ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ သမုဒ္ဒရာအပူရှိန် စံချိန်တင်ခဲ့သော ၂၀၂၁

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ သမုဒ္ဒရာအပူရှိန် စံချိန်တင်ခဲ့သော ၂၀၂၁

၂၀၂၁ သည် ၂၀၂၀ ထက် ပိုမိုပူပြင်းသော နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်လေးခုတွင် တစ်နှစ်တစ်နှစ် ကမ္ဘာကြီး၏အပူချိန် တိုးမြင့်လာသည်မှာ အပြောင်းအလဲမရှိဘဲ တည်ငြိမ်သောလမ်းကြောင်းအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ထိုအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အစိုးရသိပ္ပံအေဂျင်စီများက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပြီး ကမ်ဘာကြီး၏အပူချိန် တိုးလာသည်နှင့်အတူ ၂၀၂၁ ခုနှစ်သည် သမုဒ္ဒရာ၏ အပူချိန်မှာလည်း စံချိန်တင်ခဲ့သည်ဟု ဆိုသည်။

NASA နှင့် National Oceanic and Atmospheric Administration မွ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် ကမ်ဘာ့ပျမ်းမျှမျက်နှာပြင်အပူချိန်သည် ကမ်ဘာ့အပူချိန်မှတ်တမ်းတွင် ဆဋ္ဌမမြောက်အမြင့်ဆုံးဖြစ်ပြီး ၂၀ ရာစုနှစ်များ၏ ပျမ်းမျှအပူချိန်ထက် ၁.၅၁ ဒီဂရီဖာရင်ဟိုက် ပိုမိုပူနွေးလာသည်ဟု ဆိုသည်။ အသစ်ကြေငြာထားသော ကိန်းဂဏန်းတိုင်းထွာချက်များသည် အေဂျင်စီနှစ်ခုလုံးမှ နှစ်စဉ်ပြုလုပ်သော သီးခြားခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံထားပြီး အစီရင်ခံစာ၏ တွေ့ရှိချက်များသည် ကမ်ဘာဂြိုဟ်၏ ရေရှည်ကျန်းမာရေးအတွက် အရေးကြီးသော ညွှန်ပြချက်တစ်ခုဖြစ်ကြောင်း၊ ၁၈၈၀ ခုနှစ် မှတ်တမ်းထိန်းသိမ်းမှု စတင်ချိန်မှစ၍ ကမ်ဘာမြေ၏ ရာသီဥတုသည် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာပုံကို တိုင်းတာပေးထားကြောင်း၊ တိုင်းထွာချက်များအရ လွန်ခဲ့သည့် ၈ နှစ်က အပူချိန်သည် မှတ်တမ်းဝင်အပူဆုံးနှစ်ဖြစ်ပြီး ၂၀၂၁ သည် ဆဋ္ဌမမြောက် အပူဆုံးနှစ်ဖြစ်ကြောင်း သိပ္ပံအေဂျင်စီများက ကြေညာချက်ထုတ်ခဲ့သည်။

ထိုသို့ ကမ်ဘာကြီး၏ အပူချိန်မြင့်မားလာမှုနှင့် အတူ သမုဒ္ဒရာအပူချိန်သည်လည်း မြင့်မားလာပြီး ၂၀၂၁ သည် သမုဒ္ဒရာအပူချိန် စံချိန်တင် မြင့်တက်ခဲ့သည်ဟု NOAA ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ NOAA ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များအတွက် အမျိုးသားဗဟိုဌာနမှ ရာသီဥတုစောင့်ကြည့်ရေးအကြီးအကဲ Russell Vose က ယမန်နှစ်တွင် ကမ်ဘာ့သမုဒ္ဒရာများ၏ ပူနွေးမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်ခြောက်ခုကတည်းက စံချိန်တင်ခဲ့သည့် အမြင့်ဆုံးဖြစ်သည် ဟု ပြောကြားခဲ့သည်။

သမုဒ္ဒရာများသည် သဘာဝအတိုင်း အပူကိုစုပ်ယူကာ သိုလှောင်ထားလေ့ရှိပြီး ရေထုထည်အတွင်းရှိ အပူချိန်များ တိုးလာခြင်းကြောင့် သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်များခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းနှင့် ပြင်းထန်သော ရာသီဥတုအကျပ်အတည်းမ်ား
ဖြစ်ပေါ်စေနိုင်သောကြောင့် သမုဒ္ဒရာများ ပူနွေးလာမှုသည် စိုးရိမ်စရာဖြစ်သည်။

NOAA ၏ ကြေညာချက်အရ ၁၉၇၇ မွ စတင်ကာ ၂၀ ရာစုနှစ်များထက် ပျမ်းမျှအပူချိန် မြင့်တက်လာသည်မှာ ၂၀၂၁ အထိ ၄၅ နှစ်ဆက်တိုက်ရှိပြီဖြစ်ကြောင်းနှင့် ကမ်ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုနောက်ထပ် အရိပ်အယောင်ကို ပေးဆောင်လျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ဝင်ရိုးစွန်းဒေသများရှိ ရေခဲဖုံးလွှမ်းမှုသည်လည်း ၁၉၇၉ ခုနှစ်နောက်ပိုင်း နှစ်စဉ်နည်းပါးလာပြီး ၂၀၂၁ တွင်လည်း ရေခဲဖုံးလွှမ်းမှု ဆက်လက်ကျဆင်းခဲ့သည်ဟု ဆိုသည်။

#ဖူးဖူး
ref-NBC News
Photo-gettyimage

About The Author

greenness_mm

No Comments

Leave a Reply