ပလပ်စတစ်အန္တရာယ်ကို ဖြေရှင်းပေးမယ့် ပလပ်စတစ်စား ဘတ်တီးရီးယား

ပလပ်စတစ်အန္တရာယ်ကို ဖြေရှင်းပေးမယ့် ပလပ်စတစ်စား ဘတ်တီးရီးယား

၂၀၁၆ မှာ ဂျပန်သိပ္ပံပညာရှင် တစ်ယောက်က ပလပ်စတစ်တွေကို စားတဲ့ ဘက်တီးရီးယားတစ်မျိုးကို တွေ့ခဲ့တယ်။ အဲ့ ဒိဘက်တီးရီးယားက PETase နဲ့ MHETase ဆို တဲ့ အင်ဇိုင်း ၂မျိုး ကို ညစ်ထုတ်ပြီး ပလပ်စတစ်တွေ ကို ချေဖျက်ပစ်လိုက်တာကို တွေ့ ခဲ့တာပါ။ ပလပ်စတစ်ဗူးတွေကို အဲ့ဒိအင်ဇိုင်းက ချေဖျက်နိုင်ပါတယ်။
ပလပ်စတစ်စား ဘက်တီးရီးယားတွေက သူတို့ ရဲ့ အင်ဇိုင်း တွေကို ပလပ်စတစ်ပေါ်ကို ညစ်ထုတ်ချ လိုက်တယ်။ ပေါ်လီမာတွေ ဖြစ်တဲ့ ပလပ်စတစ်တွေ ရဲ့ ဓာတုစည်းနှောင်မှုတွေကို အဲ့ဒိအင်ဇိုင်းတွေက ဖျက်ဆီးလိုက်တဲ့အခါမှာ ပေါ်လီမှာတွေ စည်းနှောင်မှု ပျက်ပြီး ကြေပျက်သွားကြတာပါ ။ အဲ့လိုကြေပျက်သွားတဲ့ ပေါ်လီမာတွေက ထွက်လာတဲ့ ဓာတု ကလာပ်စည်းတွေကို ဘတ်တီးရီးယားတွေက သူတို့ရဲ့ ဇီဝကမ္မ ဖြစ်စဉ်အတွက် အသုံး ပြုလိုက်တာပါ။
Hydrelase မျိုးခွဲအောက်က Cutinase ၊ Lipase နဲ့ PETase အင်ဇိုင်းတွေ အကုန်လုံး ပလပ်စတစ်ကို ချေဖျက်နိုင်ပါတယ်။ ဂျပန်ကြီး တွေ့ခဲ့တဲ့ ပလပ်စတစ်စားတဲ့ ဘတ်တီးရီးယားကို Ideonella sakaiensis အမည်ပေးထားပါတယ်။ တစ်နှစ် တစ်နှစ်ကို ကမ္ဘာပေါ်မှာ ပလပ်စတစ်အမှိုက်က တန်ချိန် သန်းကို ၁၀ ဂဏန်းနဲ့ ချီပြီး ဖြစ်နေပါတယ်။ အဲ့ဒါတွေကို နေရာရွှေ့ ပြောင်းဖို့ ထက် ချေဖျက်ပစ်လိုက်တာကပိုကောင်း ပါတယ်။ ပိုလီအီသိုင်လင်းလို့ ခေါ်တဲ့ ပလပ်စတစ်တွေကို ချေဖျက် နိုင်ဖို့အတွက် အခြားနည်းလမ်းတွေကို သုံးမယ်ဆိုရင် ကုန်ကျစရိတ်တွေ အများကြီး သုံးစွဲရမှာပါ။
အဲ့တော့ ပလပ်စတစ်တွေကို စားသုံးတဲ့ ဘတ်တီးရီးယားနဲ့ ရှင်းလိုက်တာက အကောင်း ဆုံးဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ ဘေးထွက် ဆိုးကျိုး ကို မခန့်မှန်းနိုင်သေးတဲ့အတွက် ဘတ်တီးရီးယားသုံစွဲပြီး ပလပ်စတစ်ကို ချေဖျက်တဲ့လုပ်ငန်းက နှောင့်နှေးနေပါတယ်။
၂၀၁၈ မှာ ထပ်ပြီး စမ်းသက်တဲ့ ဘတ်တီးရီးယားတွေ ဆိုရင် ဂျပန်ကြီးတွေ့ခဲ့တဲ့ ဘတ်တီးရီယားထက်ပိုပြီး အစွမ်းထက်တဲ့ အင်ဇိုင်းတွေကို ထုတ်နေပါတယ်။ အဲ့ဒီအင်ဇိုင်း PETase က အစ ၂၀လောက်ပို ပြင်းပြီး ပလပ်စတစ်ဘူးတစ်ဘူး ကို ၁၀ရက်အတွင်း ချေဖျက်ပစ် နိုင်ပါတယ်။
သေချာအောင်လို့ ပြင်သစ်နိုင်ငံ လိုင်ယွန်းမြို့ မှာ ပေါင်၁သန်း အကုန်အကျခံပြီး ဓာတ်ခွဲခန်းတစ်ခုဆောက်ကာ ဆက်ပြီး စမ်းသက်နေပါတယ်။ အင်္ဂလန်က ပိုသ်မောင့်မှာ လည်း စမ်းသက်မှုတွေ လုပ်နေပါတယ်။ စမ်းသက်ချက်တွေ အောင်မြင်တယ် ဆိုရင်တော့ အာတိတ်စက်ဝိုင်း ကနေ သမုဒ္ဒရာအောက်ခြေအထိ ခြေဆန့်နေတဲ့ပလပ်စတစ်အန္တရာယ်ကို အနည်းနဲ့ အများ ရှင်းနိုင်တော့မှာ ပါ။
မောင်ယဿ
REF: the guardian
Photo : guardian

About The Author

greenness_mm

No Comments

Leave a Reply