နျူ့စွမ်းအင်နဲ့ ရာသီဥတုဖောက်ပြန်မှု ဘာကိုရွေးကြမလဲ

နျူ့စွမ်းအင်နဲ့ ရာသီဥတုဖောက်ပြန်မှု ဘာကိုရွေးကြမလဲ

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြီးက လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ် ။ ရုပ်ကြွင်း လောင်စာတွေရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ စွမ်းအင်သစ် ရှာဖွေတဲ့နေရာမှာ နျူကလီယ ဓာတ်ပေါင်းဖိုတွေကလည်း တစ်ခု အပါအဝင် ဖြစ်နေပါတယ် ။ အန္တရာယ်ကြီးတယ်ဆိုပေမဲ့ ကုန်ကျစရိတ်က အများကြီးသက်သာတာနဲ့ သဘာဝ ပတ်ဝန်းကျင် အထောက်အပံ့အများကြီး ဖြစ်နေတာက ဥရောပနိုင်ငံတွေကို နျူ့ကလီယစွမ်းအင် သုံးဖို့အတွက် ခြေဦးလှည့်လာစေပါတယ် ။
အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်ခန့်သည် ကမ္ဘာလုံးဆိုင်ရာနျူကလီးယားပြန်လည် နိုးထရေးတောင်းဆိုမှုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ရန်အတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ ငြင်းခုံနေကြ သော်လည်း ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများက အဏုမြူစွမ်းအင်ကို အသစ်ပြန်လည် အာရုံစိုက်ခြင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အရေးတကြီးလိုအပ်နေသည့် စွမ်းအင်ရှာဖွေရေးကို အာရုံလွဲသွားစေနိုင် ကြောင်း ပြောဆိုနေကြပါတယ်။ .
ပြင်သစ်သမ္မတ Emmanuel Macron က အဏုမြူစွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့ကြတဲ့ အီးယူအစိုးရ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ် ။ သူပြောတဲ့ အဏုမြူစွမ်းအင်မြှင့်တင်ရေးက ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ဟန့်တားရန်အတွက် မရှိမဖြစ် လိုအပ်တဲ့ ရာသီဥတုဆိုင်ရာ ကိရိယာတစ်ခု ဖြစ်ကြောင်း ပြောဆိုချက်ကို အစိမ်းရောင်အဖွဲ့များက ပယ်ချခဲ့ပါတယ် ။
ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန်းဒါးဒီခရိုက ဘရပ်ဆဲလ်မြို့ကို ကမ္ဘာ့ခေါင်းဆောင်များအား ဖိတ်ခေါ်ခဲ့ပြီး နျူကလီးယားအခြေခံ အဆောက်အအုံများ ဖြန့်ကျက်ချထားရေးဆိုင်ရာ တွန်းအားပေးမှုအသစ်ကို ထောက်ခံရန် တောင်းခံခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ ရဲ့ အဆိုအရ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ချက်ချီးယား၊ ဖင်လန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ဆွီဒင်၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယားနှင့် အီတလီတို့ကလည်း မူဝါဒဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ငွေကြေးထောက်ပံ့မှု တောင်းဆိုရန်အတွက် အာရှ၊ မြောက်နှင့် တောင်အမေရိကနှင့် အာဖရိကနိုင်ငံများတွေက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ် ။
ဥရောပခေါင်းဆောင်တွေရဲ့ ကြွေးကြော်သံအများစုက အီးယူ၏ “စွမ်းအင်အချုပ်အခြာအာဏာ” ကို တိုးမြှင့်ရန် လိုအပ်ကြောင်း တစိုက်မတ်မတ်ပြောလာပါတယ် ။ ၎င်းတို့က အဏုမြူစွမ်းအင်ကို မမြှင့်တင်ဘဲ ကမ္ဘာလုံးဆိုင်ရာ အပူဒဏ်ကို ရပ်တန့်ရန် မဖြစ်နိုင်ကြောင်း သတင်းစကားကိုလည်း နှိုက်နှိုက်ချွတ်ချွတ် ပြောဆိုနေကြပါတယ်။
ဥရောပပတ်ဝန်းကျင်ဆိုင်ရာ ဗျူရို (EEB) က နေရောင်ခြည်၊ လေနှင့် အခြားသော အစိမ်းရောင်စွမ်းအင်များသည် လက်ရှိနျူကလီးယားစွမ်းရည်ကိုပင် အစားထိုးနိုင်တယ်လို့တော့ ပြောနေပါတယ် ။
ဒတ်ခ်ျဝန်ကြီးချုပ် Mark Rutte က “နျူကလီးယားစွမ်းအင်မှာ ရင်းနှီးမြုပ်နှံမှုမရှိဘဲ မကြာခင်မှာ အသားတင် သုညကို မရောက်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ လုပ်နေတာပါပဲ” လို့ပြောပါတယ် ။ နျူကလီးယားစွမ်းအင်က “ယုံကြည်စိတ်ချရပြီး လုံလောက်တဲ့ ဖြန့်ဖြူးနိုင်မှုကို ဖန်တီးပေး နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒူဘိုင်းမှာ ကျင်းပတဲ့ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ စက်မှုထိပ်သီးနိုင်ငံ ၂၀ ထဲက ပြင်သစ်နဲ့ အမေရိကန် တို့က သီးခြားကတိကဝတ်ပြုခဲ့ပြီး ၂၀၅၀မှာ တစ်ကမ္ဘာလုံး နျူကလီယား စွမ်းအင်သုံးဆ တိုးလာနိုင်စရာ ရှိနေပါတယ် ။ ပြဿနာက ၂၀၄၀ မှာနျူ့ဓာတ်ပေါင်းဖိုအများစုကို ဖျက်သိမ်းဖို့အတွက် ကတိကဝတ်တွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အခုတော့ ကမာ္ဘ့အပူချိန်တိုးလာမှုကို အမြန်ဆုံးလျှော့ချပေးနိုင်ဖို့အတွက် နျူ့ဓာတ်ပေါင်းဖိုတွေကို ဆက်ပြီးတိုးချဲ့လုပ်ကိုင်မလား ရမလားဆိုတာကို အချေတင်အငြင်းအခုံတွေ ဖြစ်နေပါတယ် ။
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply