နယူဂျာဆီမှာ ပလက်စတစ်ကို စပြီး ဂျောဖြတ်ဖို့ လုပ်နေပြီ

နယူဂျာဆီမှာ ပလက်စတစ်ကို စပြီး ဂျောဖြတ်ဖို့ လုပ်နေပြီ

အမေရိကန်အစိုးရက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် ပလက်စတစ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လျှော့ချဖို့အတွက် ညွှန်ကြားချက်တွေပေး တော့ နယူးဂျာဆီပြည်နယ်က ပထမဦး ဆုံး အနေနဲ့ ပလက်စတစ်မသုံးစွဲရေး လှုတ်ရှားမှုအဖြစ် အအေးပိုက်တွေ ကို ပိတ်သိမ်းဖို့ စတင်ခဲ့ပါတယ်။
စားသောက်ဆိုင်တွေ ၊ ကော်ဖီဆိုင်တွေ နဲ့ စားသောက်ကုန် လုပ်ငန်းတိုင်း နဲ့ စတိုး ဆိုင်တွေမှာ စားသောက်သူက အရေးပေါ် မတောင်းဆိုမချင်း ပလက်စတစ်အအေးပိုက်တွေကို မထုတ်ပေးရဘူးလို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ပလက်စတစ် အအေးပိုက်တွေနေရာမှာ အစားထိုးတဲ့ လုပ်ငန်းတွေ တွင်ကျယ်လာပြီး ဆိုရင် ပလက်စတစ် ကုန်ပစ္စည်းတွေကို တစ်မျိုးချင်း အလိုက် ပိတ်သိမ်းမှုတွေ လုပ်သွားမယ်လိုကလည်း ပြည်နယ်အစိုးရ က ဆိုပါတယ်။
၂၀၂၂ မေလကို နောက်ဆုံးထားပြီး အရေးမကြီးတဲ့ ပလက်စတစ်အိပ် လုပ်ငန်းတွေကို ပိတ်သိမ်းမှာဖြစ်ပါတယ်။
ပလက်စတစ် လုပ်ငန်းတွေအပြင် ဖော့ဘူးတွေနဲ့ ပတ်သက်ပြီး တားမြစ်မှုတွေကို ဆက်လက်လုပ်ကိုင် ဦးမယ်လို့ လည်းစီစဉ်ထားပါတယ်။
“ လက်ရှိမှာတော့ဗျာ ၊ ကျနော်တို့က ပလက်စတစ်အအေးပိုက်တွေကို ဂျောဖြတ်ပစ်မယ်ဗျာ။ အဲ့ဒိအတွက် ကျနော်တို့ အနောက်ကနေ ဘယ်လောက်အထိ လိုက်လုပ်ရသလဲ ။ ဘယ်လောက်ဆိုရင် အသားကျသွားမယ် ဆိုတာကို တွက်ချက်ပြီး တစ်ဆင့်ချင် လုပ်သွားမှာပါ” လို့ Clean Ocean အဖွဲ့ ညွှန်ချုပ် က ဆိုပါတယ်။
ပင်လယ်ကမ်းခြေတွေမှာ သန့်ရှင်းရေး လုပ်နေတဲ့ စေတနာ့ဝန်ထမ်းက သောင်းနဲ့ချီပြီးရှိနေပါတယ်။
အဲ့ဒိလူတွေက နေ့တိုင်း သန့်ရှင်းရေးတွေ လုပ် နေပါတယ်။ သူတို့တွေက အမှိုက်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး စာတန်းတွေ တင်တော့ ပလက်စတစ် အအေးပိုက်တွေက ပမာဏအများဆုံးဖြစ်နေတဲ့အတွက် အဲ့ဒိ ကိစ္စကို အရင်ရှင်းတာပဲဖြစ်ပါတယ်။
မောင်ယဿ ( နိုဝင်ဘာ ၂၅ )
REF; green citizen
Photo ; standford university

About The Author

greenness_mm

No Comments

Leave a Reply