ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ သောက်‌ရေ တစ်ဝက်လောက်က အာဆင်းနစ်အဆိပ်သင့်နေ

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ သောက်‌ရေ တစ်ဝက်လောက်က အာဆင်းနစ်အဆိပ်သင့်နေ

ရာသီဥတုဖောက်ပြန်မှုကို အခံရဆုံးနိုင်ငံတစ်နိုင်ငံကိုပြ ပါဆိုရင် ဘင်္ဂလားဒေ့ရှ်ပါပဲ ။ ပညာရှင်တွေရဲ့ လက်ရှိ တွက်ချက်ထားမှုအရ ၎င်းရဲ့ ပင်လယ်ရေမျက်နှာပြင်က ၂၀၅၀ မှာ ၁ ပေခွဲ မြင့်တက်လာစရာရှိနေတယ်လို့ မှန်းထားပြီး ကုန်းမြေ ၁၁ ရာခိုင်နှုန်းလောက် ပင်လယ်ရေအောက် ရောက်သွားနိုင်ပါတယ်။ မုတ်သုံမိုးများ ပြင်းထန်စွာ ရွာသွန်းမှု က စိတ်လာတဲ့အတွက် ကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ် ရေကြီးပြီး မိသားစု ၅ ပုံတစ်ပုံ က နေအိမ်တွေကနေ စွန့်ခွာပြီး ရွှေ့ပြောင်းကြရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် အဲ့ဒိ ရေဘေးအန္တရာယ်တွေထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုကတော့ အာဆင်းနစ် ညစ်ညမ်းမှုပါပဲ။ လူတိုင်းနီးပါးသောက်သုံးတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ သောက်ရေတွင်း ၄၉ ရာခိုင်နှုန်းခန့်မှာ ကင်ဆာဖြစ်စေနိုင်သော အာဆင်းနစ် ဘေးကင်းမှု မရှိဘူးဖြစ်နေပါတယ်။
လေ့လာမှုအသစ်တစ်ခုအရ ရာသီဥတုအကျပ်အတည်းက ဘင်္ဂလားဒေ့ရှ်တွင် ပေါ်ပေါက်လာနေသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ညွှန်ပြနေပါတယ်။ အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိထားပါတယ်။ “အာဆင်းနစ်နဲ့ ရာသီဥတုပြောင်းလဲမှုတွေလို ပြဿနာတွေက ဘင်္ဂလားဒေ့ရှ်မှာ အရင်ကတည်းက ဆိုးဆိုးရွားရွားဖြစ်နေတာပါ ” လို့ WaterAid Bangladesh မှ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူ Md Tahmidul Islam က Euronews Green ကိုပြောကြားခဲ့ပါတယ် ။
ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးမှု၊ ပူပြင်းခြောက်သွေ့မှုတို့က ပိုမိုပြင်းထန်လာပြီး အိမ်များ၊ အိမ်သာများ၊ လမ်းများ၊ လယ်မြေများ ပြိုပျက်သွားကြပါတယ်။ သန့်ရှင်းတဲ့ရေ ရဖို့က အမြဲတမ်း ပထမဆုံး ဦးစားပေး အရာဖြစ်နေပါတယ်။ အဲ့ဒိထဲမှာ လူပေါင်း ၂၆ သန်းနီးပါးက ဆားရည်နှင့် ထိတွေ့နေရပြီး အသက်ရှင်ရန် ရုန်းကန်နေရပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ အာဂျင်တီးနား၊ ကမ္ဘောဒီးယား၊ ချီလီ၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ပါကစ္စတန်၊ အမေရိကန်နှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံအများအပြား၏ မြေအောက်ရေထဲမှာ အာဆင်းနစ်ပါဝင်မှု မြင့်မားစွာ သဘာဝအတိုင်း ရှိနေတာပါ။
၁၉၇၀ လောက်မှာ မြစ်ရေ ၊ ချောင်းရေ ၊ ကန်ရေတွေလို မြေမျက်နှာပြင်‌ပေါ်က ရေတွေမှာ ညစ်ညမ်းမှုတွေ ရှိတယ်ဆိုပြီး မြေအောက်ရေကို ထုတ်ယူသုံးစွဲမှု စတင်ခဲ့ပါတယ်။ အစိုးရ၊ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများနှင့် NGOS တို့သည် နိုင်ငံအတွင်း သောက်သုံးရေတွင်းပေါင်း ၁၀ သန်းခန့် တပ်ဆင်ပေးခဲ့ပြီး ကလေးသေဆုံးမှုနှုန်း အလွန်မြင့်မားမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ အနည်ကျကျောက်ဆောင်တွေကနေ ထုတ်ယူတဲ့ ရေတွေမှာ inorganic arsenic ပမာဏ မြင့်မားစွာပါ၀င်
ကြောင်း တွေ့လာတော့တာပါပဲ ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဧရိယာတစ်ဝက်နီးပါးတွင် WHO မှ လမ်းညွှန်ချက် 10 micrograms per liter (μg/L) ထက်ကျော်လွန်သော အာဆင်းနစ်ပါဝင်မှုရှိသော ရေတွင်းများကို သောက်သုံးနေကြတယ်လို့ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က ၂၀၀၂ ခုနှစ်တွင် တွေ့ရှိခဲ့ပါတယ်။
နာတာရှည် အာဆင်းနစ် အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏါတွေကတော့ လူတို့၏ လက်ဖဝါးနှင့် ခြေဖဝါးတွင် အရေပြား အနာများ ဖြစ်လာတာပဲဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါများတွင် အာဆင်းနစ်ဓာတ်များ တိုးပွားလာကာ ကင်ဆာဖြစ်စေတတ်ပါတယ်။ ၎င်းသည် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ဆီးချိုရောဂါတို့နှင့်လည်း ဆက်နွှယ်နေပြီး ငယ်ရွယ်စဉ်ကတည်းက သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
မောင်ယဿ
ကိုးကား ။။ ယူရိုနယူးစ်

About The Author

greenness_mm

No Comments

Leave a Reply