Uncategorized

မုတ်သုံလေအကြောင်း ဆောင်းမုတ်သုံ-အရှေ့မြောက်မုတ်သုံလေ (WINTER MONSOON NE wind) မုတ်သုံလေ

အာရေဗျဘာသာဖြင့် Mausam(မော်ဆန်) သို့မဟုတ် Monsoon ဟုတ်ခေါ်သည့် ရာသီလေ(Seasonal Wind)ဖြစ်သည်။ မုတ်သုံလေကို ရှေးလွန်ခဲ့ပြီးသောနှစ်ပေါင်းများစွာက အာရေဗျပင်လယ်အတွင်းမှ ငါးဖမ်းလုပ်သားများက စတင်တွေ့ရှိခဲ့ကြောင်း၊ နှစ်စဉ်အချိန်မှန် အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှ တိုက်ခတ်သောလေတိုက်ခတ်ခြင်းကို သတိထားမှတ်သားမိကြရာက နွေမုတ်သုံလေနှင့် ဆောင်းမုတ်သုံလေများအဖြစ် ကျွန်ုပ်တို့ သိရှိနားလည်လာကြရခြင်းဖြစ်သည်။ အာရှတိုက်အတွင်းတွင်သာတိုက်ခတ်တတ်သည့် ရာသီလေအမျိုးအစားဖြစ်သဖြင့် “အာရှမုတ်သုံလေ” Asia Monsoon ဟုလည်းခေါ်ကြသည်။ နွေမုတ်သုံနှင့် ဆောင်းမုတ်သုံ … နွေမုတ်သုံ ခေါ် Summer Monsoon သည် ဇွန်လမှ အောက်တိုဘာလအတွင်း အနောက်တောင်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး ပူနွေး၍စွတ်စိုသော ပင်လယ်လေအမျိုးအစားဖြစ်ကာ အနောက်တောင်မုတ်သုံလေ ဟုလည်း သိကြသည်။ နွေမုတ်သုံလေတိုက်ခတ်သည့်ကာလအတွင်း မိုးရွာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းအစရှိသော ထူးခြားပြင်းထန်သည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်သည်။ ဤထူးခြားပြငိးထန်သော မိုးလေဝသအဖြေအနေများကြောင့် အနောက်တောင်မုတ်သုံလေ(နွေမုတ်သုံ)ကို ပိုမို၍အသိများကြသည်။ အာရှမုတ်သုံကျရောက်သည့်နိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံတွင် […]

အင်းလေးကန်

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။ ပထဝီဝင်ဆိုင်ရာအခြင်းအရာ ***************************** အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး […]

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး အင်း

မရောက်ဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ ၊ ငယ်စဉ်အခါက ကိုယ်နေခဲ့တဲ့ အင်းတော်မြို့လေးကို မနှစ်က ရောက်ဖြစ်ခဲ့တယ်။ အင်းတော်မြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက် စွန်းမှာရှိတဲ့ မြို့နယ်ဖြစ်တယ်။ ကချင်ပြည်နယ်ရဲ့ မိုးညှင်းမြို့နယ်နဲ့ကပ်လျက် တည်ရှိတဲ့ မြို့နယ် ဖြစ်တယ်။ အင်း တော်မြို့မှာ အင်းတော်အင်းလို့ ဒေသခံတွေ ခေါ်ဆိုကြတဲ့ အင်းကြီးတစ်ခုလည်းရှိတယ်။ မြန်မာနိုင်ငံမှာကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်း‌တော်ကြီးကန်က အကြီးဆုံးဖြစ်ပြီး ဒုတိယအကြီးဆုံးက ရှမ်းပြည်နယ်ရှိ အင်းလေးကန် ဖြစ်တယ်။ တတိယအကြီးဆုံးကတော့ အင်းတော်မြို့နယ်က အင်းတော်အင်းပါ။ အင်းတော်အင်းကို တချို့တချို့သော စာအုပ်တွေမှာ မန်လည်အင်းလို့ ရေးသားတာကိုလည်း တွေ့ရှိ ဖတ်ရှု ဖူးတယ်။အင်းတော်ကြီးအင်းနဲ့ ပတ်သက်တဲ့ သမိုင်းစာအုပ်တွေမှာ မန်လည်အင်းလို့ ရေးသားထားပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မန်လည်အင်းလို့ ခေါ်ဆိုတာကို မကြားရတော့ပါ။ အင်းတော်အင်းလို့ပဲ […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်

  (၁) ရွှေလက်တို့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားတွေဟာ လှပကောင်းမွန်လွန်းခဲ့ပါတယ်။ ရာသီဥတုသမမျှတတယ်။ သယံဇာတပေါကြွယ်ဝတယ်။ ဒါကြောင့် ရွှေလက်တို့အားလုံး မြန်မာနိုင်ငံသားဖြစ်ရတာကိုဂုဏ်ယူခဲ့ကြတယ်မဟုတ်လား။ အခုတော့ အစိုးရအဆက်ဆက် စီမံခန့်ခွဲတာညံ့ဖျင်းမှု၊ ၀ိသမလောဘသားတွေရဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောလုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်တွေ ပျက်စီးခဲ့ရပြီ။ သယံဇာတတွေ ဆုံးရှုံးခဲ့ရပြီ။ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပျက်စီးပြီးရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲကုန်ပြီ။ အဲဒီဖြစ်စဉ်တွေရဲ့အကျိုးဆက်တွေက သဘာဝဘေးအန္တရာယ်ဆိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်။ သဘာဝဘေးတွေကြောင့် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေမြောက်များစွာဆုံးရှုံးခဲ့ရတယ်။   အဲဒါတွေအားလုံးကိုရွှေလက်တို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလို့ ဖြစ်ခဲ့ရတယ်ဆိုတာရွှေလက် ပြောခဲ့ပြီးပါပြီ။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကိုကမ္ဘာ့နိုင်ငံအသီးသီးကပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေအားလုံးကလက်ခံပြီး သဘာဝ ပတ်ဝန်းကျင် ထိ်န်းသိမ်းရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရ […]

မန္တလေးဝန်းကျင်မှာရှိတဲ့အင်းများသို့၂၀၂၁-၂၀၂၂ အတွင်း ဆောင်းခိုငှက်များ ဝင်ရောက်မှုအခြေအနေ

အောက်တိုဘာတတိယအပါတ်လောက်မှာ ဆောင်းခိုငှက်တို့ရဲ့မူလနေထိုင်သားပေါက်ရာဒေသများဖြစ်ကြတဲ့တိဗက်၊မွန်ဂိုးလီးယား နဲ့တရုတ်ပြည်မြောက်ပိုင်းရပ်ဒေသတွေကနေမုသုံအဆုတ်ဆောင်းဦးရာသီအစမှာပျံသန်းရေးလမ်းကြောင်းနှစ်ကြောင်းအတိုင်းမြန်မာပြည်ကိုဝင်ရောက်လာကြပါတယ်။ဗဟိုရ်အာရှအိန္ဒိယပျံသန်းရေးလမ်းကြောင်းနဲ့အရှေ့အာရှဩစတြေလျပျံသန်းရေးလမ်းကြောင်းတွေအတိုင်းဖြစ်ပါတယ်။အချို့ငှက်တွေကတော့စောရောက်တတ်ပါတယ်။ဗွီပုံ(V)အုပ်စုဖွဲ့လေခိုပျံသန်းကြခြင်းကြောင့်ခရီးမိုင်ပေါင်းများစွာကိုစွမ်းအင်သက်သာစွာနဲ့ရောက်ရှိစေပါတယ်။မုသုံအဆုတ်တိုးဝင်းလာတဲ့မြောက်ပြန်လေကလည်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ မန္တလေးမြို့ဝန်းကျင်မှာဆောင်းခိုငှက်တွေကျက်စားတဲ့အင်းအိုင်တွေတော်တော်များရှိပြီးအများစုကတော့ဧရာဝတီမြစ်နဲ့မြစ်ငယ်မြစ်တို့ရဲ့မြစ်ကျိုးအင်းများဖြစ်ကြပါတယ်။ထင်ရှားတဲ့အင်းတစ်ချို့မှာဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေတွေကို၂၀၀၈-၂၀၀၉ကနေယခုနှစ်အထိလေ့လာမှတ်တမ်းတင်တင်ခဲ့ပါတယ်။ဆောင်းခိုရာသီအကြောင်းပြောကြယင်နှစ်ဟောင်းနိုဝင်ဘာကနေနှစ်သစ်မတ်လောက်ဖြစ်တာကြောင့်သက္ကရာစ်နှစ်ခုနဲ့ဖေါ်ပြမှပြည့်စုံပါတယ်။မန္တလေးရဲ့မြောက်ဖက်မတ္တရာနဲ့စဉ့်ကူးမြို့တွေမှာဆောင်းခိုငှက်တွေတွေ့နှိင်တဲ့အင်းတွေရှိပေမဲ့ပုံမှန်မသွားနှိင်ခဲ့ပါ။ ၂၀၀၈လောက်ကနေ အခု၂၀၂၂အထိနှစ်စဉ်ရောက်ရှိလေ့လာဖြစ်တဲ့အင်းတွေကတော့မြစ်ငယ်မြစ်ရဲ့မြစ်ကျိုးအင်းတွေဖြစ်တဲ့တောင်သမန်အင်း၊ပုလိပ်အင်းနဲ့ဘနောအင်းတို့ဖြစ်ကြပါတယ်။တံတားဦးနယ်ထဲ့ကပြူကန်ကိုလဲနှစ်စဉ်ရောက်ပါတယ်။ရှေးမြန်မာမင်းများလက်ထက်ကတည်းကချောင်းမနက်ချောင်းကိုပိတ်ပြီးတစ်ဖက်ပိတ်ဆည်လုပ်ထားတာပါ။နောက်ပိုင်းအထက်ဖက်မှာချောင်းမနက်ဆည်သပ်သပ်လုပ်လိုက်ပြီးပြူကန်ထဲကိုကင်းတားမြောင်းရဲ့နောက်ဆုံးရေပိုစုရေဖြည့်သွင်းပြီးစိုက်ပျိုးမြေများကိုရေဖြန့်ဝေတဲ့အင်းဖြစ်ပါတယ်။ တောင်သမန်အင်း အယင်ကမန္တလေးမြို့ရဲ့တောင်ဖက်အစွန်မှာရှိခဲ့ပေမဲ့အခုတော့လူနေရပ်ကွက်တွေကြားမှာရောက်နေပြီဖြစ်တဲ့တောင်သမန်အင်းမှာဌာနေ နဲ့ဆောင်းခိုငှက်မျိုးစိတ် ၁၁၇ မျိုးတွေ့ရှိရပါတယ်။ရေငှက်၊ရေစပ်နေငှက် နဲ့ကုန်းငှက်မျိုးစိတ်တွေဖြစ်ကြပါတယ်။မျိုးစိတ်အားလုံးကိုရာသီတစ်ခုအတွင်းတွေ့ရခြင်းမဟုတ်ပါ။တစ်ချို့မျိုးစိတ်ကိုတစ်ရာသီသာတွေ့ခဲ့ရပြီးတစ်ချို့ကိုတော့ရာသီတိုင်းတွေ့ရနှိင်ပါတယ်။ဘဲရိုင်းမျိုးစိတ် ၁၅ မျိုးတွေ့ရပြီး ၁၁ မျိုးကဆောင်းခိုဘဲရိုင်းများဖြစ်ကြပါတယ်။ယခုနှစ်မှာတောင်သမန်အတွက်မှတ်တမ်းသစ်ဖြစ်တဲ့ဘဲရိုင်းခေါင်းစိမ်း( Mallard) တစ်ကောင်ကို က်ားမ (Burmese Spot-billed Duck) အုပ်နဲ့အတူတွေ့ရှိရပါတယ်။မြန်မာပြည်မှာတောင်သမန်အင်းမှာပဲတွေ့ရတဲ့ငှက်နုတ်သီးလန်ကိုနှစ်စဉ်ကောင်ရေ ၁၅-၂၅ လောက်လာခဲ့ပေမဲ့ပြီခဲ့တဲ့ရာသီကတစ်ကောင်ပဲတွေ့ခဲ့ရပြီးရက်ကြာကြာမနေခဲ့ပါ။ပြီးခဲ့တဲ့ရာသီက သုံးခြ နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့တွေမှာတွေ့ရှိကြောင်းသိရပါတယ်။ယခုနှစ်ငှက်ရာသီမှာမတွေ့ရသေးပါ။နှစ်စဉ်စင်ယော် ကောင်ရေ ၁၀၀ ကျော်လောက်ဆောင်းခိုလာခဲ့ပေမဲ့ယခုရာသီမှာ ၃ ကောင်ပဲလာတာတွေ့ရပါတယ်။ကောင်ရေထောင်ဂဏန်းအထိဆောင်းခိုရာသီတိုင်းတွေ့ရတတ်တဲ့ ဒေါင်လန်းခြေထောက် (Black-winged Stilt)တွေကလည်းရာဂဏန်းလောက်ပဲတွေ့ရပြီးအရောက်နောက်ကျတာကိုတွေ့ရပါတယ်။ဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေကတော့အဆိုးဆုံးအခြေအနေကိုရောက်ရှိနေတဲ့အင်းဖြစ်ပါတယ်။ ပုလိပ်အင်း မန္တလေးကနေ ၁၃ မိုင်လောက်အကွာမှာရှိတဲ့ပုလိပ်အင်းမှာ ငှက်မျိုးစိတ်ပေါင်း(၁၂၁)မျိုးကိုတွေ့ရှိရပါတယ်။ဆောင်းခိုဘဲရိုင်း(၁၉) မျိုးမှာ (၁၄)ကဆောင်းခိုဖြစ်ပါတယ်။အဲဒီဘဲတွေထဲမှာကမ်ဘာပေါ်မှာကောင်ရေ(၃၅၀)လောက်ပဲကျန်ရှိပြီးမျိုးတုံးလုနီးရေဘဲခေါင်းစိမ်း (Baer’s Pochard)နှစ်ကောင်ကနေလေးကောင်အထိလာရောက်တာတွေ့ခဲ့ရပါတယ်။ယခုနှစ်ဆောင်းခိုငှက်ရာသီမှာလဲသုံးကောင်ခန့်ကိုဇန္နဝါရီလ၁၇-၁၉ – ရက်တွေကတွေ့ရှိခဲ့ပါတယ်။ပုလိပ်အင်းကိုလာတဲ့ငန်းရိုင်းတွေထဲမှာထိပ်ဖြူငန်းရိုင်း အကြီးနဲ့ အေသး (Greater & Lesser White-fronted Goose) […]