စစ်ဖြစ်ခဲ့တဲ့ မြေတွေမှာ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ မြက်မျိုးတစ်မျိုး ဖန်တီး

စစ်ဖြစ်ခဲ့တဲ့ မြေတွေမှာ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ မြက်မျိုးတစ်မျိုး ဖန်တီး

စစ်တွေဖြစ်ခဲ့တဲ့ မြေတွေမှာ ဗုံးဆန်ကျည်ဆန်တွေကြောင့် မြေကြီးတွေက RDX လို့ခေါ်တဲ့ အဆိပ်သင့်ပြီး ကျန်ခဲ့ပါတယ်။ ပေါက်ကွဲပြီး တွင်းတွေ ချိုင့်တွေဖြစ်ခဲ့တဲ့ မြေတွေ ယမ်းတွေကြောင့် မြေကြီးက အဆိပ်သင့်ခဲ့လို့ အဲ့ဒိမြေတွေကို ပြုပြင်ပြီး စိုက်ပျိုးရေးလုပ်တယ်ဆိုရင် အပင်တွေမှာ အဆိပ်အတောက် မကင်းနိုင်ဘူးဖြစ်နေပါတယ်။
အဲ့လိုမြေမျိုးကိုပြန်လည်သန့်စင်ဖို့အတွက် ယောက်ခ်တက္ကသိုလ်က ရုက္ခပညာရှင်တွေ စုစည်းပြီး ( panicum virgatum) မြတ်မျိုးကို မျိုးရိုဗီဇပြုပြင်ပြီး မြေဆီသန့်စင်အောင်လုပ်နိုင်ခဲ့ပါတယ်။
မြက်ကို ကျနော်တို့ ကမ္ဘာမှာ မြေဆီလွှာတိုက်စားမှု မရှိအောင်အဓိက စိုက်ပျိုးခဲ့တာပါ။ အခုတော့ မြတ်ပင် တွေကို ဟိုက်ဒရိုဂျင်စုဆောင်းဖို့နဲ့ မြေဆီသန့်စင်ဖိုပအတွက်ရည်ရွယ်ပြီး မျိုးရိုးဗီဇပြင်ကာ စိုက်ပျိုး လာကြပါပြီ။
ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်တွေအတွင်းမှာ သုံးခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက် တွေမှာ RDX က အဓိကအစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။ ဒီကနေ့အထိလည်း စစ်ဖြစ်နေတဲ့ နေရာတွေမှာ အဲ့ဒိဓာတ်ပေါင်းက မြေဆီကို လူသားတွေရဲ့ ကျန်းမာရေးအတွက် အဆိတ်အတောက်ဖြစ်နေဆဲပါ။ ပိုဆိုးတာက ကျည်တွေရဲပေါက်ကွဲအားကြောင့် မြေအောက်ရေကို ထိခိုက်စေနေပါတယ်။
သုတေသီတွေက RDX ကိုခြေဖျက်နိုင်ဖို့အတွက် ဘတ်တီးရီးယားတွေဆီက ဗီဇမျှဉ် ၂ခုကို ယူသုံးခဲ့ပါတယ် ။သူတို့က အဲ့ဒိဗီဇမျှဉ်တွေပေါင်းထည့်ထားတဲ့ မြတ်ပင်တွေကို အမေရိကန် စစ်ရေးလေ့ကျင့်ရေးကွင်းတွေမှာ သွာရောက်စိုက်ပျိုးခဲ့ပါတယ်။
အဲ့ဒိအပင်တွေကို ၆လလောက်စိုက်ပြီးတဲ့နောက်မှာ အဲ့ဒိစက်ပစ်ကွင်းတွေက မြေဆီအရည်အသွေးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ စိုက်ပျိုးမြေအဖြစ်အသုံးပြုလို့ ရအောင်သန့်စင်သွားတယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဗီဇပြင်ထားတဲ့ GM မြတ်တွေက နောက်ပိုင်းမှာ တန်ဖိုးရှိလာနိုင်စရာ ရှိပါတယ်။
သူတို့က အဆိပ်သင့်နေတဲ့ မြေတွေကို စိုက်ပျိုးမြေတွေ အဖြစ်ပြန်ပြောင်းနိုင်ဖို့အတွက် အကောင်းဆုံး သဘာဝပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးနည်းလမ်းဖြစ်ပါတယ်။
ကုန်ကျစရိတ်အနည်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ အဲ့ဒိမြက်တွေက RDX တွေကို ချေဖြတ်ပေးပေမဲ့ သူတို့ရဲ့ တစ်ရှုးတွေထဲမှာ RDX တွေ လုံးဝမတွေ့ရတာကလည်း အံ့အားသင့်စရာကောင်းတဲ့ မြက်ပင်တွေရဲ့ စွမ်းရည်တစ်ရပ် ဖြစ်တယ်လို့ သုတေသနခေါင်းဆောင် ဒေါက်တာလစ်ရိုင်းလော့က ဆိုပါတယ်။
✍🏻မောင်ယဿ
REF:science daily
Photo; york

About The Author

greenness_mm

No Comments

Leave a Reply