ တောင်ခါးပန်းကိုတွေကို အကြိမ်ကြိမ်ပတ်။ ဒီလို မင်းတို့ရွာကို ရောက်လာခဲ့တာပါ မလေးရယ်။
ရှိုက်သံသဲ့သဲ့ ကြားရတယ်။ ဘယ်ကလာတဲ့ ရှိုက်သံပါလိမ့်၊ ဘယ်သူ့ ရှိုက်သံပါလိမ့်။ ကျွန်တော့်ရဲ့ ခြေထောက်အစုံက ရွိုက်သံလာရာဆီ။ မေလးဟာ ပခုံးလေးတွေ သိမ့်သိမ့်တုန်ခါ ငိုကြွေးလို့။ မလေးရဲ့ရှေ့မှာတော့ လူတစ်ယောက်က လဲလျောင်းငြိမ်သက်နေတယ်။ ဘယ်လိုများဖြစ်ကြတာလဲ မလေးရယ်။
“ဝါးခုတ်တာ။ ခြေဖဝါးကို ဝါးစိုက်တာ ထုတ်ချင်းခတ်သွားတယ်။ ကယ်ပါဦးဗျာ။ ခု စကားလည်း မပြောတော့ဘူး”

ငိုသံစွက်နေတဲ့ မလေးရဲ့စကားက ကျွန်တော့်နားထဲ ပွက်ပွက်ဆူသွားတယ်။ လူနာက သွေးထွက်လွန်ပြီး မေ့မျောနေတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် ဘာလုပ်ရမလဲ။ လူနာကို ဆေးရုံပို့ရမယ်။ မဖြစ်နိုင်တာ ဆေးရုံက မလေးတို့ရွာနဲ့ အဝေးကြီးလေ။ လူနာကို မြို့ဆေးရုံအထိ သယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ မြို့ဆေးရုံဆိုတာ အနည်းဆုံး တစ်နေ့ခရီးတော့ သွားရဖို့လေ။ မျှော်လင့်ချက်မဲ့သွားတဲ့ မလေးရဲ့ မျက်ဝန်းအစုံကို မြင်ရတော့ ကျွန်တော့်ရင်ထဲက တောင်တန်းတွေတောင် ဆို့နင့်ကြေကွဲသွားတယ်။
“ကျေးလက်ဆေးမှူး။ ကျေးလက်ဆေးမှူးဆီ သွားရအောင်” မလေးရဲ့ ညိုညက်နူးညံ့တဲ့ မျက်နှာလေးက မျှော်လင့်ချက်နဲ့ တောက်ပလာတယ်။ ကျွန်တော်လည်း အချိန်မဆိုင်းဘဲ လူနာကို ပခုံးပေါ်ထမ်းတင်ပြီး မေလး ခေါ်ရာနောက်လိုက်ခဲ့တယ်။ ကျေးလက်ဆေးမှူးရှိတဲ့ ဟိုဘက်ရွာဆီပေါ့။
ခုအချိန် မင်းပြောတဲ့ လေယာဉ်တစ်စီးသာရှိမယ်ဆိုရင်ပေါ့ မလေးရယ်။ ခုအချိန် မင်းတို့ရွာလေးမှာ ဆရာဝန်မဟုတ်တောင် ကျွမ်းကျင် ရှေးဦးသူနာပြုတစ်ဦးသာ ရှိမယ်ဆိုရင်ပေါ့ မလေးရယ်။ ခုအချိန် မင်းတို့ရွာနဲ့ မြို့လေးကို ဆက်သြယ္ထားတဲ့ လမ်းကသာ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းမကြီး မဟုတ်တောင် ထော်လာဂျီလောက်ဖြစ်ဖြစ် အဆင်ပြေပြေ မောင်းလို့ရမယ့် ကျောက်ကြမ်းလမ်းကလေးသာ ဖြစ်မယ်ဆိုရင်ပေါ့ မလေးရယ်။ ဒါမှမဟုတ် မင်းတို့ရွာလေးကသာ မြို့ပြသေးသေးလေးတစ်ခု ဖြစ်မယ်ဆိုရင်ပေါ့
မလေးရယ်။

ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ ဆယ်ချက်ကြားရသောအခါ နေရောင်က မြူခိုးတို့ကြားကနေ စတင်ရုန်းထွက်လာတယ်။ နေရဲ့အလင်းက သဘာဝ အလွအပမ်ားကို နွေးထွေးစွာ နမ်းရှိုက်သော်လည်း ကျွန်တော်နဲ့မလေးအတွက်တော့။ မလေးက ရှေ့ကခပ်သွက်သွက် လျှောက်နေတယ်။ ကျွန်တော်က မလေးနောက်မှ အလျင်လိုသော ခြေလှမ်းများနဲ့။ အချိန်အခါမဟုတ်ရွာသောမိုးက လူသွားလမ်းကို ဖျက်ဆီးပစ်တယ်။ လူသွားလမ်းတစ်လျှောက် ခြေမျက်စိမြုပ်လောက်အောင် ရွှံ့ဗွက်တွေက တောထနေလေရဲ့။ ကျွန်တော် မြန်နိုင်သမျှမြန်အောင် သွားနေရတယ်။ အေးစက်စိုထိုင်းနေတဲ့ ဗွက်တွေထဲ ခြေထောက်တွေက လေးလံထုံထိုင်းလာတယ်။ ခြေထောက်တွေကို ဇွတ်ခိုင်း ဇွတ်ဆွဲခေါ်နေရတယ်။ စမ်းချောင်းတွေကို ဖြတ်ရတယ်။ တောင်ကမူတွေ တက်ရတယ်။ တောင်ခါးပန်းတွေကို ပတ်ရတယ်။ လမ်းပေါ်က ရွှံ့နွံဗွက်တွေက နွယ်ရှင်ပင်တွေလို ခြေထောက်အစုံကို ဆွဲငင်ရစ်ပတ်နေကြတယ်။ နွမ်းလျမောပန်း တောင်ကုန်းတစ်ခုကို တက်လှမ်းပြီးတဲ့အခါ
“စိတ်မကောင်းဘူးဗျာ။ ခင်ဗျားတို့လူနာက အသက်မရှိတော့ဘူး”
မလေးရဲ့ ငိုရွိုက်သံဟာ ကျေးလက်ဆေးမှူးရဲ့ အိမ်ကျဉ်းကျဉ်းလေးထဲ ပြည့်လျှံသွားတယ်။ နာကျင်ကြေကွဲမှုများဟာ ရင်ထဲ အလိပ်လိုက် တက်လာတယ်။ စိတ်မကောင်းလိုက်တာ မလေးရယ်။ ကျွန်တော် မလေးရဲ့ပခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ တကယ်လို့ မင်းတို့ရွာနဲ့ ကျေးလက်ဆေးမှူးရဲ့ရွာ နီးနီးလေးသာ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ မလေးရယ်။
*****************************

နေက စစ်ပွဲမှာ အနိုင်ရလိုက်တဲ့ အောင်ပွဲရ စစ်ဘုရင်တစ်ဆူလို ကောင်းကင်ယံမှာ ထီးထီးမားမား မင်းမူနေတယ်။ နှင်းမှုန်မြူခိုးတွေလည်း မရှိတော့ဘူး။ ဆီးနှင်းထုဟာ နေရောင်ကို တုဖက်ပြိုင်နိုင်စွမ်း မရှိတော့သလို ပြေးဝင်ပုန်းရှောင်ကုန်ကြပြီ။ စမ်းချောင်းနဖူးပေါ်က ကျောက်တုံးတစ်တုံးပေါ်မှာ မလေးနဲ့ ကျွန်တော် နှစ်ယောက်အတူ ထိုင်ကြတယ်။ တောတောင်တွေရဲ့အောက် အစိမ်းရောင်ရနံ့နဲ့ သင်းကြိုင်မွှေးပျံ့နေတဲ့ မလေးရဲ့ဆံနွယ်ခက်တွေဟာ လေမှာ တဖျတ်ဖျတ်လူးလွန့် နေကြလေရဲ့။ ကျွန်တော် မလေးရဲ့ ဆံနွယ်စတွေကို ခုံမင်မြတ်နိုးစွာနမ်းရှိုက်လိုက်တယ်။ စမ်းချောင်းလေးက ခိုးခိုးခစ်ခစ်ရယ်မောလို့။ ရောင်စုံကျောက်တုံးကျောက်ခဲလေးများဟာ ကြည်လဲ့လင်းစင်နေတဲ့ စမ်းချောင်းရေပြင်အောက်မှာ တိုးတိုးတိတ်တိတ် အိပ်မောကျလို့။ စမ်းချောင်းရေကြည်ကြည်ထဲ ငါးဖန်းငါးအူတက် ငါးလေးတွေက ဟိုဟိုဒီဒီ ကူးခတ်ပျော်ပါးလို့။ သလဲထိုးငါးလေးတွေကလည်း ဟိုကျောက်ကြားတိုးဝင် သည်ကျာက်ကြားတိုးဝင် ခပ်ရှရှသဲခုံအောက်ပါ တိုးဝင်ပျော်မြူးလို့။
အသားအေရ ညိုစိမ့်ရှင်းသန့်လို့ တောရိပ်တောင်ရိပ်တွေ လွှမ်းခြုံထားသော မလေးငယ် လှသွေးကြွယ် ဖြူစင်လွန်းပါရဲ့ကွယ်။ ရုပ်ရည်ကလေး လှပတာကလွဲလို့ ဘယ်အရာကိုမှ လှပစွာပိုင်ဆိုင်ခွင့်မရရှာသော မလေးငယ်။ မင်းကို အမှန်တကယ် တန်ဖိုးထား
မြတ်နိုးမိပါရဲ့ကွယ်။ ကျွန်တော် ကြမ်းရှနွေးထွေး မလေးရဲ့ လက်ဖဝါးလေးတွေကို မလွတ်တမ်း ဆုပ်ကိုင်ထားမိတယ်။
မေလးက ကျွန်တော့်ပခုံးပေါ် ခေါင်းမှီပြီး အဝေးတစ်နေရာဆီ ငေးမောလို့။ မေလး ငေးမောနေရာအရပ်မှာ ပျော်စရာသုခတွေ ကွန်းခိုတည်ရှိနေမလား ကျွန်တော် မသိပါ။
ပြာရီညို့ဆင်းနေတဲ့ တောင်တန်းကြီးတစ်နေရာကို လက်ညှိုးထိုး အဲဒါ ဘာတောင်လဲလို မလေးကိုမေးတော့ ဖိုးကြီးတောင်လို့ ပြောတယ်။ နောက်တစ်နေရာကို လက်ညှိုးထိုး အဲဒီတောင်ကရောဆိုတော့ နမ္ပဒါတောင်တဲ့။ ဒီတောင်တွေက အနောက်ရိုးမနဲ့ တစ်ဆက်တည်းလာလို့ မေးလိုက်တဲ့အခါ
“အဲဒါတော့ ကျုပ်လည်းမသိဘူးဗျ။ ဒီတောင်တွေရဲ့ ဟိုးဘက်ကို ကျုပ် တစ်ခါမှ မေရာက်ဖူးဘူး”
ကျွန်တော် မလေးရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်တော်တို့ နိုင်ငံမှာ အရှေ့ရိုးမ၊ အလယ်ရိုးမ၊ အနောက်ရိုးမ၊ ရိုးမကြီးသုံးခုရှိကြောင်း။ ငပလီ၊ မောင်းမကန်၊ ငွေဆောင်၊ ချောင်းသာစတဲ့ ပင်လယ်ကမ်းခြေများအကြောင်း။ တောင်ကြီး၊ လားရိုးစတဲ့ တောင်ပေါ်မြို့များအကြောင်း။ ချင်းတွင်း၊ ဧရာဝတီစတဲ့ မြစ်များအကြောင်း။ မြန်မာပြည်မြောက်ဖျားက အဖြူရောင်တောင်တန်းတွေအကြောင်း ပြောပြတော့ မလေးက အဲဒီနေရာတွေကို ရောက်ဖူးချင်လိုက်တာတဲ့။
မလေးက စမ်းချောင်းထဲမှာရှိတဲ့ ရေသေအိုင်လေးတွေထဲက ရေညှိပင်လေးတွေကို တုတ်သေးသေးလေးနဲ့ ရစ်ပြီးနုတ်ယူတယ်။ ပြီးတော့ ဒီည ရေညှိဟင်းနဲ့ ထမင်းစားကြတာပေါ့တဲ့။ စမ်းချောင်းဘေးကခွာပြီး လယ်ကွင်းတွေကိုဖြတ် ရွာဘက်ဆီပြန်လာကြတယ်။ ခုလိုကျပြန်တော့လည်း တောင်နံရံတွေကြားက ရွာလေးဟာ နေရောင်နဲ့ ရှိန်းမြတောက်ပလို့။ လယ်ကွင်းတစ်ချို့ဟာ ရိုးပြတ်တွေနဲ့
ငေါင်းစင်းစင်းကြီးဖြစ်နေတယ်။ တချို့ လယ်ကွယ်ကွင်းတွေကတော့ မရိတ်သိမ်းရသေးတဲ့ ကောက်နှံတွေနဲ့ ရွှေဝါရောင်လှိုင်လှိုင်ထလို့။ တချို့လည်း ရိုးပြတ်တောတွေကို ထည်ထိုး မတ်ပဲ၊ ကုလားပဲတွေကြဲပြီးကြပြီ။

“ဒါ ကျုပ်တို့လယ်တွေလေ။ ဒီနှစ် စပါးကောင်းကောင်းမရဘူးဗျ။
မှန်းထားတာနဲ့ တျခားစီပဲ။ မိုးတွင်းတုန်းက ချောင်းရေကြီးလိုက်တာ ကောက်ပင်တွေ သေတယ်။ မေသဘဲ ကျန်ခဲ့တာတွေကလည်း စပါးမအောင်ကြဘူး။ ချောင်းရေတက်တာ ရွာထဲအထိ ရောက်တယ်လေ။ ကျုပ်တို့ဆို ဘုန်းကြီးကျောင်းမှာ နှစ်ရက် သွားနေလိုက်ရတယ်”
မလေးနဲ့ကျွန်တော် တစ်ယောက်လက် တစ်ယောက်ဆွဲ မြက်ပင်ရိုင်းများပေါ် လမ်းလျှောက်ကြတယ်။
လယ်ကွင်းတွေအလွန်မှာ ပဲစင်းငုံခင်းတွေကို တွေ့ရတယ်။ ပဲစင်းငုံပင်တွေဟာ ခြောက်သယောင်းထ မည်းမှောင်နေကြတယ်။ ပဲစင်းငုံတွေ ဘာလို့ ဒီလိုဖြစ်ကုန်တာလဲလို့ မလေးကိုမေးတော့ ပိုးကျတာလို့ ပြောတယ်။ မေလးက ကျွန်တော့်ကို ကဗ်ာမေရးဘူးလားတဲ့။ ကျွန်တော်က ရေးတာပေါ့လို့ပြောပြီး ကဗျာလေးတစ်ပုဒ် ရွတ်ပြဖြစ်တယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာ မှုန်ညိုရီဆိုင်းနေတဲ့ တောင်တန်းကြီးက
ကာဆီးထားတယ်။ တောင်တန်းတွေကြားက လွင်ပြင်တစ်ခုလုံးဟာ တိတ်တိတ်ဆိတ်ဆိတ် မလေးနဲ့ ကျွန်တော့်ကို ငေးမောနေလိမ့်မယ်။

“ခင်ဗျား ကျုပ်တို့ရွာက ပြန်သွားရင် ကျုပ် နေ့တိုင်း ငိုနေမိတော့မှာပဲ”

ဝမ်းနည်းစိတ်နဲ့ မလေးရဲ့မျက်နှာက မှုန်မှိုင်းနေတယ်။ ကျွန်တော် ဘယ္လို နှစ်သိမ့်မှုပေးရမလဲ။ ကျွန်တော့်အတွက် မလေးကိုနှစ်သိမ့်စရာ စကားလုံးတွေ ရှားလွန်းတယ်။ ကျွန်တော်မြတ်နိုးတဲ့ မေလးဟာ ထမီကို ခပ်တိုတိုဝတ်လို့။ လက်ထဲက နှင်တံကို ဟန်ပါပါဝှေ့ယမ်းလို့။ ပါးပြင်ပေါ်က မျက်ရည်စတွေကို လေးကန်တုံ့နှေးစွာ ဖယ်ရှားလို့။ ပေါင်းရှင်းနွားကျောင်း ကောက်ရိတ်မျှစ်ချိုး ဘဝကို အရိုးရှင်းဆုံး ကူးခတ်ဆန်တက်နေရသော မလေးငယ်။ မလေးငယ်ရယ် မင်းရဲ့ဘဝကို လွတ်လပ်စွာ ပျံသန်းလို့ လင်းချင်းတောက်ပစေချင်လိုက်တာကွယ်။

ခိုင်သွေးကို
အောင်ပင်လယ်မဂ္ဂဇင်း
အတွဲ- ၁၀၊ အမှတ်- ၆၀၊ ဇူလိုင်-ဩဂုတ်၊ ၂၀၁၇

About The Author

greenness_mm

No Comments

Leave a Reply