ဆင့်ကဲပြောင်းလဲမှု မှတ်တိုင် (သို့) လမ်းလျှောက် ငါးမန်း

ဆင့်ကဲပြောင်းလဲမှု မှတ်တိုင် (သို့) လမ်းလျှောက် ငါးမန်း

အိပ်မက်ဆိုး မက်တယ်လို့ပဲ ပြောရမှာပါ။ သိပ္ပံပညာရှင်တွေ က ကုန်းပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ငါးမန်းမျိုးစိတ် တစ်ခုကို လေ့လာနေပါတယ်။ အီပေါ်လက်တီ လို့ခေါ်တဲ့ ငါးမန်းမျိုးစိတ်က ငါးမန်ငယ်တွေက ရေ ထဲမှာရော ကုန်ပေါ်မှာပါ သွားလာနိုင်ကြပါတယ်။ သူတို့က သူတို့ရဲ့ လှော်တက်ပုံစံ ဆူးတောင်တွေကို သုံးပြီး သွားလာနိုင်ကြတာပါ။ အဲ့ဒီဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေက ရှင်သန်ခြင်းရဲ့ စည်မျဉ်းအားလုံးကို ရိုက်ဖျက်ချိုး ခြင်းလို့ခေါ်ကြပါတယ်။ သန္တာကျောက်တန်းတွေမှာနေထိုင်တဲ့ အဲ့ဒိမျိုးစိတ်က အောက်စီဂျင်မရှိ ဘဲ ၂ နာရီကျော် ကြာအောင် အသက်ရှင်နိုင်ကြပါတယ်။

သြစတေးလျှတိုက် တောင်ပိုင်းမှာ ရှိတဲ့ မဟာအတားအဆီး ( Great Barrier ) သန္တာကျောက်တန်းကြီး မှာနေထိုင်တဲ့ အီပေါ်လက်တီ ငါးမန်းမျိုးတွေက ဒီရေတက်လာရင် လိုက်လာပြီး ကုန်းပေါ်ကိုတက်လေ့ရှိပါတယ်။ အခြားလမ်းလျှောက်တဲ့ ငါးမန်းတွေကို သြစတေးလျှ ၊ ပါပူဝါနယူးဂီနီ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တွေ့ နိုင်ပါတယ်။ ဒီရေတက်လာတဲ့အခါမှာ အဲ့ဒိလမ်းလျှောက် ငါးမန်တွေ ပါလာပြီး ဒီရေစီးကြောင်းပြောင်းလဲ သွားတဲ့အခါမှာ သူတို့ ကျောက်ဆောင်တွေပေါ်က ရေအိုင်လေးတွေမှာ ကျန်ခဲ့ပါတယ်။ အဲ့ဒိမှာ သူတို့က အောက်စီဂျင် မရှိဘဲ ၂နာရီကျော်ကြာအောင် အသက်ရှင်နေပါတယ်။ သူတို့ က သူတို့ရဲ့ ရေယက်တောင်တွေကို သုံးပြီးကျောက်ဆောင်တွေပေါ်မှာ တွားသွားကြပါတယ်။ ဖလော်ရီဒါ အတ္တလန်တစ် တက္ကသိုလ်က သုတေသီတွေက ၎င်းတို့ကို ရှင်သန်ခြင်း ရဲ့ စည်းမျဉ်းကို ရိုက်ချိုး တဲ့ အကောင်လေးတွေလို့ ကြေညာပါတယ်။

အီပေါ်လက်တီ ငါးမန်းတွေ ရဲ့ ကုန်းပေါ်မှာနဲ့ ရေထဲမှာ အသက်ရှင်နိုင်စွမ်းကို သူတို့ လေ့လာနေကြတာပါ။ အဲ့ဒိအကောင်လေးတွေ ဥပေါက်တဲ့အချိန်ကစပြီးလေ့လာချိန်မှာ သူတို့ အကောင်ငယ်ဘဝမှာ ဝမ်းဗိုက်ကြွက်သားတွေ ပိုမိုဖွံ့ဖြိုးလာတာကို တွေ့ခဲ့ရပါတယ်။ သူတို့ ရဲ့ ခန္တာကိုယ်တည်ဆောက်မှုကလည်း အခြားငါးတွေရဲ့ တည်ဆောက်မှုနဲ့ အနည်းငယ်ကွဲလွဲနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ လမ်းလျှောက်စွမ်းရည် သဘာဝပတ်ဝန်းကျင် အခြေအနေ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ဖြစ်တည်နေတာပါလို့ သူတို့ က ဆိုပါတယ်။

မောင်ယဿ

REF: euronews

#greenness

About The Author

greenness_mm

No Comments

Leave a Reply