ပါပူဝါနယူးဂီနီမှာတောင် တောပြုန်းမှုတွေ ဖြစ်နေတယ်လို့ ဂြိုဟ်တုပုံရိပ်တွေကပြ

ပါပူဝါနယူးဂီနီမှာတောင် တောပြုန်းမှုတွေ ဖြစ်နေတယ်လို့ ဂြိုဟ်တုပုံရိပ်တွေကပြ

ဩဂုတ်လတုန်းက သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လွှတ်တင်ထားတဲ့ ဂြိုဟ်တုကနေ ပေးပို့တဲ့ ပုံရိပ်အရ သစ်တောတွေ ထူထပ်ပါတယ်ဆိုတဲ့ ပါပူဝါနယူးဂီနီလို ကျွန်းတွေမှာ တောင် တောပြုန်းမှုတွေ ဖြစ်နေပါတယ်။
ကျွန်းပေါ်မှာ သစ်ခုတ်ဖို့အတွက် လမ်းတွေ ဖောက်နေတာနဲ့ရယ် အဆောက်အအုံ ဆောက်ဖို့အတွက် လမ်းကွန်ယက်တွေလုပ်နေတာနဲ့တင် တောတွေပြုန်းကုန်တာလို့ ဆိုပါတယ်။ မေရီလင်းပြည်နယ်က ကမ္ဘာမြေ သရုပ်ခွဲမှုနဲ့ရှာဖွေေတွေ့ရှိမှု တက္ကသိုလ် ရဲ့စမ်းသက်ခန်းက ရတဲ့ အချက်အလက်တွေအရ ဖော်ပြကြတာပါ။
ဩဂုတ်လ ၁ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်းမှာပဲ နယူးဗြိတိန်အရှေ့ပိုင်း က တောင်ကုန်းတွေမှာ သစ်ပင်တွေ ပျောက်လာတာကို ဂြိုဟ်တုပုံရိပ်မှာတွေ့လာရပါတယ်။ အဲ့ဒိလို သစ်ပင်တွေ လျော့နည်းလာတာက နှစ် ၂၀ အတွင်းမှာ လျော့နည်းတဲ့ ပမာဏနဲ့ သြဂုတ်လအတွင်း လျော့နည်းမှု ကို နှိုင်းယှဉ်တာ ၅၈% အထိရှိပါတယ်။
အဲ့လိုမျိုးဖြစ်နေတာကို ဒေသဆိုင်ရာ အစိုးရဆီကို တက္ကသိုလ်က အရေးပေါ်အချက်အလက်အနေနဲ့ ပို့ပေးခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်တက္ကသိုလ်တစ်ခုကလည်း သူတို့ရဲ့ဒေတာတွေအရ ပါပူဝါနယူးဂီနီမှာ စိုးရိမ်စရာကောင်းတဲ့ သစ်တောပြုန်းတီးမှုတွေ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းက ပါပူဝါနယူဂီနီ မှာ သစ်တောတွေ ထူထပ်မှုက ၉၈% အထိရှိခဲ့ပါတယ်။ နောက်ပြီး ဇီဝမျိုးကွဲတွေကလည်း အတော်ကြီးစုံလင်မှုတွေ ရှိပါတယ်။ မြေပြင်အချက်အလက်တွေအရ ပါပူဝါနယူးဂီနီမှာ ဆီအုန်း ခြံတွေ လုပ်ဖို့အတွက် သစ်ထုတ်လုပ်မှုလုပ်ငန်းတွေ အများကြီးလုပ်နေတယ်လို့ သိရပါတယ်။
၂၀၀၈ ကနေစပြီး တစ်နှစ်ကို ဟတ်တာ ၃၅၀၀ကျော် သစ်တောတွေ ပြုးန်တီးလာနေပါတယ်။ ဒီကနေဆိုရင် ဟတ်တာ ၂သောင်းကျော် သစ်ကြီးဝါးကြီးတွေ ကုန်ဆုံးသွားပါပြီ။ ( ဧက ၅သောင်းကျော်) ပါ။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဆီအုန်း စိုက်ခင်းတွေကြောင့် ပါပူဝါနယူးဂီနီက နောက်၁၀နှစ်အတွင်း မှာ ဧက သိန်းနဲ့ချီပြီး သစ်တောပြုန်းတီးမှုတွေ ဖြစ်သွားမှာပါ။
မောင်ယဿ
REF: mongabay
Photo: mongabay

About The Author

greenness_mm

No Comments

Leave a Reply