ကမာ္ဘလူဦးရေ ၄ ပုံ ၁ပုံက သောက်သုံးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်

ကမာ္ဘလူဦးရေ ၄ ပုံ ၁ပုံက သောက်သုံးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်

မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့သောက်သုံးရေနေ့အဖြစ် သက်မှတ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမာ္ဘကြီးပေါ်မှာတဖြည်းဖြည်းနဲ့ ရေချိုရှားပါးလာတာကို လူသားတွေ အခုတ်တရ ရှိစေဖို့နဲ့ ကမာ္ဘကြီးရဲ့ စိမ်ခေါ်မှုတစ်ရပ်ကို ဝိုင်းဝန်ဖြေရှင်းပေးစေလိုတဲ့ သဘောပါပဲ ။ ဒီနှစ်အတွက် ကမာ္ဘ့သောက်သုံးရေနေ့ အထိမ်းအမှတ် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်းပုဒ်ကတော့ “ ငြိမ်းချမ်းရေးအတွက် ရေ” ( water for peace ) ပါပဲ ။
သောက်သုံးရေတွေ ရှားပါးလာပြီး ညစ်ညမ်းမှုတွေ ဖြစ်လာရင် လူသားတွေမှာ မညီမျှမှုတွေ ပိုပြီး တိုးလာ တော့မှာပါ ။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ကြား ၊ လူ့အဖွဲ့အစည်းတွေ တစ်ခုနဲ့ တစ်ခုကြား တင်းမာမှုတွေ ပြင်းထန်လာပြီး ရေကြောင့် စစ်ပွဲတွေ ဖြစ်ပေါ်လာနိုင်စရာတွေ ရှိတဲ့အတွက်ကြောင့် သောက်သုံးရေ လုံလုံလောက်လောက် ရရှိမှုက ငြိမ်းချမ်းရေးကိုဖော်ဆောင်တာပဲ လို့ ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
၁၉၉၂ တုန်းက ဘရာဇီးနိုင်ငံ ရီယိုဒီဂျန်နီယိုမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေး ညီလာခံမှာ ကမ္ဘာသောက်သုံးရေနေ့ကျင်းပဖို့အတွက် အကြံပြုခဲ့တာပဲ ဖြစ်ပါတယ်။ “ သောက်သုံးရေက အသက်ပါ ၊ ဒါကြောင့် ဘယ်လိုနည်းနဲ့ မဆို ထိန်းသိမ်းကြပါ” ၊ “သောက်သုံးရေကို စုဆောင်းပြီး အနာဂတ်ကို ကယ်တင်ပါ” ၊ “ ရေစက်တိုင်းကိုရေတွက်ပါ ၊ ဉာဏ်ပညာနဲ့သုံးစွဲပါ” ၊ “ ရေ ၊ ဘဝရဲ့အနှစ်သာရ ၊ ဂုဏ်ယူစွာနဲ့ ထိန်းသိမ်းပါ” ၊ “ အေးချမ်းပါစေ ၊ ရေကိုချွေတာပါ” ၊ “ ရေကိုထိန်းသိမ်းတာ ၊ အသက်ကို ထိန်းသိမ်းတာပါပဲ” အစရှိတဲ့ ဆောင်ပုဒ်တွေကို ကုလသမဂ္ဂရဲ့ ညီလာခံတွေမှာ ရေးသားခဲ့ကြပါတယ်။
၂၀၂၄ အတွက် သောက်သုံးရေများနေ့ကို ပြင်သစ်နိုင်ငံမြို့တော် ပါရီ မှာရှိတဲ့ ယူနတ်စကို ရုံးချုပ်မှာ ကျင်းပခဲ့ ပါတယ် ။ ရေချိုးခန်းနဲ့ မီးဖိုချောင်သုံး ရေပိုက်တွေ မယိုစိမ့်ရေး ၊ ရေကို ဇိမ်ဆွဲပြီး မချိုးရေး ၊ သွားတိုက်နေချိန် ၊ မုတ်ဆိတ်ရိတ်နေချိန်မှာ ရေပိုက်ခေါင်းကို ပိတ်ထားရေး ၊ ဟင်းသီးဟင်းရွက်တွေကို ရေဇလုံတွေနဲ့ ဆေးရေး ၊ ရေခဲသေတ္တာထဲမှာသောက်နိုင်လောက်ပဲ ရေကိုထည့်ပြီး အအေးခံရေး ၊ အိုးခွက် ပန်းကန်တွေ ကို ရေသက်သက် သုံးပြီး ဆေးတာထက် လက်နဲ့ပွတ်တိုက်ဆေးကြောရေး ၊ မြက်ခင်းတွေကို လိုတာလောက်ပဲ ရေလောင်းရေး ၊ ခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ခံ သစ်ပင်တွေ စိုက်ပျိုးရေး ၊ ကလေးတွေကို အလဟဿ ရေမဖြုန်းတီးဖို့ ပညာပေးရေးတွေက ရေချိုပြုန်းတီးမှုကိုကာကွယ်နိုင်တဲ့ အချို့အချက်အလက် တွေပါပဲ ။
လူတွေကြောင့်ဖြစ်ရတဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ၊ သောက်သုံးရေ၊ ချက်ပြုတ်ရေးနဲ့ သန့်ရှင်းရေးအတွက် ရေချိုဟာ လူတော်တော်များများအတွက် ခက်ခဲလာပါတယ်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးပူနွေးလာမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ရေစီမံခန့်ခွဲမှုနှင့် ထုတ်ယူရေးမူဝါဒများကို ဆယ်စုနှစ်များစွာအတွင်း ဆိုးရွားသော မိုးရွာသွန်းမှုပုံစံများ၊ အပူလွန်ကဲမှုနှင့် မိုးခေါင်သောကာလများဆီသို့ ဦးတည်စေနေသောကြောင့်ဖြစ်ပါတယ် ။ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၂.၂ ဘီလီယံခန့်သည် ဘေးကင်းလုံခြုံစွာ စီမံထားသော သောက်ရေကို လက်လှမ်းမမီနိုင်တော့ဘူးလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အသက် ၅၀ အရွယ် အဖွား Justina Flores သည် ပီရူးနိုင်ငံ၊ လီမာမြို့ ဆင်ခြေဖုံးရှိ တောင်ကုန်းတစ်ခုတွင် နေထိုင်သည်။ အစိုးရမှရရှိသော ရေအချို့ဖြင့် မိသားစုဝင်ခြောက်ဦး၏အဝတ်အစားများကို လက်ဖြင့်လျှော်ဖွတ် ပါတယ် ။ ပြီးရင် အဲ့ဒိရေနဲ့ ခွေးကိုရေချိုးပေးခြင်း သို့မဟုတ် အိမ်ရှေ့က ဖုန်တွေ သိပ်သွားအောင် ရေဖြန်းခြင်းများ လုပ်ပါတယ် ။ ပီရူးအစိုးရက တောင်ကုန်းများတွင်နေထိုင်သော Flores ကဲ့သို့သော အဆင်းရဲဆုံးလူ ၁.၅ သန်းအား သောက်သုံးရေကို ပေးပါတယ် ။
မတ်စောက်သောလမ်းများပေါ်၌ ရေတင်ကားကြီးတွေနဲ့ ရေပေးရတာပါ ။ ရှားပါးသောရေ အရင်းအမြစ်များကြောင့် အိမ်နီးချင်းများကြား မကြာခဏ ပဋိပက္ခများ ဖြစ်ပွားစေပါတယ် ။ Flores က သူမ၏နေ့စဉ်လုပ်ငန်းဆောင်တာအားလုံးအတွက် တတ်နိုင်သမျှ ရေနည်းနည်းသုံးရန် ကြိုးစားပါတယ် ။ သူမတွင် အဝတ်လျှော်စက်အဟောင်းတစ်ခုရှိသော်လည်း လက်ဖြင့်လျှော်ခြင်းသည် စက်ဖြင့်လျှော်ခြင်းထက် တစ်ခါလျှော်တိုင်း ရေ ၄၅ လီတာ (၁၂ ဂါလံ) ခန့် ချွေတာနိုင်ပါတယ် ။
သူမနှင့်သူမတို့မိသားစုက တစ်ပတ်လျှင် အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးအားလုံးအတွက် လီတာ ၃,၀၀၀ (ဂါလံ ၇၉၀) ခန့်ရရှိကြပြီး မြို့တော်၏အချမ်းသာဆုံးဖြစ်သော San Isidro တွင် အရွယ်အစား တူညီသောမိသားစုတစ်စုသည် ပျမ်းမျှအားဖြင့် ၁၁,၇၀၀ လီတာ (၃၀၉၀) ကို အသုံးပြုကြပါတယ် ။ Flores သည် ငယ်စဉ်ကတည်းက ချမ်းသာသောမိသားစုများ၏အိမ်များတွင် အိမ်အကူတစ်ဦးဖြစ်ခဲ့ပြီး ဤကွာဟချက်ကို သူမကိုယ်တွေ့မြင်ခဲ့ရပါတယ် ။ “အဲဒီအိမ်တွေမှာ မင်းကြိုက်သလောက် အချိန်မရွေး ရေချိုးနိုင်ပါတယ်။ ဒီမှာ၊ အများဆုံးကတော့ တစ်ပတ်ကို နှစ်ကြိမ်ပဲ” လို့ တောင်ကုန်းများဖုံးထားသော အဆောက်အအုံများကို ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောသွားပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply