စီးကရက်ဖင်စီခံနဲ့ လမ်းခင်းဖို့ စလိုဗက်ကီးယားသားတွေ ကြိုးစား

စီးကရက်ဖင်စီခံနဲ့ လမ်းခင်းဖို့ စလိုဗက်ကီးယားသားတွေ ကြိုးစား

ကမ္ဘာပေါ်က လူတွေရဲ့ တစ်ရက် စီးကရက်သောက်နှုန်းက အလိပ်ရေ ၁၈ ဘီလီယံ နီးပါးရှိပါတယ်။ သောက်လို့ ကုန်သွားတဲ့ အဲ့ဒိစီးကရက်ဖင်စီခံတွေ ထဲက ၃ ပုံ ၁ပုံက အမှိုက်အဖြစ်နဲ့ ကမ္ဘာကြီးပေါ်ကို ကျရောက်နေပါတယ် ။ ဒါတွေကို ရီဆိုက်ကယ်လုပ်ဖို့အတွက် မစဉ်းစားဘူးဆိုရင်တော့ ဒီရာစုအကုန်မှာ ကမ္ဘာမြေကြီးကို စီးကရက်ဖင်စီခံတွေ ဖုံးလွှမ်းသွားဖို့ရာရှိနေပါတယ်။
စလိုဗက်ကီးယား မြို့တော်ဝန်က စီးကရက်တွေကို ရီဆိုက်ကယ်ပြန်သုံးရမယ်ဆိုပြီး အမိန့်တစ်ခုကို ဒီအပတ်ထဲမှာပဲ ထုတ်ပြန်လိုက်ပါတယ်။ မြူနီစပါယ်တွေက စီးကရက် ဖင်စီခံတွေကို နည်းစနစ်တစ်ခုနဲ့ ပြန်လည်သိမ်းဆည်ရမယ်လို့လည်း အမိန့်ထုတ်ထားပါတယ်။
မြို့တော် ဘရာတစ်လာဗာမှာ စီးကရက်ဖင်စီခံတွေသီးခြား သိမ်းဆည်နိုင်ဖို့အတွက် ထည့်စရာတွေကို တီထွင်နေပါတယ်။ ပြီးတော့ သိမ်းဆည်းရတဲ့ဖင်စီခံတွေကို လမ်းခင်းဖို့အတွက် ကတ္တရာအဖြစ် ပြောင်းမယ်လို့လည်း သိရပါတယ် ။ “ပွဲတော်၊ ပြိုင်ပွဲ ၊ ဈေး ဒါမှမဟုတ် တခြားမြို့ပြပွဲတွေကို လာရောက် လည်ပတ်သူတွေအတွက် အထူးကွန်တိန်နာထဲကို စီးကရက်ဖင်စီခံတွေ ပစ်ဖို့စီစဉ်နေပါတယ်။ ပိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကိုသာမက ဒီအမှိုက်အမျိုးအစားကနေ အခြားပစ္စည်း တစ်မျိုး ပြန်လည်ရရှိရေးကိုလည်း အထောက်အကူဖြစ်စေမှာပါ” လို့ မြို့ပတ်ရထားမန်နေဂျာ Martina Čechová OLO ရဲ့ စီးပွားရေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ် ။
မောင်သဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply