စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ဆိုးတွေကို ဆင်းရဲတဲ့နိုင်ငံတွေ အလူးအလဲခံနေရ

စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ဆိုးတွေကို ဆင်းရဲတဲ့နိုင်ငံတွေ အလူးအလဲခံနေရ

အမေရိကန်အခြေစိုက် ဒါမောင့်တက္ကသိုလ် ကပြုလုပ်တဲ့ သုတေသန စာတမ်းအရ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၅နိုင်ငံကြောင့် ဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေကနေ ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တာ ကန်ဒေါ်လာ သန်းပေါင်း ၆သန်းကျော် ကုန်ကျခဲ့ရတယ်လို့ သိရပါတယ်။

ကမ္ဘာ့လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့အမြောက်အများ ထုတ်လွှတ်တဲ့ နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေ သဘာ၀ ဘေးအန္တရာယ်တွေ ခံစားနေရတာနဲ့ ပတ်သက်ပြီး လစ်လျူမရှုအောင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ရေးသမားတွေ နဲ့ အစိုးရအရာရှိ အချို့ က ဦးဆောင်ပြီး တိုက်တွန်းပြောဆိုမှုတွေ လုပ်နေရပါတယ်။ ရုပ်ကြွင်းလောင်စာတွေ သုံးပြီး ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ငွေကြေးအားဖြင့် ထောက်မကူညီသင့်တယ်လို့ လည်း သူတို့ က တိုက်တွန်းနေပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အမေရိကန်နဲ့ တရုတ် ၂နိုင်ငံကြောင့် ကမ္ဘာ့ အခြားနေရာက နိုင်ငံတွေ ၁၉၉၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း ကြုံတွေ့လိုက်ရတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် GDP ကန်ဒေါ်လာ သန်းပေါင်း ၂သန်း လောက် အဟောသိကံ ဖြစ်ခဲ့ရပါတယ်။

အဲ့ဒိကာလအပိုင်းအခြားအတွင်းမှာ ရုရှား ၊ အိန္ဒိယ နဲ့ ဘရာဇီ သုံးနိုင်ငံပေါင်း ထုတ်လွှတ်တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ကြောင့် အခြားနိုင်ငံတွေ ရဲ့ GDP ကန်ဒေါ်လာ သန်းပေါင်း ၅ သောင်းကျော် ဆုံးရှုံး ခဲ့ရပါတယ်။ အဲ့ဒိနိုင်ငံ ၅နိုင်ငံကြောင့် ကမ္ဘာ့ ဝင်ငွေဆုံးရှုံးမှုက သန်းပေါင်း ၆သန်းကျော်တယ်လို့ တိုင်းတာတွက်ချက် ပြထားပါတယ်။ ဒီနှစ်ပိုင်တွေ မှာလည်း ရုပ်ကြွင်း လောင်စာသုံးလို့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဆက်တိုက်ဆိုသလို ခံစားနေရပါတယ်။ လက်ရှိအကြမ်းဖျဉ်း တွက်ချက်မှုအရ ကမ္ဘာ့ ဝင်ငွေ ထိခိုက်မှုက ကန်ဒေါ်လာ သန်းပေါင်း ၁၁ သန်းကျော်နေပါပြီ ။ စာရင်ဇယားများအရ ထပ်ပြီး ပိုလာနိုင်စရာရှိပါသေးတယ်။

သူတို့ ကတော့ သူတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရုပ်ကြွင်းလောင်စားတွေကို အဆမတန် သုံးပြီး ကမ္ဘာကြီးကို မီးခိုးတိုက်နေပါတယ်။ အဲ့ဒိဒဏ်ကို အခြား နိုင်ငံတွေက လိုက်ပြီးမျှေ၀ ခံစားနေရပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက နိုင်ငံကြီးတွေ နိုင်ငံငယ်တွေကို ပစ်မထားဖို့ လှုံ့ဆော်မှုတွေ လုပ်နေရတာပဲ ဖြစ်ပါတယ်။

မောင်ယဿ ( ဇူလိုင် ၁၅ )

#greenness

REF: euronews

#Photo crd

About The Author

greenness_mm

No Comments

Leave a Reply