ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေရဲ့ အဓိကအကြောင်းက ဖော်အဲဗားဓာတုပစ္စည်းကြောင့်လို့ အခိုင်အမာပြောလာကြပါပြီ

ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေရဲ့ အဓိကအကြောင်းက ဖော်အဲဗားဓာတုပစ္စည်းကြောင့်လို့ အခိုင်အမာပြောလာကြပါပြီ

မနှစ်ကနှစ်ကုန်ခါနီးအထိ ဖော်အဲဗားဓာတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ဆိုတာက ဝိရောဓိတွေ ဖြစ်နေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကလည်း အဲ့ဒိကိစ္စကို ရှင်းနိုင်ဖို့အသည်းအသန် သုတေသနတွေ လုပ်ခဲ့ကြပါတယ် ။ ယေးလ်တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးဌာကတော့ ဒီကနေ့ ကင်ဆာရောဂါနေ့အတွက် ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်တဲ့ နေရာမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ ကြောင့် ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်တယ်ဆိုတာသေချာတယ်ဆိုပြီး ပြောလာပါတယ်။

ဖော်အဲဗား ဓာတုပစ္စည်းဆိုတာ ပိုလီဖူအိုရိုအယ်လ်ကိုင်း ဓာတ်ပေါင်း poly-fluoroalkyl substances (PFAS)တွေကိုပြောတာပါ ။ အဲ့ ဒိဓာတ်ပေါင်းတွေက သဘာဝပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကြာအောင်မပျက်မစီးဘဲ ရှိနေနိုင်တဲ့အတွက် ဖော်အဲဗား ဓာတုပစ္စည်းလို့ ခေါ်ကြတာပါ ။ ယေးလ်က သိပ္ပံပညာရှင်တွေက အူမကြီးကင်ဆာကို သုတေသနလုပ်ရင် PFAS က လူသားခန္တာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တွေကို နေရာရွှေ့ပြောင်းသွားနိုင်အောင်လုပ်နိုင်တာကို တွေ့ခဲ့ပါတယ်။ ကျောက်ကပ်အတွင်းမှာရှိတဲ့ သေးငယ်လွန်းတဲ့ အညစ်အကြေးစွန့်အင်္ဂါတွေ ၊ ဆီးကြိတ်ဂလင်းတို့ ရင်သားမှာရှိတဲ့ နို့ရည်ပြုဂလင်းတို့ကို ထိခိုက်စေနိုင်တယ်ဆိုတာကို တွေ့ရှိလာရပါတယ် ။

PFAS တွေက လူ့ခန္တာကိုယ်အတွင်းမှာ အဆိပ်သင့်တဲ့ပုံစံမျိုးနဲ့ ဖွဲ့တည်လာတာပါ ။ သောက်ရေတွေ ၊ အိမ်ထဲမှာ ရှိတဲ့ဖုန်တွေ ၊ အိမ်သန့်ရှင်းရေးပစ္စည်းတွေ နဲ့ သုတ်ဆေးလိုမျိုး အရောင်ပြောင်လက်အောင် လုပ်တဲ့ အပေါ်သုတ်ဆေး တွေမှာက PFAS က ပါနေတတ်ပါတယ်။ အဓိကကတော့ ရေစိုခံပစ္စည်းတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ နဲ့ အဝတ်အထည်တွေမှာ PFAS ပါနေတော့ အမေရိကန် နိုင်ငံသား ၉၇ ရာခိုင်နှုန်းရဲ့သွေးထဲမှာ PFAS ရှိနေတယ်ဆိုပြီး သုတေသီတွေ ထုတ်ပြန်ထားပါတယ်။

လက်ရှိအနေအထား ကတော့ PFAS ပမာဏ ဘယ်လောက်လောက်ခန္တာကိုယ်ထဲမှာ စုပုံသွားရင် ကင်ဆာဖြစ်ပြီ ဆိုတာကို မတိုင်းတာရသေးပါဘူး ။ မီတာစတက်ဆစ်လို့ ခေါ်တဲ့ ဖြစ်စဉ်က PFAS တွေခန္တာကိုယ်ထဲကို အများအပြားရောက်လာရင် ဖြစ်တတ်တာပါပဲ ။ နောက်ပြီးတော့ မပြောင်းလဲနိုင်တဲ့အမျိုးအစားနဲ့ ပြောင်းလဲနိုင် တဲ့ KRAS ဗီဇပြောင်းတွေ ဖြစ်ထွန်းတယ်ဆိုတဲ့ ကိစ္စကလည်း ရှိပါသေးတယ် ။ အဲ့ဒါတွေအတွက် သေသေချာချာ လိုက်ရဦးမှာပါ။ ဘာပဲပြောပြော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့က လူသားတွေရဲ့ကျန်းမာရေးနဲ့ အများကြီး သက်ဆိုင်နေတာကတော့ ငြင်းလို့မရပါဘူး ။ မကျန်းမာတဲ့ ခန္တာကိုယ်နဲ့ ပိုက်ဆံတွေအများကြီး ရှိနေတာက ဘဝမှာ ပျော်ရွှင်မှုကို ရှာလို့မရနိုင်ဘူးလို့ ဆိုလိုက်ပါရစေ ။

မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply