””ထိန်းသိမ်းစောင့်ရှောက်သင့်သော ရှားပါးမျိုးစိတ်ဝင် ငါးမျိုးစိတ်တစ်မျိုးဖြစ်သော ရေနဂါးတို့၏ ထူးခြားသော သဘာဝများ””

””ထိန်းသိမ်းစောင့်ရှောက်သင့်သော ရှားပါးမျိုးစိတ်ဝင် ငါးမျိုးစိတ်တစ်မျိုးဖြစ်သော ရေနဂါးတို့၏ ထူးခြားသော သဘာဝများ””

ရေနဂါး(Seahorse)ကို ပင်လယ်မြင်း (သို့မဟုတ်) ရေနဂါးဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းဒေသ ပင်လယ်ရေတိမ်များတွင် တွေ့ရတတ်ပါသည်။မြန်မာအခေါ် ရေနဂါးကို ပင်လယ်ရေနွေးစီးကြောင်းရှိရာဒေသများတွင် အတွေ့ရများပါသည်။မြန်မာနိုင်ငံတွင်မွန်၊တနသာ်ရီကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါတွေ့ရတတ်သည်။
ရေနဂါးမှာ ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေထဲတွင်သာ နေကြသည်။ ပါးဟက် နှင့် အသက်ရှူပြီး
ဗိုက်ထဲတွင် စည်ဖောင်းများရှိကြပါသည်။ သို့သော် ၄င်းတို့၏အမြီးက ရေကိုယက်ပြီးကူးခတ်နိုင်
သည့်ဆူးတောင်မဟုတ်ပေ။တစ်ခုခုကို ရစ်ပတ်ပြီး ဆုပ်ကိုင်ထားနိုင်သော မျောက်အမြီးလိုအမြီးမျိုး ဖြစ်ပါသည်။ရေနဂါးသည် မျိုးကွဲများစွာရှိကြပြီး ထူးခြားချက်မှာ ငါးမျိုးစိတ် ဖြစ်သော်ငြား ၄င်းတို့ တွင် အကြေးခွံ မပါရှိပေ။ပါးလွှာသော အရေခွံတစ်မျိုးတည်းသာရှိသည်။
အခြားငါးများကဲ့သို့ အလျားလိုက် ရေမကူးဘဲ ဒေါင်လိုက်မတ်တတ်ကြီး ရေကူးနိုင်ခြင်းတို့ ဖြစ်ပါသည်။ရေသတ္တဝါများထဲ
တွင် တစ်မျိုးတည်းသော ဒေါင်လိုက်(မတ်တတ်) ကူးခပ်သော သတ္တဝါ ဖြစ်သည်။ထို့ပြင် အနှေးဆုံးကူးခပ်နိုင်သော ရေသတ္တဝါလည်း ဖြစ်သည်။တစ်နာရီလျှင် ၅ပေ(၁.၅ မီတာ)သာ ရွေ့လျား၏။ ၄င်းတို့၏အမြီးများသည် ကူးခပ်ရွေ့လျားရန်နှင့် အစားအသောက် စားသောက်ရန် အသုံးပြုကြသည်။
ရေနဂါးဟူသော ငါးလေးများသည် “ဒေါင်”လိုက်သာ ရေထဲတွင် ရပ်တည်နေပြီး ၄င်းတို့၏ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန်သည် “န”ငယ်ပုံ တွန့်ကွေးနေသောကြောင့် အစာဖမ်းယူရာတွင် နငယ်ပုံ ဆန့်ထုတ်နိုင် သည့်အတွက် မထင်မှတ်သောအကွာအဝေးမှ ပိုးမွှားသတ္တဝါလေးများကိုပါ လှမ်း၍ဖမ်းယူစား
သောက်နိုင်သော ရေနဂါးတို့သည် ပင်လယ်ရေမှော်ပင်များကိုလည်း ၄င်းတို့၏ အမြီးနှင့် ဖမ်းဆွဲထား
ပြီး ၄င်းအပင်များတွင် နားနေလေ့ရှိသည်ဟု သိပ္ပံပညာရှင်များ၏ သုတေသနစာတမ်းများက ဆိုထားပါသည်။
ရေနဂါးတို့သည် ခန္ဓာကိုယ်အရွယ်အစားအားဖြင့် 1.5 cm မှ 3.5 cm(၀.၆ လက်မ မှ ၁၄.၀ လက်မ) ထိရှိကြပါသည်။
မျိုးစိတ် ၄၅ ခုရှိပြီး genus (မျိုးစု) – Hippocampus တွင် ပါဝင်ပါသည်။ရေနဂါး
(seahorse)များ၏ မျက်လုံး(၂) ဖက်မှာ တစ်ဖက် တစ်နေရာစီ ခွဲပြီး ကြည့်လို့ရပါသည်။ ထို့ကြောင့် ညာဘက်မျက်လုံးနှင့် အစာရှာနေစဥ်တွင် ကျန်သည့်ဘယ်ဖက်မျက်လုံးတစ်ဖက်နှင့် ရန်သူကို မျက်ခြေ
မပြတ် စောင့်ကြည့်နေနိုင် ကြပါသည်။
ရေနဂါး၏ပုံစံမှာ အတော်ထူးခြားလှပါသည်။ရေသတ္တဝါဖြစ်သော်ငြား ခေါင်းပိုင်ချည်းကွက်ပြီးကြည့်လျှင် ကုန်းနေသတ္တဝါ ‘မြင်း’နှင့် အတော်တူပါသည်။အရွယ်အစားမျိုးစုံရှိကြပြီး တချို့မှာ လက်မတစ်ဝက် (၁/၂)အရွယ်လောက်သာရှိကြပြီး အချို့အကောင်များမှာ ၁၄လက်မ လောက်ထိ ကြီးထွားကြသည်။
ရေနဂါးများသည် ပုံသဏ္ဍာန်အားဖြင့် လှပသည့်အပြင် ချစ်စဖွယ်အလေ့အထတစ်ခုမှာ ၄င်းတို့၏ ချစ်ခြင်းမေတ္တာတစ်ခုပင် ဖြစ်သည်။
ရေနဂါး အထီးရော၊ အမပါ ၄င်းတို့၏ လက်တွဲဖော် တစ်ကောင်
ကောင်ကို ရွေးချယ်ပြီးပါက နောက်ထပ် ဘယ်ရေနဂါးနှင့်မှ ထပ်မတွဲကြတော့ပေ။ Lifetime တစ်ခု
အတွက် လက်တွဲဖော်တစ်ဦးသာ ရွေးချယ်နေထိုင်ကြခြင်း ဖြစ်သည်။ရေနဂါးများသည် ကဗျာဆန်
သောချစ်ခြင်းကို ပုံဖော်သောရေနေသတ္တဝါလေးများ ဖြစ်ပါသည်။လူသားတို့သည် လက်မထပ်ခင် ချိန်းတွေ့ ပြီး ချစ်ခြင်းကို တစ်ဆင့်ချင်း တည်ဆောက်ကြသကဲ့သို့ လက်တွဲဖော်အဖြစ် ရွေးချယ်ထားသော ရေနဂါးအချင်းချင်းသည်လည်း မိတ်မလိုက်ခင်တွင် နေ့တိုင်း ၄င်းတို့၏ အမြီးတစ်ခု
နှင့်တစ်ခုကို တွယ်ချိတ်ပြီး တစ်ကိုယ်လုံးလှည့်ပတ်ကကြရင်း ၄င်းတို့၏ဆက်ဆံရေးကို ခိုင်မာအောင်
တည်ဆောက် ကြပါသည်။ထိုကဲ့သို့ နေ့တိုင်း ကကြရင်း ၄င်းတို့၏ ချစ်ခြင်းသံယောဇဥ်များ ခိုင်မာ
သွားပြီလို့ သေချာသောအချိန်တွင် မိတ်လိုက်ခြင်းကို စတင်ပြုလုပ်ကြပါသည်။
ရေနဂါးများ၏ ဗိုက်တွင် အပေါက်ပါတာ အထီးဟုသိရပြီး အထီးမှာ ကလေးမွေးရလို့ ဗိုက်တွင် အပေါက်ပါသည်ဟု သိရသည်။ ရေနဂါးများ မိတ်လိုက်သောအချိန်တွင် အမသည် ၄င်း၏ ဥပို့ပြွန် ကနေတစ်ဆင့် အထီး၏ဗိုက်ပေါ်က ဥဝပ်ပေးမည့် ဝမ်းဗိုက်အိတ်(pouch)ထဲသို့ ဥများကို သွင်းထည့် ပေးလိုက်ပါသည်။ပြီးနောက် အထီးသည် ဥများကို သန္ဓေအောင်စေရန် ၄င်း၏ဥဝပ်အိတ်ကပ်လေး ထဲသို့ အဖိုမျိုးပွားရည်များကို လွှတ်ထုတ်လိုက်ပါသည်။ ဝမ်းဗိုက်ပူနေသော ရေနဂါးများသည် အဖို
များသာ ဖြစ်ပါသည်။ရေနဂါးအဖိုများသည် ရေနဂါးလေးများ အကောင်ပေါက်သည်အထိ ပြုစုစောင့်ရှောက်ကြရသည်။ အဆိုပါပုံစံဖြင့် ရေနဂါးအထီးလေးများသည် ကိုယ်ဝန်ဆောင်သောဖြစ်စဥ်ကို အမ ကိုယ်စား နွေးထွေးစွာ လုပ်ဆောင်ပေး
ကြပါသည်။
ရေနဂါးအထီးမှာ (၂ – ၄) ပတ်အကြာ သန္ဓေသားကို လွယ်ထားရသည်။ (၂ – ၄) ပတ်အကြာတွင်
အောင်မြင်သောဥများသည် ရင့်မှည့်လာကြပြီး အထီးမှာ ခန္ဓာကိုယ်ကို ကွေးချည်ဆန့်ချည်လုပ်ပြီး ရေနဂါးလေးများကို တစ်ကောင်ချင်း မွေးထုတ်ရပါသည်။ရေနဂါးမျိုးပေါ် မူတည်ပြီး တချို့လည်း
တစ်ကြိမ်မွေးလျှင် ပုံမှန်အားဖြင့် အကောင် ၁၀၀ – ၂၀၀ ဝန်းကျင်မွေးပါသည်။ အနည်းဆုံး ၅ ကောင်မှ အများဆုံးကောင်ရေ ၁၅၀၀ လောက်အထိ မွေးတတ်ကြပါသည်။
ရေနဂါးလေးများမှာ ပင်လယ်မြက်ပင်ဖြစ်စေ၊ သန္တာကျောက်ဆောင်ဖြစ်စေ တစ်ခုခုကို အမြီးနှင့် ဆုပ်ကိုင်ထားပြီး ရေစီးကြောင်းတွင် မျောပါလာသော ရေမှော်ပင်၊ရေပိုးမွှားလေးများကို ဖမ်းစား
တတ်ကြသည်။ ရေနဂါးတစ်ကောင်သည် တစ်နေ့ကို ရေငန်ပုစွန်ဆိတ်ကောင်ရေ (၃၀၀၀) ကျော်ခန့်
စားနိုင်ကြသည်။ ငါးသားပေါက်နှင့် အခွံမာ ရေသတ္တဝါငယ်လေးများကို စားကြပါသည်။ သို့သော် ရေနဂါးများမှာ အစာအများကြီး စားလို့ မဖြစ်ချေ။ ၄င်းတို့တွင် အစာအိမ် မရှိသလို သွားလည်း မရှိကြပေ။ ပါးစပ်က စားလိုက်သော အစာမှာ အောက်ကနေ အချိန်တိုအတွင်း ပြန်ထွက်သွားပါသည်။
ရေနဂါးတို့၏သဘာဝတွင် ရေနဂါးစုံတွဲသည် အမြဲတတွဲတွဲနေလေ့ရှိပြီး နေရာဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သောအခါတွင်လည်း တစ်ကောင်နှင့်တစ်ကောင် အမြီးချင်းချိတ်၍ သွားလာတတ်ကြပါ သည်။ထို့ကြောင့်လည်း ရေနဂါးအရုပ်လေးများကို ချစ်ခြင်း၏ သကေ်တအဖြစ် နိုင်ငံတော်တော် များများတွင် လက်ဆောင်ပစ္စည်းအဖြစ် ပေးလေ့ရှိကြပါသည်။
ယခုနောက်ပိုင်းတွင် ရေနဂါးများကို ဖမ်းဆီးသတ်ဖြတ်မှုများ၊ရေထုညစ်ညမ်းမှုများကြောင့် ရေနဂါးများ တဖြည်းဖြည်း ရှားပါးလာနေပြီ ဖြစ်သည်။လေ့လာမှုများအရ အဆိုပါ ရေနဂါးများသည် တစ်နှစ်လျှင် အကောင်ရေသန်း ၁၅၀ ခန့် ပေါက်ဖွားခဲ့သော်လည်း တရားမဝင်ဖမ်းဆီးသူများ၏ လက်ချက်ကြောင့် အဆိုပါပမာဏ၏ထက်ဝက်ခန့်မှာ လျော့ကျခဲ့ရကြောင်း၊ယင်းသတ္တဝါများ၏ ကောင်ရေမှာ ယခုကဲ့သို့ ကျဆင်းနေမည်ဆိုပါက ၂၀၄၅ ခုနှစ်အရောက်တွင် ရေနဂါးများမှာ လုံးဝ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိကြောင်း Save Our Seahorse အမည်ရှိ အသင်းကြီး၏ ထုတ်ပြန်ချက် အရ သိရသည်။
ရေနဂါးများမှာ ရှားပါးရေနေသတ္တဝါစာရင်းတွင် ပါဝင်နေသဖြင့် ဖမ်းဆီးခြင်း၊ရောင်းဝယ်စုဆောင်း
ခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ရေသတ္တဝါလည်း ဖြစ်ပါသည်။
သို့ပါသောကြောင့် ရှားပါးရေနေသတ္တဝါစာရင်းတွင်ပါဝင်နေသော ရေနဂါးများကို ထိန်းသိမ်း
စောင့်ရှောက်ခြင်းဖြင့် ရေနေသယံဇာတမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်သင့်ပါကြောင်း လေ့လာ
ရေးသားလိုက်ရပါသည်။
Reference;
(1)Fish Base of Myanmar
(2)Inland Fisheries of Myanmar
ရေးသားသူ- နှင်းအိ(ရာမညမြေ)

About The Author

greenness_mm

No Comments

Leave a Reply