ဖင်လန်နိုင်ငံက သဲဘတ်ထရီ အကြီးကြီးတစ်ခုကို စမ်းသပ်တီထွင်

ဖင်လန်နိုင်ငံက သဲဘတ်ထရီ အကြီးကြီးတစ်ခုကို စမ်းသပ်တီထွင်

ဖင်လန်နိုင်ငံတောင်ပိုင်း ပေါ်နိုင်နမ်မြို့တွင် စက်မှုလုပ်ငန်းသုံးလို့ရတဲ့ လျှပ်စစ် သိုလှောင်မှုစနစ်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး သဲဘက်ထရီ တစ်လုံးကို စမ်းသက်တီထွင်မှုပြုနေပါတယ် ။ အဲ့ဒိဘတ်ထရီက နေရောင်ခြည်နှင့် လေအရင်းအမြစ်များမှ အပူစွမ်းအင် 100 MWh ကို သိုလှောင်ထားနိုင်ခြင်းကြောင့် ဒေသခံများအတွက် အပူပေးလို့ကုန်ကျနေတဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို ၇၀ ရာခိုင်နှုန်း နီးပါးလျှော့ချပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ၎င်းတို့၏ ခရိုင်အပူပေးကွန်ရက်မှ ဆီများကို ဖယ်ရှားနိုင်ကာ ဓာတ်ငွေ့ထုတ်လွှတ်မှု 70 ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

“Pornainen ရဲ့ခရိုင် အပူကွန်ရက် ထဲကို အဲ့ဒိဘတ်ထရီကလာတဲ့ အပူကို အဓိကထုတ်လုပ်ပေးတဲ့ စက်ရုံတစ်ခု အဖြစ် လုပ်ဆောင်မှာမို့လို့ အကြီးစား အပူစွမ်းအင် သိုလှောင်မှုကို တည်ဆောက်ရခြင်းက စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ” လို့ ဆန်းသစ်တီထွင်မှု နောက်ကွယ်ရှိ Polar Night Energy မှ COO, Liisa Naskali ကပြောကြားပါတယ်။ “ဒါဟာ သဲဘက်ထရီနည်းပညာကို မြှင့်တင်ရာမှာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုပါ။”
သဲဘတ်ထရီနဲ့ ပတ်သက်လို့ Polar Night Energy က ၂၀၂၂ မေလတုန်းက Kankaanpää မြို့ရှိ ဓာတ်အားပေး စက်ရုံအတွက် ၁ မဂ္ဂဝပ် ထွက်တဲ့ ဒီဇိုင်း အသေးလေးတစ်ခုကို တပ်ဆင်ခဲ့ဖူးပါတယ်။

ဖင်လန်နိုင်ငံက နေတိုးအဖွဲ့မှာပါဝင်တာနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်တဲ့ အနေနဲ့ ရုရှားက ဓာတ်ငွေ့ထောက်ပံ့မှုကို ဖြတ်တောက် လိုက်ချိန်မှာ အဲ့ဒိစီမံကိန်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို နည်းလမ်းသစ်ဖြင့် အသုံးချနိုင်ပုံကို အချိန်နှင့် တစ်ပြေးညီ သုံးလို့ရသွားပါတယ်။
စီမံကိန်းရဲ့ ရည်ရွယ်ချက်က နေရောင်များများရတဲ့အချိန် နဲ့ လေပြင်းပြင်း အကြာကြီးတိုက်တဲ့အချိန်တွေမှာ လျှပ်စစ်ကို ရယူထားပြီး သဲထဲမှာ သိုလှောင်ထားဖို့ပဲ ဖြစ်ပါတယ် ။ ဆိုလာပြားတွေနဲ့ လေရဟတ်တွေကနေ ထွက်လာတဲ့ လျှပ်စစ်ကို အသုံးပြုပေမဲ့ ပိုနေတဲ့ လျှပ်စစ်တွေကို သဲတွေထည့်ထားတဲ့ မျှော်စင်တစ်ခု ထဲကို ဖြတ်စီးခိုင်းတာပဲ ဖြစ်ပါတယ်။ စူပါကွန်ဒက်တာတွေ မဟုတ်ရင် လျှပ်စစ်စီးတာနဲ့ အပူထွက်လာတော့တာပါပဲ ။ အဲ့ဒိအပူတွေကို ကွန်တိန်နာတွေထဲမှာ စုဆောင်းထားပြီး ဒေသတွင်း အပူပေးစနစ် ကွန်ယက်ထဲကို ထည့်ပေါင်းပေးလိုက်တာပဲ ဖြစ်ပါတယ် ။

သဲတွေက အပူချိန် ၅၀၀ စင်တီဂရိတ်ကို ရက်ပေါင်းများစွာကြအောင် သိုလောင်ပေးပြီး ဆောင်းရာသီ‌ရောက်တဲ့ အချိန်မှာ အပူကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးလို့ရမှာပဲဖြစ်ပါတယ် ။ လိုအပ်ရင်လိုအပ်သလို လှောင်ထားတဲ့ အပူကို ရေနွေးအဖြစ်ပြောင်းလဲပြီး ရေကူးကန်တွေကိုတောင် ပေးသွားမှာဖြစ်ပါတယ် ။ “အဲဒီမှာ တကယ်ကို စိတ်ကူးယဉ်တာ ဘာမှ မရှိဘူး။ ရှုပ်ထွေးတဲ့အပိုင်းက ကွန်ပြူတာမှာ ဖြစ်နေတာ။ သိုလှောင်မှုအတွင်း စွမ်းအင် သို့မဟုတ် အပူသည် မည်ကဲ့သို့ ရွေ့လျားသည်ကို ကျွန်ုပ်တို့ သိရန် လိုအပ်ပြီး မည်မျှရရှိနိုင်ပြီး မည်သည့်နှုန်းဖြင့် ထုတ်လွှတ်နိုင်ပြီး အားသွင်းနိုင်သည်ကို အချိန်တိုင်း သိရှိရန် လိုအပ်တာပါပဲ” လို့ စီမံကိန်းတီထွင်သူတစ်ဦးက ဆိုပါတယ်။

မောင်ယဿ

REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply