ဒေါက်တာသန့်မြင့်ဦးပြောတဲ့ မြန်မာ့အနာဂတ် အကြောင်း

ဒေါက်တာသန့်မြင့်ဦးပြောတဲ့ မြန်မာ့အနာဂတ် အကြောင်း

လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကာလ မြန်မာနိုင်ငံကြေးခေတ် အစောပိုင်းမှာလယ်သမားတွေကစုပေါင်းပြီးသူတို့ရဲ့ ပထမဦးဆုံး မြို့ပြကိုတည်ထောင်ခဲ့ကြတယ်။ ပိုကယြျပွန့ျတဲ့ကမ်ဘာနဲ့ စပြီးဆက် သွယ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာ၊ အစိုးရစနစ်၊ အနုပညာ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာအသစ် တွေကိုတင်သွင်းလာခဲ့ကြတယ်။ ဒီအိုင်ဒီယာတွေကြောင့်ပဲသူတို့ လူမှုအဖွဲ့အစည်းကိုဖွံ့ဖြိုးတိုးတက်လာစေခဲ့တယ်။ နောက်ပိုင်း နှစ် ၁,၀၀၀ လောက်အကြာမှာတော့ ပုဂံမှာဘုရင်နဲ့ မှူးကြီးမတ် ရာတွေကလှုပ်ရှားရှင်သန်နေတဲ့ ဒေသတွင်းမှာအစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်။ ပြည် တွင်းနဲ့ ပြည်ပကဗဟုသုတတွေနဲ့ ပုံစံတွေကိုပေါင်းစပ်ပြီးရင်သပ် ရှုမောဖွယ် မြို့ပြကိုတည်ဆောက် ဖန်တီးနိုင်ခဲ့ကြတယ်။ အလယ် ခေတ်သမိုင်းကာလမှာအထင်ကြီးခံ့ညားဖွယ် မင်းနိုင်ငံငယ်တစ်ခု ဖြစ်ခဲ့တယ်။
မြန်မာနိုင်ငံက ပြင်ပကိုထိတွေ့ပြီးကမ္ဘာကြီးကိုတံခါးဖွင့် ကြိုဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံကအသိဉာဏ်ပိုင်းဆိုင်ရာအရရော ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရပါ ကြွယ်ဝဖွံ့ဖြိုးခဲ့ပါတယ်။ မြန်မာနိုင်ငံကကြောက်ရွံ့တဲ့စိတ်နဲ့သော်လည်းကောင်း၊ ယုံကြည်မှုကင်းမဲ့စွာဖြင့် သော်လည်းကောင်းကိုယ့်ပြည် တွင်းကိုသာအလေးပေးကြည့်တဲ့ အခါတိုင်း နိုင်ငံကဆင်းရဲမွဲတေ မှု၊ ပြည်ပကျူးကျော်သိမ်းပိုက်မှု တွေ ကြုံတွေ့ခဲ့ရပါတယ်။
မြန်မာနိုင်ငံကအခုအခါ အ ရေးပေါ်အခြေအနေရောက်နေပါ ပြီ။ မြန်မာပြည်သူ၊ ပြည်သားတွေ အနေနဲ့ သူတို့လိုချင်တဲ့ဘဝ၊ ကမ္ဘာပေါ်မှာသူတို့ဖြစ်ချင်တဲ့ အဆင့် အတန်းကိုအလေးအနက် ပြန်လည်စဉ်းစားဖို့ အချိန်ပါ။ နိုင်ငံရေးမှာ ကျရှုံးခြင်းဟာစိတ်ကူးစိတ် သန်းတွေ ကျရှုံးရခြင်းပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာဇာတ်လမ်းအသစ်တစ်ပုဒ်ရေးဖို့ လိုအပ်နေသလိုအနာဂတ်မျှော်မှန်းချက် အ သစ်စက်စက်တစ်ခုလိုအပ်နေပါ တယ်။ တကယ့်စိန်ခေါ်မှုပြဿနာတွေကိုအတူတကွပူးပေါင်းဖြေရှင်းကြဖို့ လူတွေကိုဆွဲခေါ်နိုင်တဲ့ ရည်မှန်းချက်မျိုးလိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေတစ် ဝက်ဟာအသက်(၃၀)နှစ်အောက်ပါ။
လူအများစုကသက္ကရာဇ် ၂၀၅၀ ပြည့်နှစ်အထိ (ဒါမှမဟုတ်) ပိုလွန်ပြီးနေနိုင်ကြပါလိမ့်မယ်။ အဲဒီအချိန်မှာကမ္ဘာကြီးကလုံးဝမတူခြားနားတဲ့ နေရာတစ်ခုဖြစ် နေမှာပါ။
ယနေ့အချိန်မှာ ကျွန်တော် တို့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြင်းထန် ဆိုးရွားတဲ့ ရာသီဥတုထဲကိုရောက်နေပါပြီ။ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းလိုမကြာခဏကြုံရပါလိမ့်မယ်။ မြန်မာနိုင်ငံအချို့ဒေသတွေမှာလူနေလို့ မရနိုင်တဲ့အထိအပူပြင်းတာတွေ ဖြစ်လာပါ မယ်။ ဟိမဝန္တာတောင်တန်းမှာရေခဲတွေပျော်လို့ အကြီးအကျယ်မခန့်မှန်းနိုင်တဲ့ အတိုင်းအဆနဲ့ ရေလွှမ်းမိုးမှုတွေ ဖြစ်လာနိုင်ပါ တယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းတွေ ရေဖုံးလွှမ်းတာ၊ နောက်ဆုံးရန်ကုန်မြို့တော် ရေဖုံးလွှမ်းသွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အကြီးအကျယ်ခံစားနေရတဲ့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းမှာနေထိုင်နေကြရပါတယ်။ ဒီလို ရုတ်ခြည်းနဲ့ မမျှော်လင့်ထားတဲ့ပုံစံပြောင်းလဲခြင်းတွေကြောင့် စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုတွေကအတိုင်းအဆမသိနိုင်အောင်ပါပဲ။ လူတွေကသူတို့နေထိုင်နေကြရာဘဝတွေ၊ နေထိုင်နေကြရာဒေသတွေမှာနေဖို့ မဖြစ်နိုင်တော့လောက်အောင်ပါ။
ကျွန်တော်တို့ဟာဖွံ့ဖြိုးတိုးတက်မှု တစ်ရှိန်ထိုးအားကောင်းလာနေတဲ့ တရုတ်နိုင်ငံကြီးရဲ့ အိမ် နီးချင်းအဖြစ် နေထိုင်နေကြရပါ တယ်။ တရုတ်ပြည် လူမှုအဖွဲ့အစည်းရဲ့ အလျင်အမြန်တိုးတက် ပြောင်းလဲမှုတွေကရင်သပ်ရှုမောဖွယ်ဖြစ်ပြီးဒီလိုပဲရှေ့ဆက်လည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ အိမ်နီးချင်းကပ်လျက် တရုတ်ပြည်ရဲ့ အ ဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ယူနန်ပြည်နယ်မှာတောင် ဆင်းရဲသားအရေအတွက်ဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း (လူဦးရေ ၄၃ သန်းအနက်) ၁၁ သန်းကနေခြောက် သန်းကိုကျဆင်းလာခဲ့ပါတယ်။ အဆိုပြုထားတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းမကြီးမှာ အ ကယ်၍ တစ်ဝက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ရင်တောင် မြန်မာ နိုင်ငံကတရုတ်ရဲ့ဝန်းကျင်နယ် မြေထဲကိုနီးနီးကပ်ကပ် ပေါင်းစည်းမိသွားမှာပါ။ စက်မှုဖွံ့ဖြိုးပြီး ဖြစ်တဲ့ (ဒါမှမဟုတ်) စက်မှုခေတ် လွန် တရုတ်နိုင်ငံက မြန်မာ့တံခါးဝကိုရောက်ရှိလာခြင်းအတွက် ကြောင့် မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ရာစုနှစ်နှစ်ခုနဲ့ မတူခြားနားစွာလွှမ်းမိုးရှုပ်ထွေးမှုတွေနဲ့ ကြုံရပါ လိမ့်မယ်။
ကမ္ဘာပေါ်မှာအခြားအပြောင်းအလဲများကလည်း ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာဧရာမလူသားရွှေ့ပြောင်းအခြေချနေထိုင်မှု တွေ ဖြစ်နေပါတယ်။ ခုဆိုရင် မြန်မာပြည်မှအပါအဝင် စုစုပေါင်းရွှေ့ပြောင်းအခြေချသူကမ္ဘာပေါ် မှာသန်း ၂၅၀ လောက် ရှိပါလိမ့် မယ်။ ဒီအခြေအနေကပဲအိမ်နဲ့ မိမိကိုယ်ပိုင်နေရာရဲ့ သဘောအဓိပ္ပာယ်ကိုပြောင်းလဲလာစေပါ တယ်။ သိပ္ပံပညာတိုးတက်မှုကလည်းသမိုင်းတစ်လျှောက် မယှဉ် သာတဲ့နှုန်းနဲ့ ရှိနေပါတယ်။ လူမှု အဖွဲ့အစည်းကိုအသွင်ပြောင်းစေတဲ့ နည်းပညာပြောင်းလဲမှုတွေ ဖြစ် စေပါတယ်။ အထူးသဖြင့် ဖန်တီးအသိဉာဏ်တု (AI) နဲ့ မျိုးရိုးဗီဇနယ်ပယ်တွေမှာပါ။ အသစ်သောလုံခြုံရေးခြိမ်းခြောက်မှုတွေလည်း ကြုံနေရပါတယ်။ ဆိုက်ဘာစစ်ပွဲတွေကနေလူအစုအပြုံလိုက် သေကျေစေနိုင်တဲ့ လက်နက်များပါ ပါဝင်လာတဲ့ ဘက်မညီမျှတဲ့ စစ်ပွဲတွေ၊ လူအများအပြားကိုအလျင် အမြန် ကူးစက်နိုင်တဲ့ ကပ်ရောဂါ တွေ ရှိလာပါတယ်။ ယခုဖြစ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲတွေအပေါ် အဆင်သင့်ရင်ဆိုင် ဖို့ မြန်မာနိုင်ငံကဘယ်နေရာမှာမှ ရှိမနေသေးပါဘူး။
သိပ်မကြာခင်မှာပဲ မြန််မာ နိုင်ငံကအိုမင်းကြတော့မှာပါ။ ၁၉၇၀ ပြည့်နှစ်များကတည်းကကမ္ဘာကြီးပေါ်မှာကလေးမွေးဖွား မှု အနိမ့်ဆုံးနှုန်းကို ကြုံနေကြရပါ တယ်။ ကျန်တဲ့ အာဆီယံနိုင်ငံတွေ လိုပဲ မြန်မာနိုင်ငံကရာစုနှစ်အလယ်မှာအိုမင်းသူလူဦးရေအများအပြားရှိလာပါမယ်။ ကျန်တဲ့သူတွေနဲ့ မတူတာက မြန်မာနိုင်ငံကမချမ်းသာခင် အိုမင်းသွားကြမှာ ဖြစ်ပါတယ်။
သေချာတာက မြန်မာနိုင်ငံမှာ မြို့ပြဖြစ်ထွန်းမှု ဖြစ်လာပါ လိမ့်မယ်။ ခန့်မှန်းချက်တွေအရဆယ်စုနှစ်အတွင်းမှာလူ ၅-၁၀ သန်းလောက်ကရန်ကုန်နဲ့ အခြား မြို့ကြီးတွေကိုရွှေ့ပြောင်းလာပါ လိမ့်မယ်။ မြို့ပြဘဝတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုအဆုံးအ ဖြတ်ပေးပါလိမ့်မယ်။ ကျွန်တော် တို့ကတီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ် နိုင်စွမ်းရှိတဲ့ မောင်းနှင်အားတွေနဲ့ နေချင်စဖွယ် မြို့ပြကိုရမှာလား (ဒါမှမဟုတ်) ရာဇဝတ်မှုတွေ၊ လူမှုရေးမငြိမ်မသက်မှုတွေနဲ့ ဒုက္ခဘုံ မြို့ပြမျိုးကိုရမှာလားဆိုတာရွေးချယ်ရပါလိမ့်မယ်။ ခုလိုစိန်ခေါ်မှု ပြဿနာတွေကို မြန်မာပြည်သူတွေကသိရှိနားလည်ပြီးရင်ဆိုင် ဖြေရှင်းကြရပါလိမ့်မယ်။ အနာဂတ်အတွက် လိုချင်တဲ့ မြော်မြင် ချက်ရှိဖို့လည်းလိုအပ်ပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြုံရင် လူထုတွေကဘယ်မှာနေကြမှာလဲ၊ ဒါမှမဟုတ် တရုတ်ကအကုန်လွှမ်းမိုးသွားမှာလား။ ထိုင်းနိုင်ငံလို၊ မြို့ကြီးတွေ လို ဖြစ်လာမှာလား။ ဒါမှမဟုတ် မြို့ငယ်ကလေးတွေ၊ ရွာတွေ ဆက်ကျန်နေဦးမှာလား။
စီးပွားရေးစနစ်ကဘယ်လို ဖြစ်မှာလဲ။ ခရီးသွားလုပ်ငန်းကနေတစ်နှစ်ကိုဒေါ်လာ ၅၀ ဘီလီယံ (သို့မဟုတ်) ဂျီဒီပီရဲ့ ၁၅ ရာခိုင် နှုန်းလောက်အထိဝင်ငွေရနေတဲ့ ထိုင်းနိုင်ငံလို ဖြစ်သင့်သလား။ ဒါမှမဟုတ် ရွှေ့ပြောင်းလုပ်သားတွေ နဲ့ သူတို့ အိမ်ပြန်ပို့ငွေအပေါ် မှီခိုနေတဲ့ နိုင်ငံလား။ အရှေ့ဒေသကကျန်တဲ့နိုင်ငံတွေရဲ့ ပုံစံအတိုင်း၊ ပြည်ပပို့ကုန် အဓိကထုတ်လုပ်မှု၊ စားသုံးသူအလေးပေးသောယဉ် ကျေးမှု၊ သဘာဝပတ်ဝန်းကျင် တွေ အကြီးအကျယ် ဖျက်ဆီးမှု တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ် မှာလား။
ပြည်တွင်းကုမ္ပဏီကြီးအချို့ က စီးပွားရေးကို ချုပ်ကိုင်လွှမ်းမိုးထားတာ မြန်မာပြည်သူတွေကလိုချင်ကြသလား၊ ဒါမှမဟုတ် နိုင်ငံခြားကုမ္ပဏီတွေကစီးပွားရေးမှာအဓိကအခန်းကဏ္ဍကပါဝင် နေတာမျိုးလား၊ ဒါမှမဟုတ် အ သေးစားနဲ့ အလတ်စားလုပ်ငန်းတွေကိုအခြေပြုတဲ့ စီးပွားရေးစနစ်မျိုးလား။
ပိုလို့ အရေးကြီးတာက မြန်မာနိုင်ငံကစီးပွားရေးအရတန်းတူညီ မျှမှုကိုဦးစားပေးမှာလား။ ဒါမှ မဟုတ် ဆင်းရဲချမ်းသာအကြီးအကျယ် ကွာဟနေတဲ့အတိုင်းလက် ခံနေထိုင်ကြမှာလား။
ဒီလိုကိစ္စတွေက ကျွမ်းကျင် သူပညာရှင်တွေ ဆုံးဖြတ်ဖို့ မဟုတ်ပါဘူး။ ပြည်သူလူထုတွေကဘယ် လိုအနာဂတ်ကိုလိုချင်သလဲဆိုတာနဲ့ ပတ်သက်တဲ့ နိုင်ငံရေးအရဆုံးဖြတ်ချက်တွေသာ ဖြစ်ပါ တယ်။
လူထုတွေရဲ့ နေ့စဉ်ဘဝအပေါ် အကြီးအကျယ်သက်ရောက် မယ့် စီးပွားရေးအနာဂတ်အတွက် မြန်မာနိုင်ငံကအိပ်ပျော်ရင်းလမ်းလျှောက်နေလို့ မရပါဘူး။ ဥပမာဆိုရင် အရေအတွက် ထောင်ချီသောစီးပွားရေးလုပ်ငန်းအငယ် စားလေးတွေကတစ်နှစ်တစ်နှစ် ဆိုသန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသား နှင့် အခြားနိုင်ငံသားခရီးသွားဧည့် သည်တွေကိုဧည့်ခံနေတဲ့ မန္တလေး မြို့ဟာလူနည်းစုကထိန်းချုပ် ထားတဲ့ စက်မှုလုပ်ငန်းအနည်းငယ်နဲ့ ယူနန်ကို ပြည်ပပို့ကုန်တွေ တင်ပို့မယ့် မန္တလေးမြို့နဲ့ နှိုင်းယှဉ် ရင် လုံးဝကွဲပြားနေတာကိုတွေ့ ရမှာပါ။
၁၀၀ ရာခိုင်နှုန်းသေချာတာ က အတိတ်က မြန်မာနိုင်ငံဟာမကြာခင်အချိန်အတွင်းမှာပျောက် ကွယ်သွားတော့မှာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကအတိတ်ကအကွဲအပြဲတွေ အပေါ်မှာ၊ အတိတ်ကပုံဖော်ထားခဲ့တဲ့ အနာဂတ်ပုံရိပ်တွေပေါ်မှာအမြစ်တွယ်နေတုန်းပါပဲ။
ဥပမာပြောရရင် ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ဖက်ဒရယ်စနစ် စတဲ့ အပေါ်မှာအခြေခံပြီးဖြစ်နေတဲ့ တိုင်းရင်းသားအုပ်စုတွေအကြားအချေအတင်ငြင်းခုံမှုပါ။ အကယ် ၍ ပိုလို့ပူလောင်၊ ပိုလို့စိုစွတ်နေမယ့် ကမ္ဘာကြီးအပေါ်ရှိ မြို့ကြီးအနည်းငယ်အတွင်းမှာမြောက်မြားစွာသောလူပေါင်းစုံရောထွေးနေထိုင်ကြရတော့မယ်ဆိုရင် ဒါတွေ က ဘယ်လိုအဓိပ္ပာယ်ရှိဦးမှာပါ လဲ။
မြန်မာတွေအဖို့ အတိတ် ကာလကယုံမှတ်မှားချက်တွေနဲ့ ကြွယ်ဝချမ်းသာမှု၊ အတိတ်ကမိမိဘာသာဖူလုံမှု၊ သုံးမကုန်တဲ့ သယံဇာတတွေအပေါ်ကနေကျော်လွန် သင့်ပါပြီ။ အင်မတန် အန္တရာယ် များတဲ့၊ သေချာရေရာမှုမရှိလှတဲ့ အနာဂတ်ကခုလက်ထဲရောက်နေပြီဆိုတာကိုနားလည်သင့်ပါ တယ်။
မြန်မာ့နိုင်ငံရေးကလည်း နိုးထသင့်ပါပြီ။ အရေးပေါ်အခြေအနေဘာတွေဖြစ်နေတယ်ဆိုတာ ကြည့်သင့်ပါတယ်။
မြန်မာတွေမှာဧရာမပိုင်ဆိုင် မှုတွေလည်းရှိပါသေးတယ်။ ဒါပေမဲ့ လူတွေထင်ထားသလိုမဟုတ် ပါဘူး။ အနာဂတ် ကမ္ဘာ့စီးပွားရေး က မြန်မာတွေရဲ့ သဘာဝဓာတ် ငွေ့၊ သစ်၊ သတ္တုတွင်းထွက်တွေ ကိုလိုချင်မှ လိုပါတော့မယ်။ ဒါ ပေမဲ့ သူတို့က မြန်မာတို့ရဲ့ ထွေ ပြားတဲ့ ယဉ်ကျေးမှု၊ အံ့မခန်းတည် ရှိနေတဲ့ ဇီဝမျိုးစုံကွဲပြားမှု၊ ဗိသုကာလက်ရာ၊ အနုပညာ၊ စာပေအမွေအနှစ်၊ လက်ကျန်သစ်တောတွေဆီကသစ်ပင်ပန်းမန်တွေ၊ တိရစ္ဆာန်တွေ၊ ကမ်းရိုးတန်းတွေနဲ့ ကျွန်းတွေကိုတန်ဖိုးထားကြမှာပါ။ မြန််မာတွေကလူအနည်းငယ် ကြွယ်ဝချမ်းသာဖို့အတွက် အနာဂတ်မှာတန်ဖိုးထားကြမယ့်အရာတွေကိုဖျက်ဆီးပစ်ကြမယ့် အန္တ ရာယ်လည်းရှိနေပါတယ်။
မြန်မာတွေအနေနဲ့ ဒွိစုံရည် ရွယ်ချက်နှစ်ခု ပြည့်ဝဖို့လိုအပ် တယ်ဆိုတာလည်းသဘောပေါက်သင့်ပါတယ်။ ဒါတွေကဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်ပါ။ လက်ရှိအချိန်မှာအနာဂတ်စိန်ခေါ် မှုတွေကိုရင်ဆိုင်နိုင်မယ့် စွမ်းရည် တွေဟာနေရာကဏ္ဍတိုင်းမှာရှိရဲ့ လားသံသယဖြစ်စရာပါ။ မြန်မာ နိုင်ငံက ၂၁ ရာစု ပြဿနာများရဲ့ ရှေ့မှောက်ရောက်နေတဲ့အချိန်မှာ ၂၀ ရာစုကအဖြေတွေနဲ့ ငြင်းခုံကြတုန်းပါ။
ပိုလို့ တီထွင်ဆန်းသစ်တဲ့ တွေးခေါ်မှုတွေ လိုအပ်ပါတယ်။ မြန်မာပြည်သူတွေကိုအတူတကွ စုစည်းနိုင်မယ့် ဇာတ်လမ်းအသစ် တွေလည်းလိုအပ်နေပါတယ်။
လုံးဝသေချာရှင်းလင်းတဲ့အချက်က နိုင်ငံတကာနဲ့ အထီးကျန် ဖယ်ကြဉ်နေထိုင်တာကအဖြေမဟုတ်ပါဘူး။ ဟိုရှေ့အတိတ် ကြေးခေတ်ကလယ်သမားတွေနဲ့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ ပုဂံကာလကလို မြန်မာတွေကတွေဝေဆိုင်းငံ့မနေဘဲ ပြင်ပကဗဟုသုတတွေကိုလက်ခံသင့်ပါတယ်။ ပိုလို့ ကြီးကျယ်စွာ၊ တီထွင်ဖန်တီးမှုရှိစွာတွေးခေါ်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လူတွေရဲ့ သက် တမ်းအတွင်းမှာပဲ နိုင်ငံကပျောက်ကွယ်ကောင်းပျောက်ကွယ်သွား နိုင်ပါတယ်။
(မှတ်ချက်။ ယောမင်းကြီးဇရပ်စကားဝိုင်းတွင် မြန်မာ့အနာဂတ် ခေါင်းစဉ်ဖြင့် စာရေးဆရာနှင့် သမိုင်းပညာရှင် ဒေါက်တာသန့် မြင့်ဦးဆွေးနွေးတင်ပြချက်
ဖြစ်ပါသည်။)
#7Day News Journal

About The Author

greenness_mm

No Comments

Leave a Reply