သစ်ပင် (ဝတ္ထုတို)

သစ်ပင် (ဝတ္ထုတို)

၁။

ဖိုးထူးအဖို့ ဒီလိုအဖြစ်အပျက်မျိုးက ရိုးတောင်ရိုးနေပါပြီ။ အိမ်ကလည်း တစ်ခုခုခိုင်းစရာရှိတိုင်း ဖိုးထူးတစ်ယောက် ခေါ်မကြားအော်မကြားပျောက်နေတယ်ဆို အပင်တစ်ပင်ပင်ပေါ် ရောက်နေလောက်ပြီဆိုတာကို အတပ်သိသလို အိမ်မွာတော့ ဖိုးထူးကိုရှာချင်လျှင်ခေါင်းကို မော့ထားရသည်ဟု ပြောတတ်ကြသည်။ ဖိုးထူးအဖို့ကလည်း အပင်ပေါ်တက်နေရတာကို ပျော်လည်းပျော်သည်။ စိတ်လည်းလှုပ်ရှားသည်။ တီဗီမှာလာတတ်သည့် ကာတွန်းကားတွေထဲက လူစွမ်းကောင်းတွေလုပ်လေ့ရှိသလို စွန့်စားတဲ့အရာတစ်ခုခုလုပ်ခွင့်ရသည်ဟုသာ ဖိုးထူးထင်သည်။ ဖိုးထူးတို့အရွယ်တွေအတွက် အိမ်ပတ်ဝန်းကျင်မွာ စွန့်စွန့်စားစားလုပ်လို့ရတာကလည်း သစ်ပင်ပေါ်တက်သည့်အလုပ်လောက်သာ လောက်လောက်လားလားရှိသည် မဟုတ်လား။ အိမ်ကသူ့ကိုတစ်ခုခုခိုင်းဖို့လိုက်ရွာနေပြီဆိုတာနဲ့ အိမ်နောက်ဖေးက သရက်ပင်ပေါ် ဖိုးထူးတက်ပုန်းနေတတ်တော့တာပါပဲ။
ဖိုးထူးတို့ အိမ်နောက်ဖေးဝင်းထဲမွာ သရက်ပင် မာလကာပင် မရမ်းပင်စသည့် တက်စရာအပင်တွေ ခပ်များများရှိပါသည်။ အပင်အားလုံးကလည်း နယ်ကထုံးစံအတိုင်းနှစ်ရှည်မခုတ်ပဲ ဒီအတိုင်းပစ်ထား၍ရသည့်အတွက် အကိုင်းအခတ်တွေ အုပ်အုပ်ဆိုင်းဆိုင်းရွိသည်။ နောက်ပြီး ဖိုးထူးတို့ခြံက နောက်ဘက်မွာအတော်ကျယ်သလို ဘေးပတ်ဝန်းကျင်ကခြံတွေကလည်း ဖိုးထူးတို့ခြံလိုပဲ အတန်အသင့်ကျယ်ဝန်းပြီး ဖိုးထူးတို့ခြံလိုပဲ အပင်တွေရှိသည်။ အပင်တက်တာကိုသိပ်ကြိုက်သည့် ဖိုးထူးအတွက် ခြံထဲမှာရော ဘေးပတ်ဝန်းကျင်မွာပါ အပင်တွေအများကြီးရှိလို့ စိတ်ကြိုက်ဖြစ်နေသလို ရာသီအလိုက်သီးပင်စားပင်တွေက တစ်ပင်မဟုတ်တစ်ပင်သီးနေတတ်တော့ ကြိုက်သည့်အပင်ပေါ်မှာ စိတ်ကြိုက်ခူးပြီးစားလို့ရနေသးတာပေါ့။ ဒါကြောင့်လည်း တစ်ခါတစ်လေ ဘေးခြံထဲက ဇီးပင်တို့ စောင်းလျားပင်တို့ပေါ်မှာပင် အိမ်ကအပင်အတိုင်း ဖိုးထူးရွိနေတာ တွေ့ရတတ်သည်။

၂။

ဖိုးထူးအမြဲတက်လေ့ရှိတတ်တာကတော့ ခြံထဲက မာလကာပင်ကြီးပေါ်ကိုပါပဲ။ မာလကာပင်ကြီးက ရာသီမရွေးသီးနေတတ်သလို မာလကာသီးကို အပင်ပေါ်မှာတင် ဂျွတ်ခနဲ ဂွတ်ခနဲကိုက်စားရတာကိုဖိုးထူးသိပ်ကြိုက်သည်လေ။ နောက်ပြီး ဖိုးထူးတို့အပင်ကမာလကာသီးက ချိုလည်းချိုပြီး တျခားနေရာမှာတွေ့ရခဲသည့် အလည်အူတိုင်နီနီလေးနဲ့ ဖိုးထူးတို့အခေါ်အူနီသီးပင်မျိုးဆိုတော့ ဖိုးထူးအကြိုက်ဖြစ်နေသည်။ ဒါကြောင့်လည်းအားရင် ဖိုးထူးတို့ မာလကာပင်ပေါ်ရောက်ရောက်နေတတ်တာပေါ့။ ကိုယ်တိုင်လည်းအပင်ပေါ်မှာတင် အဝစားတတ်သည့်အပြင် အလုံးတွေအတော်မ်ားမ်ား ပြနေပြီစားလို့ရနေပြီဆိုလျှင် အိမ်ကလူတွေစားဖို့ပါ ပိုခူးနေတတ်ပါသေးသည်။ အိမ်ကလူတွေအတွက် မာလကာသီးဆိုတာ ဖိုးထူးခူးလာလွန်းလို့ မစားချင်တော့လောက်အောင်ရိုးနေပါပြီ။ ဒါပေမယ့်ဖိုးထူးကတော့ မာလကာပင်ကိုအမြဲစောင့်ကြည့်နေတတ်ပြီး အပင်ပေါ်မှာအလကားအဖြစ်မခံနိုင်ပဲ ခူးခူးလာတာပါပဲ။ တစ်ခါတစ်လေလည်း အိမ်ကဘယ်လိုမှစားမကုန်တော့ဘူးဆိုလျှင် ဖိုးထူးတို့အိမ်ရှေ့မှာရှိသည့်ရေနံဆီရောင်းတဲ့ဆိုင်လေးတွေကို ဗန်းကလေးနဲ့ထည့်ပြီးရောင်းခိုင်းတတ်ပြန်သေးသည်။ ကလေးမုန့်ဖိုးရှာတဲ့သဘောပေါ့။
အိမ်က အဘတို့အမေတို့ကတော့ ဖိုးထူးအပင်ပေါ်တက်တာကို လူကြီးတွေထုံးစံအတိုင်းသိပ်ကြိုက်ပုံမရပါဘူး။ အမြဲဖိုးထူးကို အပင်ပေါ်ချည်းတက်နေလို့ ဆူလေ့ရှိသည်။ ပြုတ်ကျပြီး ခြေကျိုးလက်ကျိုးဖြစ်မွာကို အိမ်ကစိတ်ပူတယ်ဟု ခဏခဏပြောသည်။ အဲဒါကိုလည်း ဖိုးထူးက သိပ်သဘောမကျပေ။ သူ့ရဲ့ကျွမ်းကျင်မှုကို လျစ်လျူရှုခံရသည် သူလုပ်ချင်တာကို ပိတ်ပင်သည်ဟုသာ ထင်နေတော့သည်။ အိမ်ကပြောလေ ဖိုးထူးအပင်တွေပေါ် ပိုရောက်လေ အိမ်ကဆူလေ ဖိုးထူးအပင်အမြင့်ပေါ် ပိုတက်ဖြစ်လေပဲ ဖြစ်နေသည်။ ဖိုးထူးက တဇွတ်ထိုး။ သူ့အရည်အချင်းကို ဂုဏ်လုပ်ပြချင်သေးသည်။ အိမ်မှာအဆူခံရလို့ အပင်တက်ခွင့်မရတော့ူးဆိုလျှင်လည်း ဖိုးထူးကမမှု ဘုန်းကြီးကျောင်းကအပင်တွေပေါ် သွားတက်နေပြန်သည်။ ရပ်ကွက်ထဲကခြံတွေထဲ ခိုးဝင်တတ်သည်။ ဘေးကခြံတွေဆိုတာကလည်း အမျိုးတွေသာဖြစ်ပြီး အသီးတက်ခူးလို့ဆိုတာထက် ကလေးတစ်ယောက်အပင်ပေါ်ကပြုတ်ကျပြီး ကျိုးပဲ့မှာကိုသာ စိုးရိမ်ကြတာမျိုးပါ။ အသီးတွေကဒီတိုင်းထားလည်း ငှက်တွေကိုက်တာပဲရှိမည် ခူးရောင်းလေ့ရှိတာလည်းမဟုတ်တော့ ဖိုးထူးလာခူးလို့လည်း ဘာမှမဖြစ်ပါဘူး။ ဖိုးထူးကလည်း အသီးခိုးယူတာထက် သစ်ပင်ပေါ်တက်ချင်လို့သာတက်နေတာဆိုတော့ အတော်ကြောင်စီစီနိုင်သည့်အဖြစ်ပေါ့။ ဖိုးထူးအပင်ပေါ်တက်နေတယ်ဆိုပြီး သူ့အဖေနဲ့လည်းတိုင်မရ ဖိုးထူးက ဘယ်သူမှလည်းမကြောက် ဖိုးထူးခြံထဲခိုးဝင်နေတာတွေ့လျှင် အော်ငေါက်လွှတ်လိုက် လှမ်းမာန်ပြလိုက်နှင့်တော့ ဖိုးထူးကြောက်အောင်လုပ်နေရသည်ပေါ့။ ဖိုးထူးကလည်း ခြံရှင်တွေမြင်လျှင် ကြောက်သည်ထက် အပင်တက်ရတာမလွတ်လပ်လို့ထွက်ပြေးပြတတ်သေးသည်။

၃။

ဖိုးထူးတို့ငယ်ငယ်ကလေးဘဝ ကျောင်းပြေးတတ်စအရွယ်မွာ သွားသွားတတ်တာ မြို့စွန်က ရွှေဘုန်းတိုးဘုရားကိုပေါ့။ ကျောင်းနဲ့လည်းဝေးပြီးကျောင်းနောက်ဘက်မလွယ်ပေါက်ကနေ ခိုးထွက်သွားဖို့လမ်းသင့်သည်။ မြို့ထဲကလည်းဖြတ်သြားစရာမလို သီးသန့်ရှိနေသည့်နေရာဖြစ်နေလို့လည်း ကျောင်းပြေးတတ်သည့်ကျောင်းသားတွေသွားတတ်သည့်နေရာတစ်ခုပေါ့။ မြို့နှင့်လည်း အနည်းငယ်လှမ်းသေးသည်ဆိုရမည်။ အဲဒီနေရာဆိုတော်ရုံလူတွေလည်း လိုက်မလာနိုင် မြို့ကသမီးရည်းစားတွေချိန်းတွေ့ကြသည့်နေရာလည်းဖြစ်သေးသည်။ ဘုရားကုန်းတော်ဘေးမှာလည်း ရေတိမ်တိမ် သဲချောင်းကလေးက ကုန်းတော်ကိုရစ်ခွေစီးဆင်းနေတော့ ဖိုးထူးတို့အတွက် သာယာတဲ့နေရာတစ်ခုပါပဲ။ ချောင်းရေကမိုးတွင်းအချိန်တွေလောက်သာ ပေါင်လည်လောက်ရွိတတ်ပေမယ့် ကျန်အချိန်တွေဆိုခြေထောက်မြုပ်ရုံလေးသာရှိသည်။ ဘုရားကိုသွားတဲ့လမ်းတလျှောက်မှာလည်း ဇီးပင်တွေကအတန်းလိုက်ကြီး ရွိပြန်သေးသည်။ ဇီးပင်တွေကို ဘုရားသွားသည့်လမ်းတလျှောက် ဘယ်သူက ဒီလောက်အများကြီးစိုက်ထားခဲ့တာလဲဆိုတာ မသိပေမယ့် ကလေးတွေအဖို့ ကျောင်းပြေးပြီးသွားဖြစ်တဲ့နေရာက ဇီးပင်တန်းနဲ့ချောင်းစပ်နဲ့ ရွှေဘုန်းတိုးဘုရားကိုပါပဲ ဖြစ်နေတတ်ကြတာပေါ့။
ဒီလိုကျောင်းပြေးဖြစ်တဲ့ရက်တွေဆို သူငယ်ချင်းတွေကြားမှာ ဖိုးထူးကဆရာကြီး ဖြစ်နေတတ်သည်လေ။ ကျောင်းပြေးဖို့လည်း သူကသာဦးဆောင်ဆွယ်တရားဟောတတ်သလို ဇီးတန်းရောက်တဲ့အချိန် ဇီးပင်ပေါ်လှစ်ခနဲ တက်သွားတတ်တာဖိုးထူးပါပဲ။ ချောင်းရေထဲ နောက်ကျွမ်းထိုးရဲတာလည်း သူတို့အုပ်စုထဲမွာ ဖိုးထူးတစ်ယောက်ပဲရွိသည် မဟုတ်လား။ ဆိုတော့ ခေတ်စကားအရဆို ဖိုးထူးက ကလေးအုပ်စုမွာ ခေါင်းဆောင်ဟီးရိုးပေါ့။ ဒီလိုခေါင်းဆောင်းကောင်းတတ်လို့ ဘယ်တော့မဆို အတန်းပိုင်ဆရာမသိသြားတဲ့အခါ ဖိုးထူးတို့ အရင်ဆုံးအရိုက်ခံရတတ်သည်။ ဒါပေမယ့် ဖိုးထူးကတော ဒီလိုအဖြစ်တွေကို လုံးဝမမှုပါဘူး။ အပင်တွေလည်း လျှောက်တက်နေရသည်ကို ဖိုးထူးပျော်သည်။ ဘယ်သူဘာပြောပြော ဖိုးထူးတို့သစ်ပင်တက်လက်မှတ်ရနေခဲ့တာပါပဲ။

၄။

ရန်ကုန် မြို့ပေါ်ရောက်လာတော့ ဖိုးထူးအတွက်ငယ်ကျင့်ကိုဖျောက်မရ ပျင်းရိငြီးငွေ့စရာမျိုး ဖြစ်သြားပါသေးသည်။ ရန်ကုန်မွာက တော်ရုံနေရာမှာ သစ်ပင်တွေမှ မရွိတော့တာ ဖိုးထူးအတွက် ဂွကျလှသည်။ ဒါပေမယ့် အခုဆိုဖိုးထူးလည်း အတန်အသင့်အရွယ်ရောက်နေခဲ့ပြီးပါပြီ။ ငယ်ငယ်တုန်းကလို အပင်မြင်ရာလျှောက်မတက်တော့ပေမယ့် မျက်လုံးကတော့အမြဲတမ်းသစ်ပင်တွေရှာနေတတ် သစ်ပင်တက်နေချင်စိတ်တော့ ရွိနေသေးသည် ဆိုပါတော့။ နောက်ပြီး ဖိုးထူးကအခုဆို တစ်ဝမ်းတခါးအတွက် အလုပ်တောင်လုပ်နေရသည့်အရွယ် ရောက်နေပြီဖြစ်တော့ သစ်ပင်တက်ဖို့သီးသန့်မစဉ်းစားနိုင်ဘူးပေါ့။ ဖိုးထူးကရန်ကုန်မွာ အလုပ်လာလုပ်တာ မဟုတ်လား။ ဖိုးထူးက အလုပ်ကိုလည်းသူ့ဝါသနာနဲ့ကိုက်အောင်တော့ ရွေးချယ်ခဲ့ပါသည်။ တချို့ဖိုးထူးတို့လိုနယ်ကတက်လာသူတွေ အမြင့်တက်တာမကြောက်တဲ့သူတွေ လုပ်လေ့လုပ်ထရွိသလို တိုက်နံရံက အပင်တွေလိုက်ခုတ်ပေးတာတို့ အုန်းပင်တက်တာတို့တော့ ဖိုးထူးမလုပ်ပါဘူး။ အဲဒီအလုပ်မျိုးတွေက သေချာရေရာတာမျိုးမှမဟုတ်တာ။ ဖိုးထူးက ကန်ထရိုက်တိုက်တွေမှာ ငြမ်းဆင်ဆေးသုတ်သည့်အလုပ်အဖွဲ့တစ်ခုထဲမွာ အလုပ်ရသွားသည်လေ။ ဆေးသုတ်သည့်အဖွဲ့ထဲက အလုပ်သမားတစ်ယောက်ပေမယ့် ဝါသနာနဲ့လည်းကိုက်သလို အပင်တက်ချင်နေတဲ့ဖိုးထူးရဲ့အာသီသကို ဖြေလျော့လို့လည်းရတဲ့အတွက် ဖိုးထူးလိုလိုချင်ချင်လုပ်သည်။ တိုက်တွေပေါ်တက် ငြမ်းတွေပေါ်တက် ဆေးလိုက်သုတ်ရတာကို ဖိုးထူးသိပ်သဘောကျနေသည်။
ဖိုးထူးတို့အဖွဲ့က ဆေးသုတ်သည့်အဖွဲ့ သီးသန့်ပါ။ ဆေးနဲ့ပတ်သတ်သည့်အလုပ်မှန်သမျှအကုန်လုပ်သည်။ တိုက်ဟောင်းတွေဖြစ်စေ ကန်ထရိုက်တိုက်သစ်တွေဖြစ်စေ ဆေးနဲ့ပတ်သက်ပြီး ဖိုးထူးတို့အဖွဲ့က အကုန်တာဝန်ယူလုပ်ပေးသည်။ ယခုကန်ထရိုက်တွေအဖို့လည်း ထိုသို့သီးသန့်အဖွဲ့တွေကို ပုတ်ပြတ်ခွဲပြီးပြန်အပ်သည်ကပို၍အဆင်ပြေပြီး ဖိုးထူးတို့လိုသီးသန့်လုပ်သည့်အဖွဲ့တွေလည်း များပါသည်။ ဆေးဆို ဆေးအဖွဲ့။ ရေပိုက်ဆိုလည်းရေပိုက် မီးကြိုးတွေသွယ်လည်း ဒီလိုသီးသန့်လုပ်သည့်ဖိုးထူးတို့လိုအဖွဲ့တွေရှိသည်။ ဖိုးထူးတို့အဖွဲ့မှာ ဖိုးထူးက ခေါင်းဆောင်တော့မဟုတ်ပါဘူး။ အလုပ်ရွိသလို နေ့စားလုပ်အားခရသည့် အလုပ်သမား။ ဒါပေမယ့် အလုပ်မရှိလို့ထိုင်နေရသည်ကခပ်ရွားရွားပါ။ အသစ်အသစ်ဆောက်လိုက်သည့်တိုက်တွေ တစ်နေ့တစ်နေ့အထပ်မြင့်မြင့်လာသည့်တိုက်တွေဆိုတာ မြို့ပေါ်မှာအများသားမဟုတ်လား။ အလုပ်မရှိလို့ထိုင်နေရမှာထက် အလုပ်ရှိလွန်းလို့တောင်ခက်နေပါသေးသည်။ နေ့တိုင်းအလုပ်ရှိလွန်းလို့ နားချင်ရင်တောင်မွ နေမကောင်းချင်ယောင်ဆောင်ပြီးနားရသည့်အတွက် အလုပ်ပြတ်မွာတော့ ပူစရာကိုမလိုဘူးပေါ့။

၅။

ဖိုးထူးတို့အဖွဲ့က ဆေးအဖွဲ့ဖြစ်လို့ ကန်ထရိုက်တိုက်သစ်တစ်လုံးပြီးပြီဆိုမှ အလုပ်လုပ်ရလေ့ရှိသည်။ ဆေးသုတ်သည်ဆိုတာက အချောသပ်သည့်အလုပ်မျိုးမဟုတ်လား။ တိုက်ခန်းတွေအချောကိုင် ပြီးကာနီးအချိန်မွ ဆေးသမားတွေက အလုပ်စရတာပေါ့။ တိုက်အပြင်ဘက်က ငြမ်းတွေကလည်းဆေးအဖွဲ့ပြီးမှဖျတ်မှာမို့ ဆေးအဖွဲ့မပြီးမချင်းဖျတ်လို့မရ ရွိနေရတာပါပဲ။ အခုနောက်ပိုင်း တချို့ကန်ထရိုက်တိုက်အထပ်နိမ့်တွေမှလွဲပြီး ဝါးငြမ်းတွေအဆင်ကြတော့ပါဘူး။ အတော်မ်ားမ်ားမွာ သံဖရိမ်တွေသာ အသုံးပြုကြတော့သည်။ saladလို့ခေါ်တဲ့ အမိုးကြမ်းခင်းလောင်းတာမွအစ သံထောက်တိုင်တွေသာ သုံးတော့သည်။ ဖိုးထူးတို့ အရင်ကဆို သစ်သားထောက်တိုင်တွေ ဝါးငြမ်းတွေပေါ်ကိုသာ တက်ရပြီး အခုနောက်ပိုင်းမွ ကုန်ကျစရိတ်လည်းသက်သာ ဖြုတ်ရတပ်ရလွယ်ကူသော သံဖရိမ်တွေ သုံးလာကြတာဖြစ်သည်။ အရင်က သစ်သားတန်းတွေပေါ်တက်လျှင် ဖိုးထူးတို့သတိထားတက်ရသည်။ သစ်သားတွေက ဆတ်ပြီးကျိုးလွယ်သလို သံရိုက်တာမသေချာလျှင် ထိခိုက်မိတာ ပြုတ်ကက်တာတွေရှိတတ်သည်။ ဝါးငြမ်းတွေကတော့ ဆတ်ခနဲကျိုးဖို့မလွယ်ပေမယ့် တစ်ချောင်းနဲ့တစ်ချောင်း အုန်းဆံကြိုးတွေနဲ့သာခိုင်အောင် ထိန်းထားရသည်ဆိုတော့ ကြိုးတွေပြတ်ထွက်နိုင်ပါသေးသည်။ အခုသံဖရိမ်တွေကတော့ သူ့အကန့်နဲ့သူ သူ့ချိတ်နဲ့သူ အံဝင်ဂွင်ကျလုပ်ထားလျှင် တော်ရုံပြုတ်မထွက်တော့သလို ခိုင်လည်းခိုင်သည်။
ဖိုးထူးအဖို့ အမြင့်ကိုလုံးဝမကြောက်တတ်သည့်အတွက် တိုက်အပြင်ဘက်ငြမ်းတွေပေါ်ကို ဒိုင်ခံတက်ရလေ့ရှိသလို ဖိုးထူးရဲ့စိတ်ရှည်ရှည်နဲ့သေသပ်တဲ့ဆေးသားကို အလုပ်သမားခေါင်းက သဘောကျသည်။ နောက်ပြီးဖိုးထူးက လုပ်ကွက်တစ်ခုကို မြန်မြန်နဲ့တိတိကျကျပြီးအောင်လုပ်တတ်သည်။ သေချာသည်။ ဖိုးထူးကိုင်ပြီးသွားသည့်နေရာတွေဆို တော်ရုံ ပြန်လှည့်ကြည့်စရာမလို။ စိတ်ချရသည်ဆိုပါစို့။

၆။

မြို့ပေါ်မှာတိုက်နံရံတွေတက် တိုက်ခေါင်မိုးတွေပေါ် ဆေးသုတ်နေရပေမယ့် ဖိုးထူးရင်ထဲက မြိိုသိပ်ထားရသော သစ်ပင်တက်ချင်စိတ်ကတော့ ပျောက်မသြားပါဘူး။ တစ်ခါတစ်လေ ဖိုးထူးတိုက်ခေါင်မိုးတွေပေါ် အလုပ်ခဏနားချိန်ဆို ဆေးပေါ့လိပ်ကလေးဖွာလို့ အဝေးကြီးကိုကြည့်ပြီးငေးမောနေတတ်သည်။ တိုက်ခေါင်မိုးပေါ်က အပေါ်စီးကနေမြင်ရတဲ့မြင်ကွင်းတွေကိုငေးကြည့်ရင်း ဖိုးထူးသစ်ပင်တွေကိုလိုက်ကြည့်တတ်သည်။ ဘယ်အပင်တွေက တက်လို့ကောင်းမလဲ ဘယ်အပင်ကတော့ တော်တော်လုံးပတ်တုတ်နေပြီပဲ စသည်ဖြင့်ဖိုးထူး စိတ်ကူးထဲမွာ အပင်တက်နေလေ့ရှိသည်။ ဒါပေမယ့် မြို့ပေါ်မှာက ဖိုးထူးတက်လောက်စရာအပင်တွေသိပ်မတွေ့ရတတ်ပဲ မြင်ရတဲ့အပင်တွေက ဗာဒံပင်လောက် အုန်းပင်လောက်သာရှိတတ်သည်။ နယ်ဘက်မွာလို အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ညို့နေအောင်ကြီးမားတုတ်ခိုင်သည့်အပင်က မြို့ပေါ်မှာတော့ခပ်ရှားရှားမဟုတ်လား။ နောက်ပြီး တိုက်တွေဆောက်လိုက် ဓာတ်ကြိုးနဲ့မလွတ်လို့ အကိုင်းတွေခုတ်လိုက်ဆိုတော့ မြို့ပေါ်မှာတော့ သိပ်ပြီးတက်ချင်စရာကောင်းသည့်အပင်လည်း လောက်လောက်လားလား မတွေ့ရတတ်ပါဘူး။ ဖိုးထူးအတွက် ရသေ့စိတ်ဖြေ စိတ်ကူးယဉ်လို့ရတယ်ဆိုရုံလောက်ပေါ့။
ဖိုးထူးကလည်း စိတ်ထဲမွာတေးထားပါသည်။ ဒီတစ်ခေါက်နယ်ပြန်ဖြစ်လျှင်တော့ ကြီးကောင်ကြီးမားကြီနဲ့အပင်ပေါ်တက်ဆော့နေဆယ်ပဲဆိုဆို အိမ်ကသရက်ပင်ပေါ် တက်ဖြစ်အောင်တက်လိုက်ဦးမယ်ဟု ဖိုးထူးအားခဲထားသည်။ သရက်သီးချိန်မဟုတ်လည်း မကျည်းရွက်တက်ခူးတာလောက်ဖြစ်ဖြစ် မာလကာသီးတက်ခူးတာလောက်ဖြစ်ဖြစ် ငယ်ဘဝအလွမ်းပြေ ပြန်တက်လိုက်ဦးမည်ဟု ဖိုးထူးစိတ်ကူးယဉ်နေတတ်သည်။ နယ်ဘက်ကအပင်တွေက တက်လို့လည်းကောင်းသည်။ မြို့မှာလိုပိန်လှီချိနဲ့နေသည့်အပင်မျိုးတွေမဟုတ်။ နှစ်ရှည်လမ်ား အနှောက်အယှက်ကင်းကင်းနဲ့သန်စွမ်းထားသည့် တုတ်တုတ်ခိုင်ခိုင်ပင်စည်တွေအကိုင်းအခက်တွေနဲ့ဖြစ်သည်။ ဒါပေမယ့် ပြောမည့်သာပြောနေရသည်။ ဟိုတစ်ခေါက်နယ်ကိုရောက်တော့ အိမ်နောက်မှာကျီဆောက်မယ်ဆိုပြီး အိမ်ကသရက်ပင်ကြီးခုတ်လိုက်ရကောင်းမလား အမေပြောတာကြားလိုက်ရသေးတော့ သိပ်တော့လည်းစိတ်ကူးမယဉ်ရဲ့ မယုံသေးပါဘူး။ အဲတုန်းကတော့ ဖိုးထူးမခုတ်ဖို့ အတင်းအကျပ်ပြောထားလို့သာ။ နောက်ပိုင်းခုတ်လိုက်လား ဒီအတိုင်းရွိနေဦးမလားဆိုတာကတော့ ဖိုးထူးမသိတော့ဘူး။

၇။

သစ်ပင်တွေဆိုတာ သဘာဝတရားကြီးကပေးသည့် အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုပါပဲ။ ရာသီဥတုကိုလည်း ထိန်းညှိပေးသလို မိုးခေါင်တာ ရေကြီးတာမဖြစ်အောင်လည်း တားဆီးပေးသည်။ ဂေဟစနစ်ကို အကောင်းဆုံးေထာက်ပံ့ပေးသည်။ လူသားတို့စားဖို့ နေဖို့ အန္တရာယ်အကာအကွယ်ပေးဖို့ သစ်ပင်တွေဆိုတာ လိုကိုလိုအပ်သည် မဟုတ်လား။ လိုတာထက်ပိုပြီး မတန်တဆထုတ်ယူသုံးစွဲလျင်တော့ သဘာဝတရားကမျက်နှာမလိုက် ဒုက္ခရောက်ကြရမယ်လေ။ လောဘမသတ်နိုင်လို့ သစ်တောတွေပြုန်းတီးသွားလျှင် ရာသီတုဖောက်ပြန် လူတွေဘေးအန္တရာယ်က်ရောက်နိုင်သည်လေ။
တချို့တွေကတော့ သစ်ပင်တွေကို ခုတ်ပဲခုတ်တတ်ကြသည်။ ဘယ်လိုပြန်လည်ပြုစု ပျိုးထောင်ရမည်ဆိုတာ မသိကြ။ စိတ်မဝင်စားကြ။ သစ်တောတွေကို အပျောက်ရှင်းတတ်ကြသည်။ သစ်တောတွေမရှိလျှင် မိုးခေါင်မည်။ ရေကြီးမည်။ ရာသီဥတုဖောက်ပြန်မည်ဆိုတာကို သူတို့မသိ။ သူတို့သိတာက ငွေတစ်ခုတည်းသာရှိသည်။ ဒါကြောင့်လည်း မိမိချမ်းသာဖို့အတွက် နောက်လူတွေရဲ့အနာဂတ်ကိုဖျတ်ဆီးရဲသည့်သူတွေ လောကမှာရှိနေတာပေါ့။ သစ်ပင်တွေကိုမချစ်ပဲ ငွေနဲ့လဲလိုက်ကြသူတွေ နေရာအနှံ့ရှိနေတာပါပဲ။ ဖိုးထူးကတော့ သစ်ပင်တက်ဝါသနာပါလို့ သစ်ပင်တွေကိုချစ်တတ်သည်မွာ ဆန်းသည့်ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဖိုးထူးလိုသစ်ပင်တက်တာ ဝါသနာမပါသည့်တိုင် လူတိုင်းလူတိုင်းကတော့ သစ်ပင်တွေကိုချစ်မြတ်နိုးတတ်ရပေလိမ့်မည်ဟုသာ ဖိုးထူးထင်သည်။ သစ်ပင်တွေကို မချစ်တတ်လျှင် ပတ်ဝန်းကျင်ကိုချစ်တတ်ဖို့မလွယ် သဘာဝတရားကြီးကို ချစ်တတ်ဖို့လွယ်မှာမဟုတ်ပါဘူး။ သဘာဝတရားကြီးကိုတော့ ဖိုးထူးတို့လူတွေအကုန်ချစ်ခင်တတ်ရလိမ့်မည်လေ။
ဒီတစ်ခေါက် အိမ်ပြန်လျှင် ဖိုးထူးအပင်တက်ဦးမည်ဟု ဆုံးဖြတ်ထားသည် မဟုတ်လား။ ဖိုးထူးအတွက် တက်စရာအပင်တွေဆိုတာ နယ်မွာတော့ ရှားမယ်မထင်ပါဘူး။ သစ်ပင်တက်ဖို့ဆိုတာကလည်း အပင်ပေါ်လှစ်ခနဲရောက်သွားတက်သွားနိုင်ရုံနဲ့မပြီးဘူးလေ။ အပင်ပေါ် ကျွမ်းကျင်စွာတက်တတ်ဖို့လိုသလို သစ်ပင်တွေကို ချစ်တတ်ဖို့လည်း လိုပါသေးသည်။ ။

နိုလှိုင်း
၂၀၁၇ အောက်တိုဘာ ၁၆
Photo:#Tun Ko

About The Author

greenness_mm

No Comments

Leave a Reply