တနိုင်တပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၁)

တနိုင်တပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၁)

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလို့ဆိုလိုက်တာနဲ့လူအများစုအမြင်မှာ သစ်မခုတ်ဖို့၊ သစ်ပင်စိုက်ဖို့ဆိုတာကို ဦးစွာပထမ ဖြစ်ပေါ်လာတတ်ကြပြီး ဘယ်မှာလဲမြေ၊ ဘယ်မှာလဲစိုက်စရာသစ်ပင်၊ ခုတ်တဲ့သူတွေတော့မတားနိုင်ပဲ ဆိုပြီး အမြင်စောင်းစရာတွေလဲဖြစ်လာတတ်ကြပါတယ်။
သစ်တောသစ်ပင်ဆိုတာကလည်း လူသားတို့ရဲ့မွေးရာပါမိတ်ဆွေတွေလဲဖြစ်လို့ အထက်ကအမြင်ဟာလည်း မမှားပါဘူး။ အိုးအိမ်အတွက်၊ လောင်စာအတွက်၊ လမ်းပမ်းဆက်သွယ်ရေးအတွက်၊ စိုက်ပျိုးရေးအတွက် အစရှိတဲ့ လိုအပ်ချက်ခေါင်းစဥ်တွေအောက်ကနေ သစ်တောသစ်ပင်တွေကိုခုတ်ယူနေကြရတာကလည်း ပကတိအရှိတရားပါပဲ။
တကယ်တမ်း သစ်တောပြုန်းတီးမှုတားဆီဖို့က သစ်ပင်ခုတ်တာတွေရပ်ရမယ်၊ သစ်ပင်တွေစိုက်ရမယ်။ ဒီလောက်လုပ်ရင်လုံလောက်ပြည့်စုံပြီလားဆိုရင်တော့ မရသေးပါဘူး။ သစ်တောပြုစုစောင့်ရှောက်မှုဟာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းစုကြီးနဲ့ယှဥ်ကြည့်ရင်တော့ ရေပေါ်မှာပေါ်နေတဲ့ရေခဲတောင်ရဲ့အစိတ်အပိုင်းတခုလောက်ပဲရှိနေသေးပြီး အခြားလုပ်ငန်းစုတွေက ရေအောက်ကရေခဲတုံးလောက်ထိကြီးမားများပြားလှပါတယ်။
နိုင်ငံ၊ ဒေသတခုမှာ တရားဥပဒေစိုးမိုးမှုအားနည်းချိန်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအများဆုံး၊ အမြန်ဆုံးဖြစ်စေသလို သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေ အခြေယိုင်တဲ့ကာလပါပဲ။
အဲလို မတည်ငြိမ်တဲ့ ကာလမှာ ဘာမှမလုပ်ပဲထိုင်ကြည့်နေရတော့မှာလားလို့ မေးလာရင်တော့ ကြီးမားကျယ်ပြန့်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုညလုပ်မရနိုင်ပေမဲ့ တကိုယ်ရေတကာယနဲ့ မိသားစုအလိုက် လုပ်ဆောင်နိုင်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုတော့ လုပ်ဆောင်နိုင်ကြရပါမယ်။ ဘာတွေ လုပ်ရမလဲဆိုရင်…
မီးဖိုချောင်ကထွက်တဲ့ ဆွေးမြေ့လွယ်တဲ့ အမှိုက်တဖြစ်လဲ အော်ဂဲနစ်ပစ္စည်းတွေကို သေချာစုပုံဆွေးမြေ့စေကာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာပြန်သုံးခြင်း၊ အလွယ်တကူမပျက်စီးစေတဲ့ ပလစတစ်၊ကြွတ်ကြွတ်အိပ်စတာတွေကို ဖြစ်သလိုမပစ်ပဲ စနစ်တကျစုစည်းထဲ့သွင်းကာ လူအများအထိအခိုက်နည်းစေတဲ့ အချိန်နေရာတခုမှာမီးရှို့ဖျက်စီးတာ တွေဟာလဲ သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိမ်းစောင့်ရှောက်ခြင်းထဲကတခုပါပဲ။
မီးရှို့ခြင်းဟာလ်ိုအပ်တာထက်ပိုလာရင် သဘာဝပတ်ဝန်းကျင်တခုဖြစ်တဲ့လေထုကို ညစ်ညမ်းစေတာကြောင့် သဘာဝအတိုင်းဆွေးမြေ့ပျက်စီးမှုခက်ခဲတာတွေကိုပဲ မီးရှို့ဖျက်ဆီးသင့်ပါတယ်။ သင့်တော်တဲ့အနက်တခုရောက်အောင်တူးပြီး မြေ မြုပ်နိုင်ပေမဲ့ မြေအောက်ရေအသုံးပြုတဲ့နေရာများနဲ့ကင်းလွတ်အောင်တော့လုပ်ဆောင်ကြရပါမယ်။
ဆက်လက်ဖော်ပြပါမယ်၊
ကိုတွတ်

About The Author

greenness_mm

No Comments

Leave a Reply