အောက်တိုဘာတတိယအပါတ်လောက်မှာ ဆောင်းခိုငှက်တို့ရဲ့မူလနေထိုင်သားပေါက်ရာဒေသများဖြစ်ကြတဲ့တိဗက်၊မွန်ဂိုးလီးယား နဲ့တရုတ်ပြည်မြောက်ပိုင်းရပ်ဒေသတွေကနေမုသုံအဆုတ်ဆောင်းဦးရာသီအစမှာပျံသန်းရေးလမ်းကြောင်းနှစ်ကြောင်းအတိုင်းမြန်မာပြည်ကိုဝင်ရောက်လာကြပါတယ်။ဗဟိုရ်အာရှအိန္ဒိယပျံသန်းရေးလမ်းကြောင်းနဲ့အရှေ့အာရှဩစတြေလျပျံသန်းရေးလမ်းကြောင်းတွေအတိုင်းဖြစ်ပါတယ်။အချို့ငှက်တွေကတော့စောရောက်တတ်ပါတယ်။ဗွီပုံ(V)အုပ်စုဖွဲ့လေခိုပျံသန်းကြခြင်းကြောင့်ခရီးမိုင်ပေါင်းများစွာကိုစွမ်းအင်သက်သာစွာနဲ့ရောက်ရှိစေပါတယ်။မုသုံအဆုတ်တိုးဝင်းလာတဲ့မြောက်ပြန်လေကလည်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ မန္တလေးမြို့ဝန်းကျင်မှာဆောင်းခိုငှက်တွေကျက်စားတဲ့အင်းအိုင်တွေတော်တော်များရှိပြီးအများစုကတော့ဧရာဝတီမြစ်နဲ့မြစ်ငယ်မြစ်တို့ရဲ့မြစ်ကျိုးအင်းများဖြစ်ကြပါတယ်။ထင်ရှားတဲ့အင်းတစ်ချို့မှာဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေတွေကို၂၀၀၈-၂၀၀၉ကနေယခုနှစ်အထိလေ့လာမှတ်တမ်းတင်တင်ခဲ့ပါတယ်။ဆောင်းခိုရာသီအကြောင်းပြောကြယင်နှစ်ဟောင်းနိုဝင်ဘာကနေနှစ်သစ်မတ်လောက်ဖြစ်တာကြောင့်သက္ကရာစ်နှစ်ခုနဲ့ဖေါ်ပြမှပြည့်စုံပါတယ်။မန္တလေးရဲ့မြောက်ဖက်မတ္တရာနဲ့စဉ့်ကူးမြို့တွေမှာဆောင်းခိုငှက်တွေတွေ့နှိင်တဲ့အင်းတွေရှိပေမဲ့ပုံမှန်မသွားနှိင်ခဲ့ပါ။ ၂၀၀၈လောက်ကနေ အခု၂၀၂၂အထိနှစ်စဉ်ရောက်ရှိလေ့လာဖြစ်တဲ့အင်းတွေကတော့မြစ်ငယ်မြစ်ရဲ့မြစ်ကျိုးအင်းတွေဖြစ်တဲ့တောင်သမန်အင်း၊ပုလိပ်အင်းနဲ့ဘနောအင်းတို့ဖြစ်ကြပါတယ်။တံတားဦးနယ်ထဲ့ကပြူကန်ကိုလဲနှစ်စဉ်ရောက်ပါတယ်။ရှေးမြန်မာမင်းများလက်ထက်ကတည်းကချောင်းမနက်ချောင်းကိုပိတ်ပြီးတစ်ဖက်ပိတ်ဆည်လုပ်ထားတာပါ။နောက်ပိုင်းအထက်ဖက်မှာချောင်းမနက်ဆည်သပ်သပ်လုပ်လိုက်ပြီးပြူကန်ထဲကိုကင်းတားမြောင်းရဲ့နောက်ဆုံးရေပိုစုရေဖြည့်သွင်းပြီးစိုက်ပျိုးမြေများကိုရေဖြန့်ဝေတဲ့အင်းဖြစ်ပါတယ်။ တောင်သမန်အင်း အယင်ကမန္တလေးမြို့ရဲ့တောင်ဖက်အစွန်မှာရှိခဲ့ပေမဲ့အခုတော့လူနေရပ်ကွက်တွေကြားမှာရောက်နေပြီဖြစ်တဲ့တောင်သမန်အင်းမှာဌာနေ နဲ့ဆောင်းခိုငှက်မျိုးစိတ် ၁၁၇ မျိုးတွေ့ရှိရပါတယ်။ရေငှက်၊ရေစပ်နေငှက် နဲ့ကုန်းငှက်မျိုးစိတ်တွေဖြစ်ကြပါတယ်။မျိုးစိတ်အားလုံးကိုရာသီတစ်ခုအတွင်းတွေ့ရခြင်းမဟုတ်ပါ။တစ်ချို့မျိုးစိတ်ကိုတစ်ရာသီသာတွေ့ခဲ့ရပြီးတစ်ချို့ကိုတော့ရာသီတိုင်းတွေ့ရနှိင်ပါတယ်။ဘဲရိုင်းမျိုးစိတ် ၁၅ မျိုးတွေ့ရပြီး ၁၁ မျိုးကဆောင်းခိုဘဲရိုင်းများဖြစ်ကြပါတယ်။ယခုနှစ်မှာတောင်သမန်အတွက်မှတ်တမ်းသစ်ဖြစ်တဲ့ဘဲရိုင်းခေါင်းစိမ်း( Mallard) တစ်ကောင်ကို က်ားမ (Burmese Spot-billed Duck) အုပ်နဲ့အတူတွေ့ရှိရပါတယ်။မြန်မာပြည်မှာတောင်သမန်အင်းမှာပဲတွေ့ရတဲ့ငှက်နုတ်သီးလန်ကိုနှစ်စဉ်ကောင်ရေ ၁၅-၂၅ လောက်လာခဲ့ပေမဲ့ပြီခဲ့တဲ့ရာသီကတစ်ကောင်ပဲတွေ့ခဲ့ရပြီးရက်ကြာကြာမနေခဲ့ပါ။ပြီးခဲ့တဲ့ရာသီက သုံးခြ နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့တွေမှာတွေ့ရှိကြောင်းသိရပါတယ်။ယခုနှစ်ငှက်ရာသီမှာမတွေ့ရသေးပါ။နှစ်စဉ်စင်ယော် ကောင်ရေ ၁၀၀ ကျော်လောက်ဆောင်းခိုလာခဲ့ပေမဲ့ယခုရာသီမှာ ၃ ကောင်ပဲလာတာတွေ့ရပါတယ်။ကောင်ရေထောင်ဂဏန်းအထိဆောင်းခိုရာသီတိုင်းတွေ့ရတတ်တဲ့ ဒေါင်လန်းခြေထောက် (Black-winged Stilt)တွေကလည်းရာဂဏန်းလောက်ပဲတွေ့ရပြီးအရောက်နောက်ကျတာကိုတွေ့ရပါတယ်။ဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေကတော့အဆိုးဆုံးအခြေအနေကိုရောက်ရှိနေတဲ့အင်းဖြစ်ပါတယ်။ ပုလိပ်အင်း မန္တလေးကနေ ၁၃ မိုင်လောက်အကွာမှာရှိတဲ့ပုလိပ်အင်းမှာ ငှက်မျိုးစိတ်ပေါင်း(၁၂၁)မျိုးကိုတွေ့ရှိရပါတယ်။ဆောင်းခိုဘဲရိုင်း(၁၉) မျိုးမှာ (၁၄)ကဆောင်းခိုဖြစ်ပါတယ်။အဲဒီဘဲတွေထဲမှာကမ်ဘာပေါ်မှာကောင်ရေ(၃၅၀)လောက်ပဲကျန်ရှိပြီးမျိုးတုံးလုနီးရေဘဲခေါင်းစိမ်း (Baer’s Pochard)နှစ်ကောင်ကနေလေးကောင်အထိလာရောက်တာတွေ့ခဲ့ရပါတယ်။ယခုနှစ်ဆောင်းခိုငှက်ရာသီမှာလဲသုံးကောင်ခန့်ကိုဇန္နဝါရီလ၁၇-၁၉ – ရက်တွေကတွေ့ရှိခဲ့ပါတယ်။ပုလိပ်အင်းကိုလာတဲ့ငန်းရိုင်းတွေထဲမှာထိပ်ဖြူငန်းရိုင်း အကြီးနဲ့ အေသး (Greater & Lesser White-fronted Goose) […]