ကိုဆိုဗိုမှာတော့ ဆိုလာနဲ့ သိုးမွေးမြူရေး တွဲပြီးလုပ်နေတယ်

ကိုဆိုဗိုမှာတော့ ဆိုလာနဲ့ သိုးမွေးမြူရေး တွဲပြီးလုပ်နေတယ်

                  ကိုဆိုဗိုရဲ့စွမ်းအင် သုံးစွဲမှု ၉၀ ရာခိုင်နှုန်းက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေကရတာပါ ။ နိုင်ငံလေးက သေးပေမဲ့ ကျောက်မီးသွေးသုံးစွဲမှုက ကမ္ဘာမှာ နံပါတ် ၅ အဆင့်မှာရှိပါတယ် ။ သူတို့က ၂၀၅၀မှာ ကျောက်မီးသွေး သုံးစွဲမှုကို လုံးဝပိတ်သမ်းမယ်လို့ ကတိပြုထားပါတယ်။ လေအားနဲ့ ဆိုလာတွေကို အစားထိုးဖို့ကြိုးစားနေပါ တယ်။ အခု ဆိုလာအခင်းတွေကို လုပ်တော့ မြေနေရာလွတ်တွေမှာ သိုးနဲ့ဆိတ်ကိုမွေးမြူဖို့အတွက် စီမံကိန်းစတင်နေပါတယ် ။
              ဆိုလာခင်းတွေထဲက မြတ်ပင်းတွေကို ရိတ်ဖို့အတွက် မြတ်ရိတ်စက်မသုံးတော့ဘဲ သိုးတွေ ဆိတ်တွေ မွေးလိုက် တာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ၂ဆ တိုးလုပ်လိုက်တာပဲ ဖြစ်ပါတယ် ။ ကိုဆိုဗိုအရှေ့ပိုင်း Kamenica မြို့ငယ်လေးအနီးရှိ Rogane ဆိုလာခြံမှ အလုပ်သမားများသည် သိုးမွေးမြူရေးနဲ့ သိုမွှေးထုတ် လုပ်ငန်းကိုပါ တွဲလိုက်ကြပါတယ် ။ ဆိုလာပြား ၁၂၀၀၀ကျော် တပ်ဆင်ထားသော လယ်ကွင်းများတွင် သိုးအကောင်ရေ ၁၀၀ ကျော်နှင့် ဆိတ်အနည်းငယ်ကို တစ်ပတ်လျှင် နှစ်ကြိမ် လွှတ်ကျောင်းကြပါတယ် ။
ဆိုလာပြား စီမံကိန်းစတင်ခါက မြတ်ရိတ်ရတဲ့ လုပ်ငန်းက အလုပ်တစ်ခုလိုဖြစ်နေရာ စီမံကိန်းအနီးက သိုးထိန်းတွေက သူတို့ရဲ့သိုးတွေကို ဆိုလာခင်းတွေထဲကို လာလွှတ်လို့ရမလားလို့ မေးပါတယ် ။ စီမံကိန်း မန်နေဂျာက သိုးထိန်းခွေးတွေနဲ့ သိုးထိန်းတွေပါရင် လာလွှတ်လို့ ပြောလိုက်ပါတယ် ။ အဲ့ဒိနောက်မှာတော့ ဆိုလာစီမံကိန်းမှာသိုးမွေးမြူရေး နဲ့တွဲလိုက်ရင် ပိုပြီး အဆင်ပြေသွားတာကို သိလာကြပါတယ် လို့ အသက် ၇၂ နှစ်အရွယ် သိုးထိန်း Rexhep Rrudhani က ၎င်း၏ သိုးများကို ဘောင်များအောက်တွင် ထိန်းကျောင်းခိုင်းကြောင်း ပြောပါတယ်။
             “သိုးတွေက မြက်ဆိုရင်ကောင်းကောင်း ဆိုးဆိုး မြက်မျိုးစုံကို စားကြပြီး အားလုံးကို သန့်ရှင်းအောင် လုပ်ပေး တော့ ငါတို့အားလုံးအတွက် အကျိုးရှိပါတယ်” လို့ မန်နေဂျာက ပြောပါတယ်။ ဥရောပမှာပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် စီမံကိန်းတွေက လုပ်ငန်းခွင်တွေကို မြို့ပြရှု့ခင်းပုံစံမျိုး ဖြစ်အောင်လုပ်လိုကြပြီး ခရီးသွားလုပ်ငန်းနဲ့တွဲ ချင် နေကြပါတယ် ။ ပြီးတော့ စွမ်းအင်ရယူရင်းနဲ့ အခြားတွဲလုပ်လို့ရမယ့် စီးပွားရေးလုပ်ငန်းတွေကို ဒီဇိုင်းရေးနေကြပါတယ် ။ အများစုက စွဲမက်ဖွယ်ရာကောင်းတဲ့ ရှု့ခင်းတွေ လုပ်ဖို့အာရုံစိုက်နေချိန်မှာ ကိုဆိုဗိုက မွေးမြူရေးလုပ်ငန်းတွေ နဲ့ တွဲဖို့ လုပ်လိုက်ကြပါတယ် ။ အဲ့လိုစီမံကိန်းတွေကို သြစတြီးယားမှာလည်း လုပ်နေကြပါတယ် ။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply