ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိ

ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိ

နိုဝင်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိသွားတယ်လို့ သတင်းရပါတယ်။ ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ပြင်သစ်စတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပါဝင်သူများက မိနစ် ၉၀ အတွင်း အမှိုက်အများဆုံး ကောက်ယူခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြပါတယ် ။
‘Spogomi World Cup’ ပြိုင်ပွဲ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အသိပညာများ မြှင့်တင်ရန်နဲ့ အထူးသဖြင့် သမုဒ္ဒရာထဲသို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ဖြစ်ပါတယ် ။ ကမ္ဘာကြီးက ၁၉၅၀ လောက်ကတည်းက ပလတ်စတစ်တန်ချိန် ၈.၃ ဘီလီယံကျော်ကို ထုတ်လုပ်ခဲ့ပြီး အများစုမှာ မိုက်ခရို နဲ့ နာနို ပလက်စတစ် များအဖြစ်သိုပြောင်းသွားကာ ရေစီးကြောင်းများ၊ မြေဆီလွှာများနှင့် နောက်ဆုံးမှာ သမုဒ္ဒရာများထဲကို ရောက်ရှိသွားခဲ့ပါတယ် ။
ပြိုင်ပွဲမှာက အဖွဲ့ဝင် ၃ ဦးစီပါပြီး အများပြည်သူနဲ့ ဆိုင်တဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အမှိုက်ကောက်ရတာပဲ ဖြစ်ပါတယ်။ ကောက်ယူတဲ့ အမှိုက်ပမာဏ နဲ့ အမျိုးအစားပေါ်မူတည်ပြီး အမှတ်ပေးခဲ့ပါတယ်။ ကောက်ယူချိန်ကို လည်း အပိုင်း ၂ပိုင်းခွဲပြီး လုပ်ခဲ့ပါတယ် ။
Team USA မှ ကစားသမား Beatrice Hernandez က “တခါတရံမှာ အမှိုက်တွေ အများကြီးမရှိတာကြောင့် အမှိုက်ရှာရတာ တကယ်ကို ခက်ခဲပါတယ်၊ ဒါပေမယ့် နည်းနည်းလေးဂရုစိုက် ကြည့်ရတဲ့အခါမှတွေ့တတ်တာပါ အဓိက ကတော့ လမ်းတွေ ၊ လမ်းထောင့်တွေ ၊ ပလက်ဖောင်းအစပ်တွေမှာ စီးကရက်ဘူးတွေကို အာရုံစိုက်ရှာ ကြည့်ဖို့လိုတာပါပဲ ” လို့ ပြောပါတယ်။
ထို့နောက် အမှိုက်ကောက်သည့်အပိုင်းတစ်ခုစီတိုင်းတွင် အမှိုက်များကို အမျိုးအစားအလိုက် မှန်ကန်စွာစီရန်- မီးလောင်နိုင်သောအမှိုက်များ၊ ပြန်လည်အသုံးပြုနိုင်သည့် ပလပ်စတစ်ဘူးများ၊ သတ္တုဘူး များ၊ စီးကရက်ဘူးများနှင့် အခြားအမျိုးအစားများအလိုက် မှန်ကန်စွာခွဲထုတ်ရန်အတွက် ကစားသမားများအား မိနစ် ၂၀ အချိန်ပေးပါတယ် ။
အားကစားနှင့် အမှိုက်အတွက် ဂျပန်စကားလုံးများကို ပေါင်းစပ်ထားသည့် SpoGomi သည် လူများစုဝေးရာ နေရာများတွင် အမှိုက်ကောက်ရန် တွန်းအားပေးရန်အတွက် ၂၀၀၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ တီထွင်ခဲ့သော ပွဲတစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝှမ်း ရေပန်းစားလာခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲပေါင်း ၂၃၀ ခန့်ကို ဂျပန်နိုင်ငံ၌ ကျင်းပခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူက ပြောပါတယ် ။
Team UK က အမှိုက် ၅၇. ၂၇ ကီလိုဂရမ် စုဆောင်းနိုင်ခဲ့ပြီး ၉၀၄၆.၁ မှတ်ရရှိပြီးနောက် ပြိုင်ပွဲပြီးဆုံးချိန်တွင် အနိုင်ရရှိသူအဖြစ် ကြေငြာခံရပါတယ်။ ပွဲစီစဉ်သူ၏အဆိုအရ၊ လာမည့် ကမ္ဘာ့ဖလား အမှိုက်ကောက် ပြိုင်ပွဲကို ၂၀၂၅ တွင်ကျင်းပရန် မျှော်လင့်ထားပြီး အခြားနိုင်ငံများမှ ပါဝင်သူများသည် တိုကျိုတွင် ထပ်မံစုဝေးရန် စီစဉ်ထားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply