၂၀၅၀ မှာ ရေအောက်ရောက်သွားနိုင်တဲ့ နယူယောက်ခ်မြို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေ
အမေရိကားက လူဦးရေ အထူးထပ်ဆုံး ဆိုတဲ့ မြို့တွေထဲက တစ်မြို့ ဖြစ်တဲ့ နယူယောက်မြို့က မြေမျက်နှာအသွင်အပြင် အခြေအနေအရ ၂၀ ၅၀ ခုနှစ်ဆိုရင် မြို့ရဲ့ အစိတ်အပိုင်းတော်တော်များများ ရေအောက်ကို ရောက်သွားနိုင်တဲ့အတွက်ကြောင့် မြို့ စည်ပင်က ဒေါ်လာ သန်းထောင်းပေါင်းများစွာ သုံးပြီး ပြင်ဆင်မှုတွေကို လုပ်နေရပါတယ်။ ကမ်းခြေအရှည် ၈၃၆ ကီလိုမီတာရှိတဲ့ နယူယောက်မြို့က ၂၀၅၀ ကိုရောက်လျှင် အနည်းဆုံး ၈ လက်မကနေ အများဆုံး ၂ပေခွဲကျော်အထိ ပင်လယ်ရေမျက်နှာပြင် မြှင့်တက်မှု ကို တွေ့ကြုံရမယ်လို့ ပညာရှင်တွေက ခန့်မှန်း တွက်ချက်ပြထားပါတယ်။ သေချာတာက နယူယောက်မြို့ က သဘာဝဘေးအန္တရာယ် ကို ရင်ဆိုင်နေရတဲ့ မြို့ ထဲက တစ်မြို့ဖြစ်နေတာပါပဲ။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကမ္ဘာကြီး ပူနွေးလာမှုကို […]