ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဂျပန်နိုင်ငံ၏ အနာဂတ်ကို စွမ်းအားမြှင့်တင်ပေးသွားမှာပါ (အဆက်)

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဂျပန်နိုင်ငံ၏ အနာဂတ်ကို စွမ်းအားမြှင့်တင်ပေးသွားမှာပါ (အဆက်)

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဂျပန်နိုင်ငံ၏ အနာဂတ်ကို စွမ်းအားမြှင့်တင်ပေးသွားမှာပါ
The Worldfolio ။ ။ စွမ်းအင်လုပ်ငန်းဆိုက လက်ရှိ ရာစုနှစ်ရဲ့ အဓိကကျတဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ပိုမို ရေရှည် တည်တံ့သော ဖြေရှင်းနည်းများဆီသို့ ကူးပြောင်းမှုက ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ခု အတွင်း စဉ်ဆက်မပြတ် စိန်ခေါ်မှုတစ်ခုဖြစ် လာနေပါတယ်။
ဆိုလာပြားများ၊ လေတာဘိုင်များနှင့် အခြားအခြားသော ရွေးချယ်စရာတွေ ကနေ ထုတ်လုပ်လိုက်တဲ့ စွမ်းအင်ကို စနစ်များအတွင်း ချက်ချင်းဖြည့်ပြီး အသုံးပြုနိုင်ဖို့က ကန့်သတ်ချက်များ ရှိနေပါတယ် ။ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အစားထိုးခြင်း က သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းဖြင့် ပြောင်းပြန်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသလား ။ လေတာဘိုင်များနှင့်ပတ်သက်လို့ ခင်ဗျားကုမ္ပဏီက အဲ့ဒိ စိန်ခေါ်မှုတွေကို သက်သာစေဖို့ ဘယ်လိုကြိုးစားထားပါသလဲ ။
TAKAAKI ACHIHA ။ ။ လေတာဘို်ငတွေဆင်တဲ့အခါမှာ အချက်အချာကျတဲ့ အမြင့်ကိုရောက်ဖို့ မြှင့်တင်ခြင်းက ယူနစ်များ ပိုမိုရရှိနိုင်ပြီး ပိုမိုထိရောက်ပါတယ်။ တာဝါတိုင်ကရိန်းတွေကို အသုံးပြုတာကကျနော်တို့ သက်မှတ်ထားတဲ့ စံနှုန်းများကို ပိုမိုမြင့်မားစွာ ထိန်းသိမ်းထားနိုင်ပါတယ်။ မျှော်စင်ကရိန်းတွေက မီတာ ၁၄၀ အထိရှိတဲ့ အချက်အချာကျတဲ့ အမြင့်တွင်ပင်ရှိပြီးသားနေရာများအတွင်း အလုပ်လုပ်ခြင်းရဲ့ အားသာချက်ကို ပေးပါတယ်။ အဲ့ဒါက ပတ်ဝန်းကျင်သစ်တောဧရိယာကို ထိန်းသိမ်းရာတွင်သာမက ကျဉ်းမြောင်းတဲ့ နေရာများတွင် လည်ပတ်နိုင်စေကာ သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရေးကိုလည်း အထောက်အကူဖြစ်စေပါတယ် ။
လေတာဘိုင်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုတဲ့ အယူအဆက နာမည်ကြီး မီဒီယာတစ်ခု ကနေ သွားပုတ်လေလွှင့် ထုတ်လိုက်တယ်လို့ ကျနော်ပြောရမှာပါ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ လုပ်လက်စ လုပ်ငန်းတွေတောင် ရပ်သွားမလိုဖြစ်ခဲ့ပါတယ်။ လေတာဘိုင်တွေကို လိုအပ်တဲ့အမြင့်ထဲကိုရောက်အောင် လုပ်‌ပေးလိုက်လို့ ကျနော်တို့ကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်ဘူးဆိုတာကို လက်တွေ့ပြနိုင်ခဲ့ပါတယ်။
The Worldfolio ။ ။ လေအားတာဘိုင်များ စတင်ဖန်တီးသောအခါမှာကြုံတွေ့ရတဲ့ စိန်ခေါ်မှုနှစ်ခုမှ
ာ လေထဲတွင် မီတာများစွာ တပ်ဆင်ရမည့် ဓါးသွားတွေလို ဒလက်ကြီးတွေကို သယ်ယူပို့ဆောင်ရေးနဲ့ မော်တာတွေရဲ့ အလေးချိန်တို့ ဖြစ်ပါတယ်။ အမြင့် ၁၅၀ မီတာ နှင့် တန် ၁၄၀ ဆံ့သော လေတာဘိုင်များအတွက် သီးသန့် ဂျပန်၏ ပထမဆုံး တာဝါကရိန်းကို ခင်ဗျားတို့ တီထွင်ခဲ့တယ်လို့ သိရတယ် ။ အဲ့ဒါတွေကို ခင်ဗျားတို့ရဲ့ မိတ်ဖက် ကုမ္ပဏီတစ်ခုနဲ့ လုပ်တယ်လို့လည်း သိရတယ် ။ အဲ့တော့ နိုင်ငံတကာနဲ့ယှဉ်ပြိုင်မှုတွေ အတွက်နဲ့ပတ်သက် ပြီးတော့ ပြောပြပေးနိုင်မလား ။
TAKAAKI ACHIHA ။ ။ တာဝါတိုင်ကရိန်းအသုံးပြုမှုကို စူးစမ်းလေ့လာခြင်းနဲ့ကုန်ကျစရိတ်လျှော့ချရန် ရည်ရွယ်ဖို့ အတွက် ဆန်းသစ်တီထွင်ထားတဲ့ထုတ်ကုန်များကို ဖန်တီးတီထွင်ခြင်းကဲ့သို့သော မဟာဗျူဟာ ထည့်သွင်း စဉ်းစားမှုများ ပါဝင်ပါတယ် ။ တာဝါတိုင်ကရိန်းများ အသုံးပြုတဲ့နေရာမှာ ကျနော်တို့ရဲ့ အဓိကစိုးရိမ်မှုက ကျနော်တို့ရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်သာမက မြို့ပြအင်ဂျင်နီယာ ကုန်ကျစရိတ်အပေါ် သက်ရောက်မှု၊ သုံးစွဲသူများရဲ့ စိတ်ကျေနပ်မှုကို သိသိသာသာ လွှမ်းမိုးနေတဲ့ အချက်ပဲဖြစ်ပါတယ် ။ ကျနော်တို့ ကုမ္ပဏီရဲ့ နယ်နိမိတ်များကို ကျော်လွန်သွားဖို့ လိုအပ်လာရင် လိုအပ်ကြောင်း အသိအမှတ်ပြုပြီး ဘက်စုံတိုးတက်မှုများကို အမြဲပြုလုပ်ပါတယ် ။
The Worldfolio ။ ။ အဲ့ဒါနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချရန် စဉ်းစားဖူး ပါသလား။
TAKAAKI ACHIHA ။ ။ မျှော်စင်ကရိန်းများကို ဖန်တီးဖို့အတွက်က YouTube မှာ ဒိန်းမတ်ကုမ္ပဏီတစ်ခုရဲ့ ကရိန်းလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုများကို ကြည့်ရှုခြင်းဖြင့် စတင်ခဲ့တာပါ ။ သူတို့ရဲ့ စွမ်းဆောင်မှုကို သဘောကျတာကြောင့် ဂျပန်နိုင်ငံမှာ အလားတူ တာဝါတိုင်ကရိန်းတွေ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒိန်းမတ်ကုမ္ပဏီကို ဖုန်းခေါ်ဆိုပြီးနောက် ထိုင်းနိုင်ငံရှိ ၎င်းတို့၏ တာဝါတိုင်ကရိန်းများကို စစ်ဆေးရန် ဖိတ်ခေါ်ခဲ့သည်။ ဒိန်းမတ်နိုင်ငံမှ တာဝါတိုင်ကရိန်းကို အစောပိုင်းတွင် တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း ဂျပန်နိုင်ငံတွင် ပျံ့နှံ့နေတဲ့
ငလျင်ကြောင့် မဖြစ်နိုင်ဘူးဖြစ်နေပါတယ် ။ ဂျပန်နိုင်ငံမှာ သူတို့လုပ်ခဲ့တဲ့ မျှော်စင်ကရိန်းဟာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ အသုံးပြုထားတဲ့ ပစ္စည်းတွေ ပိုခိုင်ခံ့စေတဲ့အတွက် ပိုစျေးကြီးပါတယ်။ ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ခံရန် လိုအပ်ချက်များအရ ပြည်ပမှ ကရိန်းများ တင်သွင်းခြင်းသည် တွက်ချေမကိုက်ပါဘူး ။ ဂျပန်တာဝါတိုင်ကရိန်းများကတော့ တင်းကြပ်တဲ့ စံချိန်စံညွှန်းများကို လိုက်နာကြပြီး ဧရာမငလျင်များကိုခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်ထားတာပါ ။ ဂျပန်ကရိန်းတွေရဲ့ မွေးရာပါ အစွမ်းသတ္တိက မှတ်သားလောက်ပါတယ် ။
The Worldfolio ။ ။ ခင်ဗျားတို့ရဲ့ နိုင်ငံတကာတိုးချဲ့မှုကို ဘယ်နေရာတွေကနေ ဆက်လက်လုပ်ဆောင်ချင်သလဲ ။
TAKAAKI ACHIHA ။ ။ ကျနော်တို့က အရှေ့တောင်အာရှမှာ ရှာဖွေနေပါတယ် ။ ယင်းကို လွယ်ကူချောမွေ့စေရန် အတွက် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် ကျ‌နော်တို့ရဲ့ ပြည်ပဌာနခွဲများကို တည်ထောင်ထားပါတယ် ။ ဒါပေမဲ့လည်း ၂၀၂၅ လောက်ရောက်မှပဲ ဌာနခွဲတွေ အသက်ဝင်နိုင်မှာပါ ။ ဒေသတွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲဖို့အတွက် သေချာတဲ့ဗျူဟာတွေ ရေးဆွဲဖို့အတွက်ကြောင့်ပါပဲ ။ လုပ်ငန်းစဉ်နှင့်အညီ၊ ကျနော်တို့ရဲ့ ရုံးချုပ်က ဂျပန်နိုင်ငံတွင် ကျန်ရှိနေပြီး၊ IPO အတွက် စာရင်းစစ်မှုကို လုပ်ဆောင်နေပါတယ် ။
ကောင်းမွန်စွာ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံကို ထူထောင်ရန်နှင့် လိုအပ်သော အတည်ပြုချက်များ ရယူရန် မှန်ကန်သော လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း၏ အရေးပါမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ် ။
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply