ပြောင် အထီး ၂ကောင်ကို မိုင် ၂၀၀ အကွာကို ပို့ဖို့ WWF ရန်ပုံငွေ ရှာနေ

ပြောင် အထီး ၂ကောင်ကို မိုင် ၂၀၀ အကွာကို ပို့ဖို့ WWF ရန်ပုံငွေ ရှာနေ

ယူကရိန်းနိုင်ငံအခြေစိုက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ ( WWF) က ပြောင်အထီး တစ်ကောင်ကို မိုင် ၂၀၀ ‌ကျော်အကွာက တိရစ္ဆာန်ဥယျာဉ် တစ်ခုကို ပို့ဖို့အတွက် ရန်ပုံငွေ ရှာနေတယ်လို့ သိရပါတယ် ။
မြို့တော်ကိဗ် ရဲ့အ‌ရှေ့ဖက် ဇာလစ်ဆီယား သဘာဝ အမျိုးသားဥယျာဉ် မှာ မွေးထားတဲ့ ပြောင်ထီးတွေ တစ်ကောင်မှ မရှိတော့လို့ မျိုးဆက်ပွားရန်အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့် အနီးဆုံးနေရာ ဗင်နီတစ်စီးယားက ပြောင်ထီးတစ်ကောင်ကို ပို့ဖို့အတွက် အစီအစဉ်တစ်ခုလုပ်ရာမှာ သယ်ယူပို့ဆောင်ရေးတွက် ရန်ပုံငွေ လိုအပ်နေတာပါ ။
ပြောင်ဆိုတဲ့ အမွေးရှည် နွားနောက်တွေကို ဥရောပမှာ ၁၇ ရာစုကနေ ၁၉ ရာစုအတွင်းမှာ မျိုးပြုန်းသွားလောက် အောင်ကို သတ်ဖျက်ခဲ့ကြပါတယ်။ ၁၉၀၀ လောက်မှာ ပြောင်တွေကို ဘီလာရုစ်နဲ့ ပိုလန် နယ်စပ်က ဘိုင်ရာလိုဝီဇာ ဒေသ နဲ့ ရုရှားနဲ့ ဂျော်ဂျီယာနယ်စပ် ကော်ကေးဆက်တောင်တန်းပေါ်မှာပဲ တွေ့ရပါတော့တယ် ။ နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ အဆိုအရ ၁၉၂၇ လောက်မှာ အဲ့ဒိဒေသက ပြောင်တွေလည်း အရှင်းခံလိုက်ရ ပြီးနောက်မှာတော့ ဥရောပနိုင်ငံအချို့ရဲ့ တိရစာ္ဆန်ရုံတွေလောက်မှာပဲ ပြောင်တွေကို တွေ့ခွင့်ရပါတော့တယ် ။ တောရိုင်းပြောင်တွေကို မတွေ့ရတော့ပါဘူး ။
အဲ့ဒိအပင်စားအကောင်ကြီးတွေကို ပြန်လည်ထိန်းသိမ်းမွေးမြူရေးတွေ လုပ်ခဲ့လို့ ဥရောပနိုင်ငံတွေရဲ့တောတွေ ထဲမှာ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ အခုဆိုရင် ပိုလန် ၊ လစ်သူရေးနီးယား ၊ ရုရှား ၊ ယူကရိန်း နဲ့ စလိုဗက်ကီးယားတို့မှာ စုစုပေါင်း အကောင်ရေ ၇၀၀၀ လောက်ရှိနေပါတယ် ။ အဲ့ဒိထဲက အကောင် ၄၀၀ လောက် က ယူကရိန် နိုင်ငံက အမျိုးသားဥယျာဉ်တွေမှာ ရှိပါတယ် ။
ပြဿနာက ယူကရိန်း- ရုရှားစစ်ဖြစ်တဲ့ အချိန်မှာ စစ်ပွဲနဲ့ နီးတဲ့ နေရာတွေက ပြောင်အထိတွေက ဒုံးတွေရဲ့ ပေါက်ကွဲမှု အသံကြောင့်ရယ် ၊ မိုင်းနင်းမိတာရယ်တွေကြောင့် သေကုန်ကြတာပါ ။ ဇာလစ်ဆီးယား အမျိုးသား ဥယျာဉ် မှာ မွေးထားတဲ့ ပြောင်အရိုင်း ၂၁ ကောင်ရှိပါတယ် ။ အထီး ၇ ကောင်လုံး သေသွားတဲ့အတွက် မျိုးပွားဖို့ရာ မဖြစ်နိုင်တော့ပါဘူး ။ အဲ့ဒါတောင် ပြောင်တွေကို ၁၄၈ စတုရန်းကီလိုမီတာရှိတဲ့ ခြံထဲမှာ ထည့်ထားတာပါ ။
WWF တာဝန်ခံတွေကတော့ ပြောင်ထီး ၂ ကောင်ကို အဲ့ဒိဥယျာဉ်ထဲကို ရွှေ့ပြောင်းဖို့အတွက် အနည်းဆုံး ယူရို ၁သောင်းကျော်ကုန်မှာ လို့ပြောပါတယ် ။ နောက်ပြီး စစ်ပွဲကာလအတွင်းဖြစ်နေလို့ သက်မှက်နေရာ ရောက်နိုင် မရောက်နိုင်က အာမမခံနိုင်ဘူး ဖြစ်နေပါတယ် ။ ယူကရိန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကလည်း သူတို့အနေနဲ့ တတ်နိုင်သလောက် အကူအညီပေးမယ်ဆိုပြီး အကြောင်းကြားထားပါတယ်။ လက်ရှိက ယူကရိန်းမှာ ရှိတဲ့ ပြောင်တွေရဲ့ အကောင်ရေစာရင်းကမသိရသေပါဘူး ။ အနီရောင့်အဆင့်စာရင်းထဲမှာတော့ ရောက်နေပါတယ် ။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply