မဲလုံး (ဝတ္ထုတို)

မဲလုံး (ဝတ္ထုတို)

မဲလုံးက ဆရာ၀န်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ္သက္လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လွဲ၍ေန ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။
သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ္သက္လုံး သူ့ကိုခိုင်းစေလာကြသူများ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံ ခန့်ခွဲလာကြသူများ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင် ခြယ် လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံးအံ့သြမိမည် မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် သည်လူတွေကို တစ်ခုလောက် မဲလုံးတောင်းပန်ချင်သည်။ သူ့ရှေ့ခြေထောက် နှစ်ချောင်းမှာ ချည်နှောင် ထားသည့် သံကြိုးကို သူမေသမီ တဒင်္ဂကလေး ဖြစ်ဖြစ် ဖြေပေးပါဟူ၍ပဲဖြစ်သည်။
သံကြိုး အတုပ်အနှောင်ကင်းသောဘ၀၊ တစ္သက္လုံး မျှော်မှန်းတမ်းတခဲ့ရသည့် လွတ်လပ်သော ဘ၀ကို ယခုနောက်ဆုံးအချိန်ကျမှပင် သူအမွတ်သိပ်ကြီး မွတ်သိပ်နေမိတော့သည်။ သို့သော် စင်စစ်တော့လည်း နှောင်ကြိုးမဲ့သောဘ၀၏ အရသာ၊ လွတ်လပ်သောဘ၀၏ အရသာဆိုသည်ကို သူသေသေချာချာပင် မှန်းဆမိတော့သည်မဟုတ်။
သည်ဘ၀မျိုးနှင့်ဝေးနေတာကြာခဲ့ပြီ။
တောထဲမှာဆွေအုပ်မျိုးအုပ်နှင့် လြတ္လပ္စြာ လှည့်လည်သွားလာနေထိုင်ခဲ့ရသည့်ဘ၀။ တစ်နေကုန်တစ်နေခန်း စားလိုက် ဝါးလိုက် မြူး တူးပျော်ပါးလိုက်နှင့် နေထိုင်ခဲ့ရသည့် ဘ၀။ ကိုယ့်ခြေလေးခြောင်းလုံးကို ကိုယ်ပိုင်ပြီး ကိုယ့်ကျောပေါ်မှာလည်း ဘယ်သူ့ကိုမှ တင်ခေါ်စရာ မလို၊ ဘယ်အလေးအလံတွေကိုမှလည်း တွန်းထိုးဆွဲငင်နေစရာမလိုသည့်ဘ၀။ ယခုတော့ သည်ဘ၀သည် သူမည်မျှပင် တမ်းတသည်ဆိုစေ အာရုံထဲတွင်ကား ဝိုးတဝါးမျှသာ ရှိတော့ပြီ။ သို့သော် နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် ယနေ့ကာလတိုင် သူ့ခေါင်း ထဲတွင် ပြက်ပြက် ထင် ထင် မြင်နေဆဲ အဖြစ်အပျက်တစ်ခုကား ရှိနေသည်။
လွတ်လပ်သော ဘ၀နိဂုံးချုပ်သောနေ့။
ကျွန်ဘ၀သို့ကျရောက်ခဲ့သည့်နေ့။
******************************
သူတို့ဆင်အုပ်ကျက်စားရာအနီးတဝိုက်မှာ လူသတ္တဝါအချို့ရောက်ရှိနေတာ သူတို့သတိပြုမိကြသည်။ တောထဲမှာရှိသည့် အခြားသတ္တဝါမျိုးစုံ၏ သေဘာကို သူတို့သိကြသည်။ သို့သော် လူဆိုသော သတ္တဝါ၏သဘောသဘာ၀ကိုမူ သူတို့မသိကြ။ ထိုသူတို့၏အေလ့အထကို သူတို့ နားမလည်။ မကျွမ်းကျင်။
မကျွမ်းကျင်သည့်အတွက်ကြောင့် သူတို့သည် ထိုလူဆိုသော သတ္တဝါကို သတိထားကြသည်။ ကြောက်ကြသည်။ ရှောင်ကျဉ်ကြသည်။ သို့သော် ထိုသို့ကြောက်ရင်း ရှောင်ကြဉ်ရင်းပင် လူ၏ထောင်ခြောက်တွင်းသို့ သူတို့သက်ဆင်းခဲ့ကြခြင်း ဖြစ်ချေသည်။
ထိုနေ့က တောထဲမှာ အဝီစိပွက်လေသည်။
ပတ်ပတ်လည် တောတခွင်လုံးမှာ ကြောက်မက်ဘွယ် ဆူညံသံမ်ား ရုတ်တရက် အဆက်မပြတ် ထွက်ပေါ်သည်။ သည်အသံတွေသည် လူတို့ဖန်တီးသည့် သေနတ်သံ၊ ဗျောက်အိုးဖောက်သံ၊ တုံးခေါက်သံ၊ သံပုံးတီးသံ၊ အော်သံဟစ်သံများဖြစ်ကြောင်း မဲလုံးတို့မသိနိုင်။ သူတို့သိသည်မှာ ကြောက်မက်ဘွယ် တစ်ခဲနက်အသံကြီးများ အဆက်မပြတ်ပေါ်ထွက်နေခြင်းသာ ဖြစ်သည်။
သည်အသံဗလံများနှင့်အတူ မီးတောက်မီးလျှံတွေလည်း အရပ်မျက်နှာအနှံ့အပြားမှာ ခြောက်ခြားစရာ မြင်တွေ့ကြရသည်။ တုန်လှုပ်ခြောက်ခြား ရသည့်အချိန်အခါမျိုး၌ သူတို့အားကိုးရာသည် အဘ စွယ်စုံကြီး ဖြစ်၏။ အဘစွယ်စုံကြီးပြေးရာနောက်သို့ သူတို့အားလုံး ထပ်ကြပ်မကွာ လိုက်ကြလေသည်။ သစ်ပင် သစ်ကိုင်းနှင့် ချုံနွယ်ပိတ်ပေါင်းတို့သည် သူတို့ဆင်အုပ်ကြီးအောက်တွင် ပြားပြား၀ပ်၍ ကျန်ရစ်သည်။ တစ်တောလုံးသည်လည်း လူတို့လုပ်သော အသံများထက်ပင် ပို၍ဆူညံ ပို၍ခြောက်ခြားဖွယ်ကောင်းသည့်ဆင်အုပ်ကြီး၏ ထိတ်လန့် တကြား အော်သံဟစ်သံ ပြေးလွှားသံများကြောင့် ကမ်ဘာပျက်သည့်နှယ် ပွက်ပွက်ညံလျက်ရှိလေသည်။
ကျုံး
ရှေ့လည်း မတိုးနိုင်၊ နောက်လည်းမဆုတ်နိုင်သောအနေအထားမျိုး တောထဲမှာမဲလုံး တစ်ခါမျှ မကြုံစဖူးခဲ့။ ရှိသမျှ အဆီးအတားကို အုပ်စုကြီး၏အင်အားဖြင့် တရကြမ်းဖယ်ရှားကာ ကမူးရှုးထိုးပြေးလွှားခဲ့ရာက ရုတ်တရက် ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဘေးဘီပင် မလှည့်နိုင်သည့် ထူးဆန်းသော အကျဉ်းအကျပ်တစ်ခုထဲသို့ လျှပ်တပြက်ရောက်သွားသောအခါ မဲလုံး သွေးပျက်မတတ် ထိတ်လန့်သွားမိသည်။
ကျုံးထဲမှာပိတ်မိနေကြပြီ။
ထုံးစံအတိုင်း အဘစွယ်စုံကြီးကို အားကိုတကြီး လိုက်ရှာကြည့်သည်။ အဘစွယ်စုံကြီးသည် နံဘေးနံရံရှိ သစ်လုံးတိုင်ကြီးများကို တအားတို့ဝှေ့ ကာ ဖြိုဖျက်နိုင်ရန် ကြိုးပမ်းနေသည်။ သစ်လုံးတိုင်တွေ ယိုင်၍ယိုင်၍သွားသည်။ သည်တိုင်တွေယိုင်လဲသွားလျှင် သူတို့အားလုံး ထွက်ပြေး လွတ်မြောက်နိုင်ကြမည်။ မဲလုံးတို့မျှော်လင့်တကြီးကြည့်နေဆဲ ရုတ်တရက်အလွန်ပြင်းထန် ကျယ်လောင်ပေါက်ကွဲသောအသံကြီး တစ္ခု အနီးကပ်ကြားလိုက်ရသည်။ အဘစွယ်စုံကြီး တုံ့ခနဲဖြစ်သွားပြီး တဖြည်းဖြည်း ဖင်ထိုင်ကျသည်။ အဘ၏နားသယ္စပ္ဆီမွ နီရဲသော သွေး စီးကြောင်းတစ်ခု စီးဆင်းကျလာသည်။ ထို့နောက် စွယ်စုံကြီးဘေးတိုက်လဲကျသွားပြီး နာကျင်စွာ ညည်းညူအော်မြည်သည်။ သို့သော် ခဏမျှသာကြာသည်။ အသံတိတ်သွားပြီး ခန္ဓာကိုယ်ကြီးလည်း မလှုပ်မယှက် ငြိမ်သက်သွားလေသည်။
အဘစွယ်စုံကြီးကျဆုံးသွားခြင်းနှင့်အတူ မဲလုံးတို့လွတ်လပ်သောဘ၀လည်း နိဂုံးချုပ်ခဲ့ရလေသည်။
******************************
သို့သော် မမှန်းဆနိုင်သောအကြောင်းတစ်ခုခုကြောင့် တစ်နေ့သောအခါ မိမိအလိုအလျောက် လွတ်မြောက်လေမလား ဟူသော မျှော်လင့်ချက် ကေလးတစ္ခုကမူ သူ့ရင်ထဲတွင်ကိန်းအောင်း၍ နေခဲ့သည်။ စင်စစ် သည်မျှော်လင့်ချက်ကြောင့်ပင် မဲလုံးသည် .
သူ့ခန္ဓာကိုယ် အေသြးအသားထဲ သူ့ဦးနှောက်နှင့် သူ့နှလုံး သားထဲမွ အရိုင်းစိတ်ကို လေ့ကျင့်ခန်းအမျိုးမျိုး သင်တန်း အမျိုးမျိုးဖြင့် ချိုးဖျက်ဖောက် ထုတ်ခဲ့ကြသည့် ရှည်လျားသော ငရဲခန်းကာလကိုကား မဲလုံးပြန်မတွေးချင်။ သူ့လည်ကုပ်ပေါ် လူတစ်ယောက်ပထမဆုံး ခွစီးခံရသည့် အျဖစ္ကို သတိရ လျှင်ပင် သူမျက်ရည် လည်လာသည်။
တကယ်တော့ မဲလုံးသည် ခွန်အားဗလကြီးမားသော် လည်း ဒေါသ အာဃာတနည်းပါးသူ၊ အစွယ်နှစ်ချောင်း ပြိုင်းပြိုင်းရှိသော်လည်း တိုက္လို ခိုက်လိုစိတ် ကင်းမဲ့ သူဖြစ်ခဲ့သည်။ လူသခင်များကို တော်လှန်ဖောက်ဖျက်ကာ ကျွန်ဘ၀မှလွတ်မြောက်ထွက်ပြေးဖို့ မဲလုံးတစ်ခါမျှ မကြိုးစားဘူး ခဲ့။ လွတ်မြောက်နိုင်သည်ဟူသော ယုံကြည် ချက်ရော၊ လွတ်မြောက်အောင်ကြိုးပမ်းမည် ဟူသော စိတ်ဓာတ်ပါ သူ့ရင်ထဲမှာ တစ်ကြိမ် တစ်ခါမျှပင် ပီပြင် ထင်ရှားစွာ မဖြစ်ပေါ်ဘူးခဲ့။ သူ့တစ်သက်လုံး လူတို့ခိုင်းသမျှ စေသမျှကိုသာ ကျေပွန်စွာထမ်းဆောင်ကာ သဘောကောင်းသော ဆင်ကြီးဘ၀၌ ကျိုးနွံစွာနေထိုင်ခဲ့သည်။ စင်စစ်လည်း အဘစွယ်စုံကြီးကျဆုံးချိန်တွင် သူ၏အရိုင်းစိတ်ဓာတ်နှင့် ရိုင်းသတ္တိများ တစ်၀က်ကုန်ခဲ့၍ လေ့ကျင့် သင်တန်းဆင်းကာလတွင် လုံးလုံးလ်ားလ်ား ကုန်ဆုံးသွားခဲ့သည်ဟု ဆိုရပေမည်။ ထိုကာလမွစ၍ မဲလုံးရင်ထဲ၌ အနှောင်အတည်းမှ ကင်းလွတ်လိုသောဆန္ဒနှင့် အနှောင်အတည်းခံဘ၀တွင်နေရခြင်းအတွက် ၀မ်းနည်းကြေကွဲခြင်း ခံစားမွု မ်ားမွတပါး အခြားမရှိတော့။
သို့သော် မမှန်းဆနိုင်သောအကြောင်းတစ်ခုခုကြောင့် တစ်နေ့သောအခါ မိမိအလိုအလျောက် လွတ်မြောက်လေမလား ဟူသော မျှော်လင့်ချက် ကေလးတစ္ခုကမူ သူ့ရင်ထဲတွင်ကိန်းအောင်း၍ နေခဲ့သည်။ စင်စစ် သည်မျှော်လင့်ချက်ကြောင့်ပင် မဲလုံးသည် လူတို့လက်တွင်သည်မျှ အသက်ရှည်ရှည် နေနိုင်ခဲ့ခြင်း ဖြစ်သည်။ သူနှင့်အတူ အဖမ်းဆီးခံရသည့်အထဲမှ မဲမကြီးဆိုလျှင် လေ့ကျင့်သင်တန်းပေးခံရစကာလမှာပင် ရင်ကွဲနာဖြင့်ကွယ်လွန်သွားခဲ့သည်။ တမှိုင်မှိုင် တတွေတွေနှင့် စိတ်ပျက်အားလျော့စွာအလုပ်လုပ်ရင်း သူ့ထက်စောစီးစွာ သေဆုံးခဲ့ကြသူတွေ ကိုလည်း မဲလုံး မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
အဆိုးဆုံးကေတာ့ ဘညို ဖြစ်သည်။ ဘညိုသည် ဆင်သမားတွေ ဝိုင်း၀န်းရိုက်ပုတ်အော်ဟစ်နေ ကြသည့်ကြားကပင် ကိုယ့်နှာမောင်းကို ကိုယ်တက်နင်းကာ အဆုံးစီရင်သွားခဲ့သည်။ ဘညို၏လုပ်ရပ် ကို ချီးမွမ်းရမလား၊ အပြစ်တင်ရမည်လား မဲလုံးမဝေခွဲတတ်။ သို့သော် ဘညို လုပ်သွားပုံကို ပြန်လည်မြင်ယောင်မိတိုင်း အကြီးအကျယ်တုန်လှုပ်ချောက်ချားရစမြဲ။ သည်မြင်ကွင်းကို ချက်ချင်းပြန်လည်မေ့ပစ်နိုင်ရန် သူအတင်းကြိုးစားစမြဲဖြစ်သည်။
*******************************
စင်စစ် မဲလုံးမျှော်လင့်ထားခြင်းသည် လူတို့၏စိတ်သဘောနှင့်ပတ်သက်၍အကဲခတ်မှားခြင်းကြောင့် လည်း ဖြစ်သည်။ မဲလုံး၏စိတ်၌ မိမိသည် လူတို့ခိုင်းသမျှစေသမျှကို မညည်းမညူဆောင်ရွက်ပေးလျှင် တစ်နေ့သောအခါ မိမိအပေါ် စေတနာတုံ့ပြန်လိမ့်မည်၊ မဲလုံးကြီး သြားလိုရာ သွားတော့ဟု ကြိုးဖြေပေး လိမ့်မည်ဟူ၍ တစ်ခါတစ်ရံ မျှော်လင့်နေမိသည်။ တစ်ခါတစ်ရံလည်းလူတွေမှာ တစ်နေ့သောအခါ လုပ်စရာကိစ္စ ဝိစ္စတွေပြီးစီးသွားပြီး သူတို့အရပ်သို့ သူတို့ပြန်သွားကြကာ မိမိတို့အား မိမိတို့သဘာ၀ အတိုင်း တောထဲတွင် လွတ်လွတ်လပ်လပ် နေကြရန် ထားပစ်ခဲ့ကြလိမ့်မည်ဟုလည်း မေရမရာ မျှော်လင့်နေမိတတ်သေးသည်။
သို့သော် လူတို့၏ကိစ္စဝိစ္စများမှာ ပြီးဆုံးသည်ဟူ၍ မရှိခဲ့ချေ။ လူတွေလက်ထဲရောက်ရှိပြီး သူတို့ အမိန့်ပေးစကားများကို နားလည်အောင် သင်ကြားပြီးသည့်အချိန်ကစ၍ သစ်လုံးတွေကို ဦးခေါင်းနှင့် တွန်းရွှေ့သည့်အလုပ်၊ သစ်လုံးရှည်ကို ကြိုးနှင့်ဆွဲသည့်အလုပ်များကို သင်ရင်းလုပ် လုပ်ရင်းသင်ရ သည်။ အလုပ်သင်ဘ၀မှာပဲ နှစ်ပေါင်းအတန်ကြာခဲ့သည်။ စင်စစ် လမ်းမရှိသည့် လျှိုမြောင် ချောက်ကမ်းတောတောင်တန်းများ ကိုဖြတ်သန်းကာ သစ္လုံးမ်ားကို မြစ်ဆိပ်အရောက် သယ်ရဆွဲရ သည့်အလုပ်သည် အန္တရာယ်များသလောက် ကျွမ်းကျင်မှုလည်း အထူးလို အပ်သော အလုပ်ဖြစ်သည်။
မဲလုံးက သဘောကောင်းရုံ ဝီရိယနှင့် ခွန်အားဗလရှိရုံသာမက ဉာဏ်ပညာလည်း ထက်မြက်သူ ဖြစ်သည်။ ထို့ကြောင့် သစ်လုပ်ငန်းပညာကို သူတကာထက် လျင်မြန်စွာတတ်မြောက်သည်။ အားတက္သေရာ ကျွမ်းကျွမ်းကျင်ကျင်လုပ်သည်။ မဲလုံးနှင့်လုပ်ရလျှင် အလုပ်တွင်သည်ဟု လူတိုင်းက မှတ်ချက်ချကြသည်။
စင်စစ် အသက်နှစ်ဆယ်အရွယ်လောက်မှာပင် မဲလုံးသည် တကယ်ခန့်ညား၍ ဥပဓိရုပ်ကောင်းသော ဆင်ကြီးတစ်ကောင်ဖြစ်ခဲ့သည်။ ဦးခေါင်းကြီးသည်။ နဖူးပြင်ကျယ်သည်။ နားရွက်ဖားသည်။ မျက်လုံးများကြည်လင်၍ တကယ်စိတ်နှလုံးကောင်းရှိသော အသွင်အပြင် မျိုးဖြစ်သည်။ ကျောကုန်းက ရှေ့ပိုင်းညီညာကာ နောက်သို့ပြေလျောကျဆင်းသွားသည်။ လည်ပင်းကတိုသော်လည်း ဗြက်ကျယ်သဖြင့် ဆင်ဦးစီးအတွက် အထိုင်ကောင်းသည်။ ထို့ပြင် ရင်အုပ်ကျယ်သည်။ ရှေ့ခြေနှစ်ချောင်းကားပြီး မြင့်လည်းမြင့်သည်။ နောက်ခြေနှစ်ချောင်းက တိုတုတ်သလောက် တောင့်တင်းခိုင်မာဟန်ရှိသည်။ ခြုံ၍ပြောရလျှင် မဲလုံးသည် ဆင်အကြောင်းနားမလည်သူများ ပင် မြင်ရုံနှင့် နှစ်သက်ကြ မည့် ဆင်ခန့် ဆင်လှကြီး တစ်ကောင်ဖြစ်သည်။
သဘောကောင်းသော မဲလုံးကြီးကို ဆင်ဦးစီးများ၊ ဆင်ခေါင်းများသဘောကျသကဲ့သို့ ခံ့ညား တည်ကြည်သောဥပဓိရုပ်နှင့် သူမတူသော လုပ်ရည်ကိုင်ရည်များကြောင့် ဆင်ပိုင်ရှင်များအတွက် လည်း ဂုဏ်ယူ၀င့်ကြွားစရာဖြစ်ခဲ့သည်။ မက်ဂရီကာကုမ္ပဏီမှ ဖာဂူဆင်တို့ စမစ္တို့ဆို လျှင် ကုမ္ပဏီဌာနချုပ်မှဧည့်သည်အသစ်ရောက်တိုင်း မဲလုံးကို တခမ်းတနား ပွဲထုတ်ပြလေ့ရှိသည်။ သူနှင့်တွဲ၍ ဓာတ်ပုံရိုက်ကြသည်။ သူ့တစ်ကိုယ်တည်းကိုလည်း ဓာတ်ပုံတွေ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကြသည်။ သူ့ကိုကကြိုးတန်ဆာတွေ အမျိုးမျိုးဆင်ယင်ကာ စီးကြည့်ကြသည်။ သစ်တုံးကြီးများကိုတွန်းကြည့်ခိုင်း ဆွဲကြည့်ခိုင်းကြသည်။ လေးတန်လောက်လေးသော သစ်တုံးကြီးကို မဲလုံးဆွဲပြသည်ကိုကြည့်ကာ လက်ခုပ် သြဘာပေးကြသည်။ သူ့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လိုတစိမ့်စိမ့်ကြည့်ကာ သူ့အမူအရာအမျိုးမျိုး၊ သူ့ဟန်ပန်အမျိုးမျိုးကို ရိုက္ကူး မှတ်တမ်းတင်ကြသည်။
တစ်ခါတစ်ခါတော့လည်း မဲလုံး၏စိတ်တွင် ဒီလူတွေသည်သူ့ကို တကယ်ပင် ချစ်ခင်တွယ်တာကြလေ သလား၊ တပ်မက်၍များပင်နေလေလား ဟု တွေးမိသည်။ သို့သော် ဘယ်လောက်ပင်ချစ်ယောင် ခင်ယောင်ပြုကြသော်လည်း အလုပ်ခိုင်းသည့်နေရာ၌ကား လျော့ပါးသွားသည်ဟူ၍ မရှိခဲ့ချေ။
နှစ်ပေါင်းလေးဆယ်ကျော်ကြာခဲ့သည့် မဲလုံး၏ကျွန်ဘ၀သက်တမ်းအတွင်း ပိုင်ရှင်အဆက်ဆက် ပြောင်းခဲ့သည်။ ရှမ်းလူမျိုးဆင်ဖမ်းသမား မ်ားထံမွေန၍ ဖာဂူဆင်တို့ မက္ဂရီကာ ကုမ္ပဏီသို့ ရောက်သည်။ မက်ဂရီကာမှတဆင့် မြန်မာဆင်သူဌေးတစ်ဦးလက်သို့ရောက်သည်။ သူဌေးက ကိုယ်ပိုင်သစ်လုပ်ငန်းတွင် ခိုင်းသည်။ ထို့နောက် အခြားမြန်မာဆင်သူဌေးတစ်ဦးထံသို့ ရောင်းချသည်။ ပထမတွင် ကိုယ်ပိုင်အလုပ်။ ထို့နောက်တွင် အစိုးရ သစ်လုပ်ငန်းသို့ငှားရမ်းသည်။ နောက်ပိုင်းလုပ်အားကျလာသောအခါ အစိုးရအလုပ်မှနှုတ်ထွက်ကာ သူဌေး ထံမွာ ဘောက်အလုပ်တွေလုပ်ပြီးနေခဲ့ရသည်မှာ ယခုကွယ်လွန်ခါနီး အချိန်အထိ။
ယင်းနှစ်ကာလများအတွင်း သူ့လည်ကုပ်ပေါ်စီးနင်းခဲ့သည့်ဆင်ဦးစီးတွေလည်း မနည်းတော့။ သူ့ကို အလုပ်အတူ လုပ်ဖော်တစ်ယောက်လို ညီနောင်သားချင်းတစ်ယောက်လို ညှာညှာတာတာ ဆက်ဆံဖော်ရသည့် ရွှေထီးတို့ ဖိုးခတို့လို ဦးစီးများနှင့်လည်း ကြုံခဲ့ရဖူးသည်။ ဘမုန်းတို့လို အလကားနေရင်း စိတ်တိုနေတတ်သော ဦးစီးမ်ား၊ မညှာမတာ မစာနာတတ်သူများထံမှလည်း ဒုက္ခကြီးစွာ ခံခဲ့ရဖူးသည်။
ဘမုန်းအကြောင်းတွေးမိသောအခါ ဘမုန်းကို ချေမှုန်းခဲ့သည့် လရောင်ကြီးကို သတိရသည်။ လရောင်ကြီး ငါးနှစ်အတွင်း ဦးစီးလေးယောက် အပါအ၀င် လူကိုးယောက်ကို သုတ်သင်ရှင်းလင်း ပစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
လရောင်ကြီး၏ပြင်းထန်သောစိတ်ဓာတ်မျိုး မဲလုံးတွင် မရွိပါ။ သူ့တစ်သက်လုံး လူကိုအန္တရာယ် ဖြစ်အောင်မလုပ်ဘူးခဲ့။ မတော်တဆ အထိတ်တလန့်ဖြစ်စေဖူးတာပင် တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ဖူးသည်။ အဲသည်တုန်းက သူနေမကောင်း။ တစ္ကိုယ္လုံးမအီမသာ နာကျင်ကိုက်ခဲနေ သည်။ သူနေမကောင်းမှန်းသိသဖြင့် ပိုင်ရှင်တွေက သူ့ကိုအလုပ်မခိုင်း။ နေမကောင်းဖြစ်နေတာ မသိဘဲ အတင်းအလုပ်လုပ်ခိုင်းသည့် အခါမျိုးတွင် သူ့မှာ အလွန်ဒုက္ခကြီးမားလှသည်။ ယခု အလုပ်မခိုင်းသည့် အတွက် သူကျေးဇူးတင်နေမိသည်။ သစ်ပင်ရိပ်မှာရပ်ကာ အဖျားဝေဒနာကို ခံစားရင်း သူ့အတွေးများ ကို ငယ်စဉ်ဘ၀ဆီသို့ လွှင့်မျောနေသည်။
မပီသေသာ ကြည်နူးမှု ပုံရိပ္မ်ား။
သို့သော် ကြည်နူးမှုက တာရှည်မခံ။
ထုံးစံအတိုင်း ကံဆိုးမိုးမှောင်ကျသော ထိုတစ်နေ့ဆီက အိပ္မက္ဆိုးမ်ား သူ့ခေါင်းထဲ တိုး၀င်လာသည်။ သေနတ်သံ၊ ဗျောက်အိုး ပေထုပ်တို့. . ပေါက်ကွဲသံ၊ လူတွေ ညာသံပေးအော်ဟစ်သံများ။ ချောက်ချားစဖွယ်တောမီးရောင်များ။ ထို့နောက် အနီးကပ်ပေါက်ကွဲသည့် ဆင်ပစ်သေနတ် သံနှင့်အတူ အဘစွယ်စုံကြီးညည်းညူ လဲကျသေဆုံးသွားရပုံ။
ရင်တုန်လှိုက်မောစွာ အတိတ်အိပ်မက်ဆိုးကိုမြင်မက်နေဆဲ ညာဘက်နံဘေးမှ ထူးခြားသော လှုပ်ရှားမှု တစ်ခုကိုရုတ်တရက်မြင်လိုက်ရ ပြီး နှာမောင်းနှင့်ဆတ်ကနဲယမ်းကာ ကာကွယ်လိုက်မိသည်။ အခြေအနေမှန်ကို သူသတိပြုမိသည့်အချိန်တွင် သူ့အားဆေးကုရန်လာသော တိရစၧာန်ဆေးကု ဆရာ၀န်သည် မြေပေါ်တွင်တလိမ့်ခေါက်ကွေးဖြစ်သွားရာက လူးလဲထကာ နောက်သို့လေးငါးလှမ်း ဆုတ်ပြေးသည် ကို မြင်လိုက်ရသည်။
မဲလုံးရုတ်တရက်ထိတ်လန့်ပြီးလုပ်လိုက်မိခြင်းဖြစ်ကြောင်းရိပ်မိသည့် ဆင်သမားတစ်ယောက်က ဆရာ၀န်၏ဆေးထိုးအပ်နှင့် ရွှေကိုင်းမျက်မှန် ကို လိုက်ကောက်နေသည်။ ဘေးလူများဝိုင်းရယ်ကြပြီးနောက် ကတုန်ကယင်ဖြစ်နေသောဆရာ၀န်အား ဆေးပုလင်းတစ်လုံးထဲမှ အရည် တစ်ခွက်ငှဲ့တိုက်တာတွေ့ရသည်။
မဲလုံးက ဒေါသမကြီးတတ်ပါဘူးဗျာ၊ မတော်တဆဖြစ်သွားတာပါ ဟု သူ့အား မဲလုံးကိုယ္စား တောင်ပန်ကြလိမ့်မည်ထင်သည်။
*****************************
လူတွေဟာ ငါ့မျက်နှာကိုချည်း ကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့မကြည့်ကြတာလဲ။ ခြေထောက်တွေကိုကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့် နေမိသည်။ သူတစ်ခါမျှမမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။
ခြေလေးချောင်းလုံးခွေကာ မြေမှာ၀ပ်စင်းလျက်ရှိသည့် မဲလုံး၏အနီးတွင် လူတွေ တဖြည်းဖြည်း များလာသည်။ ဒီလူတွေ၏ မျက်နှာတွေသည် မကောင်းကြ။ အထူးသဖြင့် ပိုင်ရှင်၏မျက်နှာသည် မကောင်း။ သူ့အလုပ်ကို နှစ်ရှည်လများလုပ်ကိုင်ပေးခဲ့သည့်မဲလုံးကြီးအတွက် စိတ်မကောင်း ခြင်းကြီးစွာ ဖြစ်နေဟန်တူသည်ဟု မဲလုံးတွေးမိသည်။
ကျွန်တော့်အတွက် စိတ်မကောင်းမဖြစ်ပါနဲ့တော့၊ ကျွန်တော့်ကိုချစ်ရင် သံကြိုးကလေးသာ ခဏဖြေ ပေးပါ၊ တောထဲတောင်ထဲမှာ လည်း ပြေးလွှားခုန်ပေါက်မနေနိုင်တော့ပါဘူး၊ သံကြိုးမပါတဲ့ ခြေနဲ့ တစ်လှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ရရင်ပဲ ကျွန်တော်သေပျော်ပါပြီဟု သူ့စိတ်ထဲပြောနေမိသည်။
လူတွေဟာ ငါ့မျက်နှာကိုချည်း ကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့မကြည့်ကြတာလဲ။ ခြေထောက်တွေကိုကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့် နေမိသည်။ သူတစ်ခါမျှမမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။ ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းကို ပွတ်သပ်သည်။ သူ၀မ်းနည်းသွားသည်။
သူ့အပေါ် ကြင်နာရှာသည်ပဲ။
ခိုင်းစေလွန်းသည့်အခါများတွင် တစ်ခါတစ်ရံငြူစူခဲ့ဖူးသည့်အတွက်ပင် သူအားနာသွားမိသည်။ လူစိမ်းက သူ့မျက်နှာကို တစ်ချက်မျှကြည့် လိုက်ပြီးနောက် သူ့အစွယ်ကို ပွတ်သပ်ကြည့်သည်။ အရှည်အလျားကြီးမဟုတ်သော်လည်း ညီညာဖြောင့်စင်း၍ အလွန်လှပသည့် စွယ်ငှက်ပျောဖူး နှစ်ချောင်း။ အစွယ်နှစ်ချောင်းကိုပွတ်သပ်နေရာက အစွယ်ရင်းရှိ အသားပျော့ထဲသို့ ထိုးကြည့် ဖိကြည့်သည်။
ရုတ်တရက် မဲလုံးသိလိုက်သည်။ ငါသေလျှင် ငါ့အစြယ္ကို ယူကြမည်ပဲ။ ငါသေလျှင်ဖြတ်ရောင်းမည့် အစြယ္ကို ငါမသေသေးခင်မှာပင် အားမနာပါးမနာ တိုင်းတာ ကြည့်ရှုနေကြသည်ပဲ။
သေသည့်နောက်မှာ ယူကြငင်ကြပါ။ အစြယ္သာမက အရိုးရောအသားပါ သူတို့ကြိုက်ရာ စီရင်ကြပါ။ မသေခင်လည်း ခိုင်းစေခဲ့ပြီး ပြီ။ သေသည့်နောက်တွင်လည်း ကျန်သမျှကို ယူကြငင်ကြဦးမည်။ ယူကြပါ။ သူတို့အတွက်လုပ်ကြပါ။ သို့သော် ငါ့ကို သံကြိုးဖြေပေးဖို့ ကလေးလောက်ကိုပင် သူတို့ လုပ်မပေးနိုင်ကြပြီလား။
တသက္လုံးမွာ ငါအတောင့်တဆုံး၊ အငတ်မွတ်ဆုံးဖြစ်ခဲ့သည့် ဒီဟာလေးတစ်ခုကို ငါသေခါနီး အချိန်လေးမှာပင် သူတို့လုပ်ပေးရကောင်းမှန်း မသိကြပြီလား။ ဒီလူတွေ ကျေးဇူးကန်းလွန်းလှသည် တကား။
မဲလုံး ဒေါသမထွက်စဘူး အကြီးအကျယ်ထွက်သွားသည်။ လရောင်ကြီးတို့ ဘညိုတို့ကို သူမြင်ယောင် သည်။ ရုတ်တရက် ကုန်းရုန်းထဖို့ သူကြိုးစားသည်။ မရ။ သူ့ခြေထောက်များမှာ အားမရှိတော့သလို ဖြစ်နေသည်။ မဲလုံးမလျှော့။ တအားအော်ဟစ်ကာ ရှိသမျှအားကို ညှစ်ထုတ်သည်။ မဲလုံးခန္ဓာကိုယ်ကြီး တဖြည်းဖြည်းကြွတက်လာသည်။ ခြေလေးချောင်းက တဖြည်းဖြည်း မတ်လာသည်။ လူတွေရုတ်တရက် နောက်ဆုတ်သွားကြသည်။ အားလုံးအံ့အားသင့်နေကြသည်။
တစ်သက်လုံးသဘောကောင်းပုံရခဲ့သော မဲလုံး၏မျက်နှာနှင့်မျက်လုံးတွင် ကြီးမားသော ဒေါသနှင့် အာဃာတကို သူတို့မြင်တွေ့နေကြရသည်။ လူတွေ နောက်ဘက် ထပ်ဆုတ်သွားကြသည်။ မဲလုံးခြေလေးချောင်းပေါ်တွင် မတ်မတ်ရပ်ကာ စူးစူးစိုက်စိုက်ကြီး ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကြီးကို အားစိုက်ပြီး တောင့်ထားသည်။ ရှေ့သို့တိုးဖို့ သူမကြိုးစား။ ကြိုးစားလျှင်လည်း မရနိုင်မှန်း သူသိနေ သည်။
နေရာမှာပင် တောင့်မတ်ကာ ခပ်လှမ်းလှမ်းမှရပ်ကြည့်နေသည့်လူစုကို အပြင်းထန်ဆုံးဒေါသဖြင့် စိုက်ကြည့်နေရင်း တဖြည်းဖြည်း ယိုင်လာသည်။ ခြေထောက်များကလည်း ခွေညွတ်ကျလာသည်။ တောင့်ထား၍မရတော့။
ဘေးဘက်သို့ ယိုင်သွားသည်။
မဲလုံးအသံအကျယ်ကြီးတစ်ချက် ကြွေးကြော်အော်ဟစ်ပြီးနောက် ဗုန်းကနဲ လဲကျသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ငြိမ်သက် သွားလေသည်။
****************************
မဲလုံးသေဆုံးပြီးသည့်နောက်တွင် သူ့ခြေထောက်မှသံကြိုးကို ဖြုတ်ကြသည်။ မဲလုံးကား သံကြိုးအတုပ်အနှောင်ကင်းမဲ့သောဘ၀ကို ခံစားနိုင်ခြင်းမရှိတော့။
သို့သော် မည်သည့်ဆင်ပိုင်ရှင် ဆင်ဦးစီးမျှလည်း သူ့အား နှိပ်စက်ခိုင်းစေခြင်းမပြုနိုင်ကြတော့။
ဖေမြင့်
ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ သြဂုတ် ၊ ၁၉၉၀

About The Author

greenness_mm

No Comments

Leave a Reply