စီမံကိန်းတွေကြောင့် ဒေသခံတွေ ဘာရလိုက်သလဲ..

စီမံကိန်းတွေကြောင့် ဒေသခံတွေ ဘာရလိုက်သလဲ..

အမေရိကန်အခြေစိုက် သတ္တုတွင်းလောကဘီးလူးကြီး ဖြစ်တဲ့ အင်ဂလို အမေရိကန် ကသံသတ္တုရိုင်းတွေကို ဘရာဇီးမှာ လာတူးတယ် ၊ ပြီးရင် တရုတ်ကိုပို့တယ် ၊ အမြတ်အစွန်းတွေ အများကြီး ကြွယ်၀ ချမ်းသာသွားတယ် ။ ဒါပေမဲ့ အဲ့ဒိသံသတ္တုရိုင်းတွေ ထုတ်ယူတဲ့ သယ်ပို့တဲ့ ဒေသတွေကတော့ တစ်နှစ်ပြီး တစ်နှစ် အလဲလဲ အကွဲကွဲ နဲ့ ကျန်နေခဲ့ပါတယ်။
ဒေသခံလူ့အဖွဲ့ အစည်းတွေမှာ ရတာကနည်းနည်း ပြန်ပေးလိုက်ရတာက မသေချာမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ကများများဖြစ်နေပါတယ်။
ဘရာဇီး နိုင်ငံရဲ့ မီနပ်ရီယို သံသတ္တုရိုင်း တူးဖော်ရေး စီမံကိန်းက ကွန်ဆေးကောင်း ဒိုမာတိုဒန်ထရို ဒေသနဲ့ အယ်ဗိုရာဒါဒီမီနပ် ဒေသတွေမှာ တည်ရှိပါတယ်။
အဲ့ဒိက တူးဖော်ရရှိတဲ့ သံသတ္တုရိုင်းတွေကို အမှုန့်လုပ်ပြီး မိုင် ၃၂၈ မိုင်ဝေးတဲ့ မြို့တော် ရီယိုဒီဂျန်နီယို က အာဆူဆိပ်ကမ်းကို ပိုက်လိုင်းတွေနဲ့ ပို့တာပါ။ အဲ့ဒိကမှ တရုတ်နိုင်ငံကို သဘောင်္နဲ့ပို့တာပါ။
ထုတ်တာက အမေရိကန် ၊ သုံးတာက တရုတ် ၊ အကျိုး အမြတ်ခွဲရတာက ဘရာဇီးအစိုးရ အဲ့ဒိမှာ ဒုက္ခတွေ နဲ့တစ်ပွေ့တစ်ပိုက် ကျန်ခဲ့တာက ဒေသခံတွေ ပါပဲ။
ဒေသခံတွေ အဓိကပြောနေတာက ကမ္ဘာ့အရှည်ဆုံး သတ္တုပို့ ပြွန်ကြီးကြောင့် ဒေသတွင်း သဘာဝရေ ရရှိမှုကို အဆိပ်သင့် ခဲ့တာကြောင့်ပါပဲ။
၂၀၁၈တုန်းက အဲ့ဒိ ပိုက်လိုင်းကြီးက ၂ခါတိတိ ပေါက်ကွဲသွားခဲ့ဖူးပါတယ်။ သံမှုန့် တန်ချိန် ၁၀၀၀ ကျော် ဒေသတွင်းမှာ ယိုဖိတ် ပြန့်ကျဲထွက်သွားတယ်။
ကုမ္ပဏီက သံမှုန့်တွေကို ဘယ်လိုပို့နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ က ပွင့်လင်းမြင်သားမှု မရှိခဲ့ဘူး ။
ဒေသခံတွေကို ဘာတွေ ပြန်လုပ်ပေးမယ်ဆိုတဲ့ အချက်အလက်တွေကလည်း အစိုးရ က မထုတ်ပြန်ခဲ့ဘူး ။
အဲ့ဒါနဲ့ ပတ်သက်ပြီး လူမှု-စီးပွား အင်စတီကျူ့ တစ်ခုက ကမ္ဘာသိအောင် ထုတ်ဖော်ပြခဲ့ပါတယ်။ ကျေးလက်ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေတယ်။ ဖုန်တွေ ၊ အသံတွေက ဒေသတွင်းညစ်ညမ်းမှု ကို စတင်ဖြစ်နေတယ်။
မြစ်ချောင်းအင်းအိုင်တွေမှာ သန့်စင်မှုက ဆုံးရှုံးသွားပြီ။ အဓိကပြဿနာက သောက်ရေ နဲ့ စိုက်ပျိုးရေတွေ ညစ်ညမ်းနေတာပါပဲ။
ခင်ဗျားတို့ ဘာတွေ ပေးဆပ်လိုက်ရလဲ ဆိုတဲ့ စာတမ်း မှာ မီနပ်-ရီယို စီမံကိန်းကြောင့် ဒေသခံတွေ ရဲ့ ဆုံးရှုံးမှုတွေကို စာအုပ်ထုတ်ပြီး ပြောခဲ့ပါတယ်။
ဘရာဇီး သမ္မတ ဂျားဘောဆိုနာရို လက်ထက်မှာ သတ္တုတွင်း ဆိုင်ရာ ဥပဒေပုဒ်မ ၅၇ ခုတောင် အလုပ်မလုပ်တော့တဲ့ အတွက် ဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကတော့ ပြောစရာမရှိဖြစ်ခဲ့ပါတယ်။
မောင်ယဿ
REF: mongabay
photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply