ဂျက်လေယာဉ်ကို ခြေရာခံတဲ့ ကျောင်းသားကို တေလာဆွစ်တစ်ယောက် တရားစွဲဖို့ စီစဉ်နေ

ဂျက်လေယာဉ်ကို ခြေရာခံတဲ့ ကျောင်းသားကို တေလာဆွစ်တစ်ယောက် တရားစွဲဖို့ စီစဉ်နေ

ကိုယ်ပိုင်ဂျက်လေယာဉ်တွေက ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ တိုက်ရိုက်ထည့်သွင်းနေတာ ဖြစ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်တွေက ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်စီးနိုင်တဲ့ သူတွေရဲ့ ခရီးစဉ်တွေကို ခြေရာခံမှတ်သားပြီး သူတို့တွေ ကမာ္ဘ့လေထုထဲကို ကာဗွန်တွေ ဘယ်လောက်လွှတ်ထုတ်နေပါတယ်ဆိုပြီး ဖောက်ချ နေကြပါတယ်။ အခုလည်း ကမ္ဘာကျော်ဆယ်လီတစ်ဦးဖြစ်တဲ့ အမေရိကန် တေးရေ ၊ တေးဆို တေလာဆွစ်ရဲ့ ကာဗွန်ခြေရာတွေကို လိုက်လံဖော်ထုတ်တဲ့ ကျောင်းသားတစ်ဦးကို တရားစွဲမယ်ဆိုပြီးတော့ တေလာဆွစ်တို့ဘက်က စီစဉ်နေတယ်လို့ သိရပါတယ်။

ပေါ့ပ်စတားရဲ့ရှေ့နေများက စင်ထရယ်ဖလော်ရီဒါတက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာလေ့လာ နေတဲ့ အသက် ၂၂ နှစ်အရွယ် Jack Sweeney ကို ဒီဇင်ဘာလတွင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်စာတစ်စောင် ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ Sweeney သည် ဘီလျံနာများ၊ နိုင်ငံရေးသမားများနှင့် အခြားနာမည်ကျော်များ၏ ကိုယ်ပိုင်ဂျက်လေယာဉ်များကို ခြေရာခံရန် အများသူငှာဒေတာနှင့် ဆိုရှယ်မီဒီယာကို အသုံးပြုခဲ့လို့ ၂၀၂၂ ခုနှစ်တွင် ကမာ္ဘ့သူကြွယ်ကြီး Elon Musk နဲ့လည်း လူသိရှင်ကြား အကြိတ်အနယ်ဖြစ်ခဲ့ဖူးပါတယ်။

အဲ့ကျောင်းသားကို သတင်းအချက်အလက်တွေပေးဖို့ သတင်းဌာနတွေက လက်ထောက်ချတယ်ဆိုပြီးတော့လည်း ဆွစ်ရဲ့ ရှေ့နေတွေက အပြစ်တင်ထားပါတယ် ။ “သူမအား ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် သို့မဟုတ် ယုတ်ညံ့သော သို့မဟုတ် ကြမ်းတမ်းသော ရည်ရွယ်ချက်များဖြင့် ၎င်းတို့၏ အစီအစဉ်များကို အကောင်အထည် ဖော်ရန် လမ်းပြမြေပုံကို ဝေမျှနေကြပါတယ် ” လို့ ၎င်းတို့က စွပ်စွဲထားကြပါတယ်။
Sweeney ကတော့ ထိခိုက်နစ်နာစေရန် မည်သည့်အခါမျှ မရည်ရွယ်ပေမဲ့ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူ ဆိုင်ရာ အချက်အလက်များရဲ့ အရေးပါမှုကိုလည်း အခိုင်အမာ ယုံကြည်ကြောင်း တုံ့ပြန်ပြေကြားခဲ့ပါတယ်။
“ကျွန်တော်ထုတ်ပြန်တဲ့ အချက်အလက်တွေက အများသူငှာဆီကရတဲ့ အချက်အလက်မို့လို့ သူတို့ရဲ့ ဂျက်လေယာဉ်ကို ခြေရာခံတာပဲဖြစ်ဖြစ်၊ မှတ်တမ်းတင်ထားတာဖြစ်ဖြစ် အရေးမကြီးပါဘူး ။ ဒါပေမဲ့ ဂျက်လေယာဉ် ခရီးစဉ်တွေမှာ မလိုဘဲ သုံးတာတွေကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုပဲ ခင်ဗျားတို့ စဉ်းစားနေသင့်ပါတယ်” လူမှုကွန်ယက်စာမျက်နှာမှာ တုံ့ပြန်သွားပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲမှုစျေးကွက်ရှာဖွေရေးကုမ္ပဏီ Yard ၏စစ်တမ်းတစ်ခုမှာ သူမ၏လေယာဉ်သည် ၂၀၂၂တုန်းက ကာဗွန်ထုတ်လွှတ်မှုတန်ချိန် ၈၃၀၀ ကို ထုတ်လွှတ်ခဲ့ပြီး ပျမ်းမျှလူတစ်ဦး နှစ်စဉ်ထုတ်လွှတ်မှု စုစုပေါင်း၏ ၁၁၈၄ ဆရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply