ကဲ! COP 28 ကတော့စပြီ ဘာတွေ ဖြစ်လာမှာလဲ

ကဲ! COP 28 ကတော့စပြီ ဘာတွေ ဖြစ်လာမှာလဲ

နိုဝင်ဘာ ၃၀ ရက်နေ့မှာ COP 28 ကို ဒူဘိုင်းမှာ စပြီးကျင်းပပါတယ် ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံခေါင်းဆောင်တော်တော်များများနဲ့ အသင်းအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက် ကြပါတယ် ။ အဲ့ဒိ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံကြီးမှာ ဘာတွေ ဆွေးနွေး ကြမလဲဆိုတာကိုတော့ တင်ဆက်ပေးသွားမှာဖြစ်ပေမဲ့ လက်ရှိကမာ္ဘကြီးရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုပြေလျှော့သွားနိုင်မလား ဆိုတာကို စာဖတ်သူတွေကြိုတင်စဉ်စားနိုင်ဖို့ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
Global Methane Pledge ( ကမ္ဘာလုံးဆိုင်ရာ မီသိန်းထုတ်လွှတ်မှု ) ကို ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကတည်းက၊ လက်မှတ်ရေးထိုးတဲ့ နိုင်ငံအများအပြားမှ ထုတ်လွှတ်သော မီသိန်းပမာဏကို အလုံးစုံ လျှော့ချနိုင် ခြင်း မရှိသေးပေ။ ရာသီဥတုနည်းပညာကုမ္ပဏီ Kayrros က နိုင်ငံများသည် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ်တွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလျှော့ချရန် ကြိုးပမ်းရာတွင် ပျက်ကွက်နေကြောင်း တွေ့ရှိခဲ့တယ် လို့ဆိုပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဒူဘိုင်း COPမှာ ပြတ်ပြတ်သားသား ဆွေးနွေးသင့်တယ်လို့ လည်း ပြောထားပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ မီသိန်း ကတိကဝတ်ပြုထားသော်လည်း မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းမလာပါ။ တစ်ချို့နေရာတွေမှာတောင် မီးသိန်းထုတ်လွှတ်မှုက တက်နေတယ်” လို့ ဆိုပါတယ်။ “စူပါထုတ်လွှတ်မှုများအား လုံးလုံးလျားလျား တားမြစ်ရန် ကျွန်ုပ်တို့ တောင်းဆိုထားပါတယ် ။ ရုပ်ကြွင်းလောင်စာ များမှ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျင်မြန်စွာဖြတ်တောက်ခြင်းသည် ရာစုနှစ်အလယ်ပိုင်းတွင် ကမ္ဘာ့အပူချိန် မြင့်တက်မှု ၀.၁ ဒီဂရီ စင်တီဂရိတ်သို့ လျော့ကျသွားစေနိုင်ပါတယ် ။ အဲ့ဒိပမာဏက ကမ္ဘာပေါ်ရှိ ကားများနှင့် ထရပ်ကား အားလုံးကို လမ်းမပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ခြင်းနဲ့ ညီပါတယ်။ ဓာတ်‌ငွေ့တင်သွင်းသူများအပေါ် ဖြတ်တောက်မှုတွေ လုပ်ဖို့အတွက် နိုးဆော်ထားပါတယ်” လို့ ဆိုပါတယ်။
ယနေ့အစောပိုင်းတွင် UAE မှ သိသာထင်ရှားသော ကြေငြာချက်တစ်ခုမှာ ပုဂ္ဂလိကရန်ပုံငွေအသစ် သို့မဟုတ် ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးကောက်ခံမှု အရှိန်မြှင့်ရန် ဖန်တီးခြင်းပဲဖြစ်ပါတယ် ။ “ရာသီဥတုဆိုင်ရာ ဖြေရှင်းချက်များ အတွက် ရည်စူးထားသောဒေါ်လာ ၃၀ ဘီလီယံ ဖြင့် ရန်ပုံငွေဖန်တီးမှုကို ကြေငြာရခြင်းအတွက် ကျွန်ုပ်ပျော်ရွှင်ပါတယ် ” လို့ UAE ဥက္ကဌ Sheikh Mohamed bin Zayed al-Nahyan မှကြေငြာခဲ့ပါတယ် ။ ရည်မှန်းချက်အရကတော့ ၂၀၃၀မှာ ဒေါ်လာ ၂၅၀ ဘီလီယံသို့ ရောက်ရှိရန် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အိန္ဒိယတွင် နေရောင်ခြည်နှင့် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တပ်ဆင်ရန် ပထမဆုံး ပရောဂျက် က ၆ ဂစ်ဂါဝပ်ထုတ်ပေးနိုင်မယ်လို့ အိန္ဒိယက ဖော်ပြခဲ့ပြီး အာဖရိကနှင့် လက်တင်အမေရိကရှိ အခြားနှစ်ခုကို လေ့လာဆဲဖြစ်ကြောင်း AFP သတင်းကဆိုပါတယ် ။
ပဏာမခြေလှမ်းအနေနဲ့ COP28 အတွက် UAE ရဲ့ ယေဘူယျ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းကတော့ စိတ်ဆန္ဒအလျောက် ကတိကဝတ်များမှတစ်ဆင့် ဖြေရှင်းချက်များပြုလုပ်ရန်နဲ့ ပုဂ္ဂလိကကဏ္ဍကို ပိုမိုပါဝင်လာစေရန် ရည်ရွယ်ထားပါတယ်။
ပျက်စီးဆုံးရှုံးမှု ရန်ပုံငွေအတွက် နိုင်ငံတော်တော်များများက ထည့်ဝင်ငွေများကို ကြေညာနိုင်ဖို့ကြိုးစား နေချိန်မှာပဲ အီတလီက ယူရို သန်း ၁၀၀ကျော် နဲ့ ကနေဒါက ၁၁ဝန်းကျင် သန်းပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ မနေ့က ဂျာမဏီနိုင်ငံက ရန်ပုံငွေ ဒေါ်လာ သန်း၁၀၀ ( ယူရို ၉၁သန်းကျော် ) ပေးမယ်လို့ ကတိပြုခဲ့ပါတယ် ။ အီတလီဝန်ကြီးချုပ် မယ်လိုနီကတော့ ဂျာမဏီထက်သာအောင် လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ အီးယူ အဖွဲ့ဝင်နိုင်ငံတွေကတော့ ယူရို ၂၂၅ သန်း ကူမယ်လို့ကနဦး ကတိကဝတ်ကို ရထားပါတယ်။ တစ်နိုင်ငံချင်းစီ ဘယ်လောက် ထောက်ပံ့မယ်ဆိုတာကတော့ နောက်ပိုင်း အစီရင်ခံစာမှာ ထွက်ပေါ်လာပါလိမ့်မယ်။
ပွဲတက်လာတဲ့ ဂျော်ဒန်ဘုရင် Abdullah က COP28 တက်ရောက်သူများအား ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်ရန် ပဋိပက္ခများ ကင်းရှင်းစေရန် ဘယ်နိုင်ငံကိုမှ ချန်မထားခဲ့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
“ဒီနှစ်တက်ရောက်လာတဲ့ အဖွဲ့တွေအနေနဲ့ အထီးကျန် ဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဖြစ်ရပ်ဆိုးတွေ အကြောင်းကို မပြောနိုင်ဘူးဆိုတာ အရင်ကထက်တောင် ပိုပြီး အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” လို့လည်းဆိုပါတယ် ။ ဘုရင် Abdullah က ဆုံးရှုံးသွားသော အချိန်နှင့် တိုးတက်မှုကို အမီလိုက်နိုင်ရန် ကမ္ဘာကြီးက လုပ်ဆောင်နေသကဲ့သို့ ထိခိုက်လွယ်ဆုံးသူကို မေ့ထား၍ မရနိုင်ကြောင်း၊ “ပဋိပက္ခ ကင်းစင်သော လူ့အဖွဲ့အစည်းများ၊ ဒုက္ခသည်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကို ရင်ဆိုင်ရန် တစ်ယောက်တည်း ချန်ထားခဲ့၍ မရနိုင်ပါ။ ဂါဇာတွင် မဆုတ်မနစ်သော စစ်ပွဲကြီး၏ ကြီးမားသော ဖျက်ဆီးမှုသည် လူများကို ပိုမိုခြိမ်းခြောက်လာကာ ပိုမိုကောင်းမွန်သော ကမ္ဘာ့အနာဂတ်ဆီသို့ တိုးတက်မှုကို ထိန်းထားနိုင်သည်။ လက်ရှိ နှင့် အနာဂတ် မျိုးဆက်သစ်များ အားလုံးကို “ကျွန်ုပ်တို့ အားလုံးကို တာဝန်ခံရမယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုကျင်းပတဲ့ COP28 က ကျင်းပခဲ့သော COP ပွဲများနဲ့ ယှဉ်ကြည့်ရင်တော့ အကြီးအကျယ်ဆုံးပွဲကြီးဖြစ်ပါတယ် ။ တက်ရောက်ဆွေးနွေးမယ်သူ ၈သောင်းကျော်ပြီး COP ရဲ့ အပြာရောင်ဇုံထဲကို ဝင်ရောက်သူ ဦးရေက ၁သိန်းကျော်ပြီး အစိမ်းရောင်ဇုံထဲကို ဝင်ရောက်သူက ၄သိန်းကျော်တယ်လို့ သိရပါတယ် ။
မောင်ယဿ ဘာသာပြန်သည်၊
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply