ပုစဥ်းရင်ကွဲတွေ အော်နေကြတယ် (ဝတ္ထုတို)

ပုစဥ်းရင်ကွဲတွေ အော်နေကြတယ် (ဝတ္ထုတို)

ပုဂ္ဂလိကသစ်တောစိုက်ခင်းများစိုက်ပျိုးလုပ်ကိုင်နေသူ မိတ်ဆွေတစ်ယောက်၏ ဖိတ်ခေါ်မှုဖြင့် ကျွန်တော် ပဲခူးရိုးမဖြတ်လမ်းပေါ်ရှိပုဂ္ဂလိကကျွန်းစိုက်ခင်းတွေဆီကို အလည်အပါတ်သွားရောက်ခဲ့ပါသည်။တောင်ငူအုတ်တွင်း ဘက်မှ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ခပေါင်းကြိုးပြင်ကာကွယ်တောကို ယခင်ကရောက်ခ့ဲဘူးသည်မှာ အနှစ်၂၀ ကျော်ကြာသွားပြီလည်းဖြစ် ပါသည်။ ပဲခူးရိုးမသည် မြန်မာ့ကျွန်းသစ်ရတနာ၏မှုရင်းဒေသလည်းဖြစ် တောင်ကုန်းတောင်စောင်းထူထပ်ပေါများ သော်လည်း အတန်အသင့် ပြေပြစ်မှုရှိပြီး အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် အလြယ္တကူဆက္သြယ္သြားလာ နိုင်သော မြို့ရွာများ ရှိနေခြင်းကြောင့်လည်း သစ်ထုတ်လုပ်ငန်းအတွက် အထင်ကရနေရာများဖြစ်ခဲ့ဘူးပါသည်။

ကျွန်တော် လူငယ္ဘဝ တောခေါင်းဖြစ်စမှာတော့ ပဲခူးရိုးမက စိတ်ဝင်စားစရာ စိတ်ကူးယဉ်စရာများနှင့် ထူးခြားစွဲမက်နေခဲ့ဘူးသည်။ အစိမ်းရင့်ရင့်ညို့မှိုင်းမှိုင်း နိမ့်မြင့်တက်ဆင်းများနှင့်မျက်စေ့တစ်ဆုံးတောအုပ်ကြီးရဲ့အပေါ်က ခရမ်းနုရောင်သန်းနေသည့်မြူပြာပြာများ၊ သွယ်လျရစ်ခွေပြေပြေငြိမ့်ငြိမ့်လေးစီးဆင်းနေသည့် ခပေါင်းချောင်း၊ဘုတ လင်ချောင်း အခေါက်ဖြူဖြူ ရွက်စိမ်းရင့်ရင့်ဖားဖားနှင့် ကျွန်းပင်မြင့်ကြီးများကြား သတ်ပင်၊ချန်ပင်တိုင်းရင်း ဆင်းလိုက်တက်လိုက် အော်လိုက်ဟစ်လိုက် စနောက်လိုက်နှင့်သူငယ်ချင်းတောအုပ်တောခေါင်းများ အမြင်အာရုံတွေက ကိုယ့်ရှေ့မှောက်တကယ်ပဲပြန်ရောက်လာသလို ကြားယောင် မြင်ယောင်နေမိပြန်သည်။ အဲဒီအချိန်တုန်းက ကျွန်းပင်ကို ရင်စို့လုံးပါတ် ၇ ပေ ၆ လက်မ အထက်ကိုသာ ရွေးချယ်သင်းသတ်ကြရပါသည်။ လုံးပတ် ၇ပေ ခြောက် လက်မ အောက်ကျွန်းပင်များကို ချန်ပင်အဖြစ်စာရင်းကောက်ယူကြရပါသည်။ အဓိပ္ပါယ်မှာတော့ အနာဂါတ်တောထွက်အတွက်စာရင်းကောက်ယူခြင်းဖြစ်ပါသည်။

တောထဲအနေကြာအိမ်လွမ်းစိတ်က ကျွန်းပင်ကို သဘာရင့်စေခဲ့သည်။ အဝေးကကြည့်ရုံဖြင့် သတ်ပင်လုံးပါတ်မှီမမှီ ခန့်မှန်းနိုင်လောက်အောင်ပင် ယခုအချိန်မှာတော့ ဘယ်မလဲကျွန်းပင်ကြီးကြီးလို့မေးရမလိုပင်ဖြစ်နေပါတော့သည်။ ယခင်က လူသြား ဆင်သွားဖြင့်သာ ဆက်သွယ်သွားလာနိုင်သော ရံဖန်ရံခါ မြေလမ်းပေါ်တွင် သစ်ထုတ်ရေးကားဘီးရာလေးလောက်ကိုသာမြင်ခဲ့ရသောနေရာတွင် နက်မှောင်ပြောင်ချော ကတ္တရာလမ်းမကြီးကမြွေဟောက်တစ်ကောင် တွန့်လိမ် တက်ဆင်းနေသလို တောထဲဝင်လိုက် တောင်ပေါ်တက်လိုက် ရေစပ်ဆင်းလိုက်နှင့် နံဘေးဝဲယာမှာလည်း ရွာစဉ်ရွာဆက်က မပြတ်သလောက်ရှိနေခဲ့ပြီး အရက် ဘီယာ ကြော်ငြာသည့် မော်ဒယ်အလန်းဇယားမျိုးစုံကလည်း ဤေနရာသည် တောမဟုတ်တော့ကြောင်းရင်ဘတ်ဟောင်းလောင်းဖွင့်၍ သက်သေခံလျှက်ရှိသည်။ ကျွန်းပင်ကြီးကြီးမတွေ့ရသော်လည်း ကိုယ့်မိတ်ဆွေ ပုဂ္ဂလိက ကုမ္မဏီစိုက်ခင်းနှင့်ပူးတွဲလက်စွမ်းပြထားသည့် ဆယ်နှစ်သား ကျွန်းစိုက်ခင်းတွေကိုတော့ ကားလမ်းဘေးဝဲယာ တစ်လျှောက် မြုတ်ချည်ပေါ်ချည်မြင်တွေ့နေရပါသေးသည်။ အရွယ်ညီ အကွာအေဝးညီ သစ်မျိုးတစ်မျိုးတည်း စိုက်ပျိုးထားသော စိုက်ခင်းများကို အဝေးမှမြင်ရသူတွေအနေဖြင့် အားကျကောင်းအားကျမိနိုင်ပေမယ့့် မိမိကတော့ ကျိတ်ပြီးရင်လေးနေမိသည်။

မူလက သစ်မျိုးစုံ အရွယ်စုံ သတ္တဝါမျိုးစုံ အပြန်အလှန်ချိတ်ဆက်မှီတည်နေသည့် ဂေဟစနစ်တစ်ခုသည် အရွယ်အစားညီ သစ်မျိုး တစ်ခုတည်းအတွက် မှီခိုဖြည့်စည်းပေးရာအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ တစ်စုတစ်မျိုးတည်းအတွက် အထောက်အပံ့ပေးနေမှု သည် Biodiversity လို့ ပြော၍ ရနိုင်ပါအုံးမလား ။

တောင်ပေါ်ဖြတ်လမ်း မိုင်(၂၀) ရွာအဝင်နားအရောက်တွင် ဟွန်းသံပြိုင်တူပေးပြီး ရှေ့ဆင့်နောက်ဆင့် ဆင်းလားသည့် ဆိုက်ကယ်အုပ်စုနှင့်ပက်ပင်းဆုံမိတော့သည်။ ပထမက ဘာယဉ်မှန်းမသိအံ့ဩ နေမိသည်။ ဆိုင်ကယ်ဘေးနှစ်ဖက်ကို ဝန်တင်ရန်အတွက် ဝါးဖြင့်ခြင်းယက်ပြီးချိတ််ထားသောကြောင့် ရုတ်တရက်သော် မြင်နေကြ မဟုတ်၍ ဘာယာဉ်အမျိုးအစားဆိုသည်ကိုပင် မဝေခွဲတတ်အောင်မှင်သက်နေမိသည်။ နောက်မှ မိတ်ဆွေကို မေးကြည့်တော့ ကျွန်းပါကေးပြားများကို ဘေးနှစ်ဖက်ခြင်းများထဲသွတ်သွင်း၍ သယ်ဆောင်လာသော သစ္ခိုး အသိဆိုင်ကယ်များဖြစ်ကြောင်းသိလိုက်ရသည်။

ဉာဏ်မရှိသည့် ရောဂါပိုးတို့သည်ပင်လျှင် ဗီဇမြှင့် ကူးစက်နိုင်ကြသေးလျှင် အသိဉာဏ်ရော အေတြး အခေါ်နှင့်ခံစားမှုပါရှိနေသည့် လူတို့၏လိုက်လျောညီထွေရှင်သန်ရုန်းကန်မှုမှာကား ပြောဖွယ်ရာမရှိ တားဆီးရန် လည်းခက်ပါလိမ့်မည်။

“သူတို့ဘဝတွေလည်း မလွယ်ပါဘူးကွာ ။အဲဒါ ဖုန်းနဲ့ချိတ်ပြီး စုသိမ်းမယ့် ဆုံရပ်ကို သွားကြတာ ။အဲဒီမှာကုန်သည်က သစ်ခိုးကားလို့မထင်အောင် လိုင်စင်မဲ့ မော်ဒယ်အမြင့်ကားနဲ့စောင့်ပြီး ချက်ချင်း သယ်သွားရော ၊ အဲလမ်းမှာ စစ်ကြောင်းတို့ဘာတို့နဲ့တိုးလို့မိရင်တော့ ကားထားပြီးထွက်ပြေး ကားဆုံးငွေဆုံး ပစ္စည်းဆုံးပေါ့ကွာ။ ဆယ်ခါလွတ်လည်း တစ်ခါမိရုံနဲ့ ဘဝပျက်ပြီး နလံထူဖို့မလွယ်တော့ဘူး။ ဆိုင်ကယ်ကယ်ရီတွေက တောလမ်းမှာ မနိုင်မနင်းတင်ရင်း စွန့်စားသယ်ကြ ချောက်ထဲထိုးကျလို့ အသက်သေတာကတော်သေး။ ချေပြတ်လက်ပြတ်နဲ့ ဒုက္ခိတများဖြစ် သွားလို့ကတော့ပြီးရောပဲ ။ ဒါလဲ လုပ်စားနေကြတာပါပဲကွာ ။ သွားပြောကြည့် ဒါမှမလုပ်ဘာလုပ်စားမလဲလို့ မင်း ပြန်မေး လိမ့်မယ်”

မိတ်ဆွေက သဘာဝကိုချစ်တတ် တောကို နှမြောတတ််သည့် ကျွန်တော့်စရိုက်ကိုသိနေသဖြင့် စိတ်ပြေစရာအဖြစ် လေပြေထိုးနေမှန်းကျွန်တော်သိလိုက်ပါသည်။ ဒါပေမယ့်ကျွန်တော်က အခု သစ်တောကိုနှမြောတာထက် အလုပ်အကိုင်ဝင်ငွေအခွင့်အလမ်းနည်းပါးစွာနဲ့ ဘဝကို ကြုံသလိုကျင်လည်ကျက်စားရင်း မျှော်လင့်ချက်မဲ့နေသော ဒေသခံလူငယ်လူရွယ်တွေရဲ့အကြောင်းတွေးရင်း အသက်ရှုမဝဖြစ်နေရသည်ကိုတော့ သူသိပုံမပေါ်ပါ။ လူ သားလည်း အရင်းအမြစ်ပါပဲ။ သဘာဝလည်း အရင်းအမြစ်ပါပဲ။ နှစ်ခုစလုံးဆုံးရံှုးရမယ်ဆိုရင် ဘယ်သူ့အတွက် အရင်စဉ်းစားမလဲ။

မိတ်ဆွေက သူ့စကားကို ဆက်ပြန်သည်။ “အခုခေတ်က ချိန်းစောတစ်လုံးရှိရင်ပြီးရောပဲကွ။ တောထဲတက်သြား ကြိုက်တဲ့အပင်လှဲ၊ ပြီးရင် မီးတို့ခဲ့တာပဲ။ နောက် ၂ ရက်သုံးရက်လောက်ရှိမှ တစ်ခါပြန်သွားပြီး လှဲထားတဲ့ ။ မီး ကျွမ်းရာပါတဲ့ သစ္ကို ချိန်းစောနဲ့ပဲ လိုသလိုပိုင်းပြီး ပါကေးတို့ ဆိုက်သေးတို့ ခွဲစိတ်ကြတာ သစ်တောနဲ့တွေ့ တော့လည်း မီးလောင် သစ်ဟောင်းလေး အိမ်သုံးလိုလို့ လာဖြတ်တာပါ၊ ဘာညာပေါ့ကွာ ။ အမှုသက်သာအောင် ကြံဖန်လုပ်စားကြတာ။ အခု ဘာမှသဘာဝ​ေတာထဲက သိပ်မကျန်တော့လို့ ငါတို့စိုက်ခင်းတွေဘက်လှည့်လာကြပြီ”

ကျွန်တော်ကျိတ်၍ ဘုရားတမိပါတော့သည်။ ခုတ်ဖြတ်စပရဗွ၊ မီးလောင်ကွက်တမျှော်တခေါ်နဲ့ သစ်ရိပ် ဝါးရိပ်မဲ့ ကြေးငှက် တရိစ္ဆာန်​သံသာ ကင်းမဲ့နေမယ့် တစပြင်ကိုမြင်ယောင်မိရင်း တောထဲ အလည်အပတ် သွားဖို့ကို စိတ်လျော့လိုက်မိတော့သည်။

“သူငယ်ချင်းတို့စိုက်ခင်းတွေက ပင်ကြပ်နှုပ်ဖို့ အချိန်တောင်လွန်နေပြီပဲ ။ သူများခိုးမခုတ်ခင် မြန်မြန်ပင်ကြပ် နှုတ်လိုက်ရောပေါ့”

‘”အေးအေး အဲ့ကိစ္စပဲမင်းရင်ဖွင့်ခြင်လို့လေကွာ”ဆိုပြီး မိတ်ဆွေက အသံထွက်အောင်ရယ်ရင်းခေါင်း တဆတ်ဆတ်ညှိမ့်နေသည်။ သူ့မျက်နှာက မချိပြုံး
“ငါတို့ ဧကငါးဆယ်လောက် ပင်ကြပ်နမှုနာနှုတ်ကြည့်ပြီးပြီ သူငယ်ချင်း ။ ဈေးကွက်က မယ်မယ်ရရမရှိတော့ ဒေသပေါက်ဈေးနဲ့ပဲရောင်းကြရတာ ။ အလုပ်သမားခ၊ သယ်ယူစရိတ် ၊ ဝန်ထမ်းကြီးကြပ်စရိတ်၊ ကျွဲဆွဲစရိတ်နဲ့ ဝက်ဝက် ကွဲရံှုးပါလေရောလားကွာ ဟားဟား”

“သစ်တောနဲ့ရော မတိုင်ပင်ကြည့်ဘူးလား။ နိုင်ငံခြားဘိုင်ယာလေးဘာလေးရောရှာပေါ့ ” လို့ ကျွန်တော်စကား စကြည့်သည်။ မိတ်ဆွေက သူ့ရှေ့ ကားလမ်းကို သေချာငေးကြည့်ရင်း ကားကို သတိနဲ့ထိန်းမောင်းရင်းက ဖြည်းဖြည်းချင်း စကားပြန်လာသည်။

“သစ်တောကလည်း ထုတ်ဖို့ သမယ်မယ်ရရအားကိုးလို့မရပါဘူး။ ကာကွယ်ဖို့ စုပုံဖို့တောင် အဆင့်ဆင့် အမိန့်နာခံ သတင်းပို့နေရတာနဲ့ အလုပ်ကမဖြစ်ပါဘူး။ မင်းများ ဘိုင်ယာလေးဘာလေး ရှိမလားလို့ ဟားဟားဟား”

တောလမ်းတစ်လျောက် ကျွန်တော်တို့နှစ်ယောက်ရဲ့ နာနာကျင်ကျင် လှိုက်ရယ်သံက ကားစက္သံ တွေနဲ့ရော ပြီး တောင်ကမ်းပါးယံတွေဆီ မိုက်မိုက်မဲမဲ ပြေးဝင်ပဲ့တင်ထပ်နေပါတော့သည်။ ထိုနေ့က မိတ်ဆွေ၏ တောစခန်းတွင် ညအိပ်ကြရင်း ရှေးဟောင်းနှောင်းဖြစ်များ ရောက်တတ်ရာရာများ စကားပြောဖြစ်ကြသည်။ ညာဥ့်နက်လာသည်နှင့်အမျှ အမှောင်ထုကလည်း နက်နက်လာသည်။

အမှောင်ထဲမှ လိမ္မော်ရောင် မီးကွင်း မီးလုံးလေးများကိုလှမ်းငေးရသည်မှာ တမျိုးလှနေသလို ထင်ရသည်။ အထင်အမြင်ကိုကျော်ပြီး လက်တွေ့အရှိတရားကို ခံစားကြည့်မည်ဆိုလျှင်တော့ တောမီးတစ်ကွက် မုဆိုးတစ် သက်ဆိုသည့် ဆိုရိုးလေးအတိုင်း အမှောင်ထဲမှာ ရဲရဲနီလောင်ကျွမ်းနေမယ့် သတ္တဝါငယ်များ ပိုးဖလံများရဲ့ အုိးပစ် အိမ်ပစ်ပုံပြင်များစွာကို ရင်ဘတ်နှင့် နားဆင်နိုင်ပါလိမ့်မည်။

၁၇.၆.၂၀၂၀ ရက်နေ့တွင် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စတုတၳ တစ်နှစ်တာအတွက် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ဝန်ကြီး၏ပြောကြားချက်များအရ FAO ၏ ၂၀၁၅ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ သစ်တောဖုန်းလွှမ်းမှုရာခိုင်နှုန်းမှာ နိုင်ငံအကျယ်အဝန်း၏ ၄၂.၉၂ ရာခိုင်နှုန်း ရှိကြောင်းနှင့် ထိုအထဲတွင် ရွက်အုပ်ပွင့်တောနှင့်ရွက်အုပ်ပိတ်တော နှစ်မျိုးလုံးပါဝင်နေကြောင်းပြောကြားသွားသည်။

သို့သော် ရွက်အုပ်ပွင့် ဧရိယာ ဘယ်လောက် ရွက်အုပ်ပိတ် ဧရိယာဘယ်မျှ ပါဝင်သည်ကိုတော့ ခွဲခြားပြောကြားသွာခြင်းမရှိခဲ့ ပါ။ မိမိ သစ်တောဌာနတွင်းရှိနေစဉ် ၁၉၉၀ ပြည့်လွန်နှစ်များတွင်မှု သစ်တောဖုန်းလွှမ်းမှုမှာ နိုင်ငံအကျယ်အဝန်း ၏ ၅၂.၂၈ ဖြစ်ကြောင်း သိခဲ့ရသည်။ ဆယ့်ငါးနှစ်တာ ကာလတစ်ခုအတွင်း တောဖုန်းလွှမ်းမှုဧရိယာ ၁၀ ရာခိုင်နှုန်း ခန့်ကျဆင်းသွားတာကိုတော့သိရသည်။ ယခုမိမိရောက်ရှိလာချိန်မှာတော့ လုံးပါတ် ငါးပေအထက် ကျွန်းပင်ကိုမြင် ရဖို့ပင် မလွယ်တော့တာတစ်ခုပဲ သေချာနေခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၇ စက်တင်ဘာမှစ၍ လူထုအခြေပြု စောင့်ကြည့်သတင်းပေးစနစ် (CMRS) ဖြင့် စတုတၳတစ်နှစ်တာကာလအတွင်း တရားမဝင်သစ် ၄၉၇၈၂.၃၅ တန်နှင့် တရားခံ ၄၅၃ ဦး၊ ယဉ်နှင့် ယန္တရား၂၇၁၁ စီဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရပါသည်။ သစ်တန်အရေအတွက် ယဉ်အစီးရေနှင့်စာလျှင် တရားခံ ၄၅၃ မွာ အလွန်နည်းပါးနေပြီး လူမပါပဲအလိုအလျောက် မောင်းနှင်သော ယဉ်များ စက်များ ဖြင့်သစ်ခိုးခဲ့လေသလားလည်းစိတ်ဝင်စားမိသည်။

တကယ်တော့ သစ်တောဌာနစတင်မဖွဲ့စည်းမှီ မြန်မာဘုရင်များခေတ်က စလို့ သစ်ခိုးထုတ်မှုများကို ဥပေဒ အမြိုးမိြုး၊ နည်းလမ်းအမျိုးမျိုးဖြင့် တားဆီးခဲ့သော်လည်း ယနေ့အချိန်အထိ သစ်ခိုးထုတ်မှုများရှိနေရသည်မှာလည်း ကမ်ဘာ့အံ့ဖွယ်တစ် ပါးဖြစ်နေမိသည်။ ခေတ်အဆက်ဆက် သစ်ခိုးထုတ်သူနဲ့ ဖမ်းဆည်းဟန့်တားသူတို့ရဲ့ လိုက်တမ်းပြေးတမ်းကစားပွဲကား ဆက်လက်တည်တံ့နေဦးမည့် မြန်မာ့သစ်တောပုံပြင်များအဖြစ်ရှိနေပါလိမ့်အုံးမည်။

သစ္ကို ကျောက်လို မူးယစ် ဆေးဝါးလို ပုဆိုးခါးပုံစကြား ဝှက္သို သယ်ဆောင်နိုင်မည့်ခေတ်ကို ရောက်လျှင်ဖြင့် တစ္ဖက္ဖက်က လက်လျော့ သွားဖွယ်ရှိသည်။ တကယ်တော့ ပြည်သူများ၏ စစ်မှန်သည့်လိုအပ်ချက်ကို မျက်ကွယ်ပြုပြီး တစ်ဖက်သက်ရေးဆွဲချမှတ်ထား သည့် စည်းကမ်း နည်းလမ်း ဥပဒေမှန်သမျှပြည်သူကလည်း ချိုးဖေါက်ဖို့ ရရာနည်းလမ်းဖြင့် ကြိုးစား နေပါလိမ့်အုံးမည်။ မယုံမရှိပါနှင့် ချဲထီ နှစ်လုံးထီက စလို့ လိုင်စင်မဲ့ ဆိုင်ကယ်အဆုံး ဘယ်စီမံချက်မှ အဆုံးမသတ်နိုင်ခြင်းသည် နောက်ကွယ်က ဘာကြောင့်ပါဆိုသည့် ကျူးလွန်ရခြင်း၏ အရင်းအမြစ်ကို မဖေါ်ထုတ်နိုင် မဖေါ်ထုတ်ကြခြင်းကြောင့်သာလျှင်ဖြစ်ပါလိမ့်မည်။ ခဏခဏ ကိုင်းချိုင်ခံရသည့် သစ်ပင် ပိုမိုဝေစည်သလိုမျိုးပေါ့။

သစ်တောဦးစီးဌာနအနေဖြင့် ဖမ်းဆည်းတားမြစ်အရေးယူခြင်း၊ ပြန်လည်ပြုစုပျိုးထောင်စိုက်ပျိုးခြင်းများအပြင် သဘာဝပတ်ဝန်းကျင်ရဲ့တန်ဖိုးကို ဒေသခံပြည်သူများ ပိုမိုသိမြင်လက်ခံလာစေရန် ထိရောက်စွာ ကြိုးပမ်းသင့်သ လို ဒေသခံများ၏ လူနေမှုဘဝမြင့်မားရေးအတွက် အခြားသော အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဖေါ်ထုတ်ပေးခြင်းကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးသင့်သည်ဟုထင်မြင်မိပါသည်။ လူမှုဘဝမြင့်မားရေးနှင့် အခြားသောအလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဖေါ်ထုတ်ကူညီရာမှာတော့ သစ်တောဌာနတစ်ခုတည်းဖြင့် မစွမ်းသာသလို နိုင်ငံတော် အစိုးရအနေဖြင့်ရော အျခား ဆက်စပ်အဖွဲ့အစည်းများကပါ ဝို်င်းဝန်းပါဝင်ပြီး ထိရောက်စွာ စီမံချက်များရေးဆွဲ ဆောင်ရွက်သင့်သည်ဟုထင်မြင်မိပါသည်။ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလို ငွေကျေးအရင်းအနှီးပေါများပြီး နှစ်ရှည်ရင်းနှီးမြုပ်နှံလုပ်ကိုင်ရသည့် သစ်စီးပွားရေးအတွက် နည်းစနစ်များ သုတေသနများ အပတ်တကုတ်ကြိုးစားအားထုတ်နေမည့်အစား ဒေသခံများ လက်လှမ်းတမှီ ပါဝင်ဆောင်ရွက်နိုင်ပြီး၊ အကျိုးစီးပွားလည်းရှိ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောတွေကိုလည်း မထိခိုက်စေပဲ သစ်မဟုတ်သော အျခား သစ်တောထွက်ပစ္စည်းများ (Non Timber Forest Products, NTFP) ကိုတန်ဖိုးမြှင့်ထုတ်လုပ်နိုင်ဖို့၊ဈေးကွက်ရရှိဖို့၊ နည်းပညာပံ့ပိုးပေးနိုင်ဖို့ကြိုးစားပေးကြမည်ဆိုလျှင်ထမင်း တစ်လုပ် အတွက် အသက်ရောဘဝပါရင်းရသည့် သစ်ခိုးထုတ်မှုများတွင် ဒေသခံများ၏ ပါဝင်ပတ်သက်မှုများစွာ ကျဆင်း လျော့နည်းလာနိုင်မလား တွေးနေမိပါသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ဝန်ကြီးမှ နိုင်ငံတော်၏သဘာဝသယံဇာတအရင်းအမြစ်များ၊ ကောင်းမွန် သည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို လက်ရှိနှင့် အနာဂတ်နိုင်ငံသားများအတွက်အကျိုးအရှိဆုံးဖြစ်အောင် စနစ္တက် စီမံအုပ်ချူပ်လုပ်ကိုင်သွားရေးကို ရေရှည်မျှော်မှန်းချက်အနေဖြင့် ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားသွားခဲ့ပါသည်။

ညာဥ့်က တိတ်ဆိတ်နေသဖြင့် တောမီးလောင်ရာမှ ဝါးပေါက်သောအသံ ဖေါင်းကနဲကိုလည်း ကြိုကြားကြိုကြား အကျယ်ကြီး ကြားနေရသည်။ လီဘာကုန်ဟဲပြီး အုပ်စုလိုက်ဖြတ်မောင်းသွားကြသော ဆိုက်ကယ်သံများကိုလည်း မကြာမကြာ ကြားရပြန်သည်။ အမှောင်ထဲက တစီစီအော်နေသည့် ပိုးပုရစ်ကောင်၊ ပုစဉ်းရင်ကွဲကောင်လေးများ၏ အသံကိုရင်ဘတ်ဖြင့်နားထောင်ရင်း ရိုးမဖြတ်ကျော်လမ်းနံဘေးက တောစခန်းလေး တစ္ခုမွာ အိပ်မက်များနှင့် အိပ်စက်ခဲ့ဖူးပါသည်။ ။

#သစ်မွှေး

About The Author

greenness_mm

No Comments

Leave a Reply