တပိုင်တနိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၂)

တပိုင်တနိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၂)

အပြင်ထွက်စျေးဝယ်ရာမှာလဲ သယ်ဆောင်ထုတ်ပိုးဖို့ ခြင်းတောင်း၊ အဝတ်အိတ်စတာတွေကိုယူဆောင်သွားပြီး တခါသုံးပလစတစ်အိတ်နဲ့သယ်ယူတာကိုလျော့ချခြင်းဟာလဲ ပါတ်ဝန်းကျင်ကိုထိမ်းသိမ်းခြင်းပါပဲ။
ဆွေးမြေ့စေတဲ့စက္ကူအိတ်ကိုသုံးတာဖြစ်လို့ပါတ်ဝန်းကျင်ညစ်ညမ်းမှုမရှိပါဘူးလို့ပြောနိုင်ပေမဲ့ အဲဒီစက္ကူဖြစ်လာဖို့ ပါတ်ဝန်းကျင်ထိခိုက်မှုတွေအများကြီးလုပ်ဆောင်ခဲ့ရတာကြောင့် စက္ကူအခြေပြုပစ္စည်းများသုံးစွဲခြင်းကိုလဲ အတတ်နိုင်ဆုံးလျော့ချကြရပါ့မယ်။
ထို့အတူ တခါသုံးပစ္စည်းစုတွေကိုထုတ်လုပ်ရာမှာလဲ သဘာဝပါတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတာတွေအများကြီးရှိနိုင်တာကြောင့် တခါသုံးပစ္စည်းတွေသုံးစွဲမှုကိုအတတ်နိုင်ဆုံးလျော့ချကာ ပြန်လည်ဆေးကြောသုံးစွဲနိုင်တဲ့အရာတွေကို အသုံးပြုဖို့အားထုတ်ကြရပါ့မယ်။
ဒါကြောင့် တခါသုံးတူတွေအစား သေချာပြုလုပ်ထားတဲ့တူတွေကို စနစ်တကျပြန်လည်ဆေးကြောကာအသုံးပြုခြင်း။ စက္ကူတစ်ရှူးတွေအစားချည်ထည်နဲ့ယက်လုပ်ထားတဲ့လက်သုတ်ပုဝါတွေကိုလျော်ဖွတ်ကာအဖန်ဖန်ပြန်လည်အသုံးချခြင်း။ တခါသုံး ပုလင်း၊ ခွက်၊ ပန်းကန်တွေအစား ဆေးကြောအသုံးပြုလို့ရတဲ့ ဖန်၊ ကြွေ၊ စတီးအစရှိတဲ့လူသုံးပစ္စည်းတွေကိုအများစုအသုံးပြုခြင်းတို့ကိုဆောင်ရွက်ကြရပါ့မယ်။
ပုလင်း၊ ဗူး၊ ပုံးခွံ စတာတွေကို ဆေးကြောသန့်စင်ကာ လိုအပ်တဲ့နေရာမှာပြန်သုံးတာမျိုးကလဲ ပါတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျော့ကျစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။
မိမိအိမ်မှာ စက်ယာဥ်နဲ့ပါတ်သက်ပြီးပြုပြင်ဆေးကျောရာမှာသုံးတဲ့ စက်သုံးဆီ၊ချောဆီအဟောင်းတွေကို အလွယ်တကူ မြောင်းထဲ၊ မြေပြင်ပေါ် စွန့်ပြစ်ခြင်းမပြုပဲ စနစ်တကျထဲ့သွင်းသိုလှောင်ကာ အသုံးတဲ့မှုရှိအောင်ကြံဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစတာတွေကလဲ သဘာဝပါတ်ဝန်းကျင်ကိုထိမ်းသိမ်းစောင့်ရှောက်ခြင်းနဲ့အကျုံးဝင်တာပါပဲ။
သွားလာလှုပ်ရှားရာမှာလဲ ကား၊ဆိုင်ကယ် အစရှိတဲ့ ကာဗွန်ရုပ်ကျွင်းလောင်စာသုံးယာဥ်တွေသုံးစွဲမှုကို လိုအပ်သလောက်သာသုံးပြီး စက်ဘီးကဲ့သို့လူ့စွမ်းအားသုံးယာဥ်တွေကိုသုံးစွဲခြင်းအားဖြင့် မီးခိုးထုတ်လွတ်မှုလျော့နဲစေတာကလဲ သဘာဝပါတ်ဝန်းကျင်ကိုထိမ်းသိမ်းစောင့်ရှောက်တာဖြစ်သလို ကျမ်းမာရေးကိုလဲအထောက်အကူပြုစေပါတယ်။
ကိုတွတ်

About The Author

greenness_mm

No Comments

Leave a Reply