ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောနှစ်မြုပ်ပြီး ဆီကွက်တွေ ကမ်းလာကပ်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောနှစ်မြုပ်ပြီး ဆီကွက်တွေ ကမ်းလာကပ်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

တောင်အမေရိကတိုက် မြောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံရဲ့ ကမ်းလွန်းမှာ ရှိတဲ့ ထရီနီဒတ် တိုဘာဂို ကျွန်းနိုင်ငံမှာ ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောမှောက်ပြီး ဆီကွက်တွေ ကမ်းလာကပ်တဲ့အတွက် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။
ထရီနီဒက်နှင့် တိုဘာဂို ဝန်ကြီးချုပ်က ကာရေဘီယံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းအနီးတွင် ရေနံယိုဖိတ်မှုကြောင့် “နိုင်ငံတော် အရေးပေါ်အခြေအနေ” ဖြစ်လာကြောင်း ပြောကြားခဲ့ပါတယ်။ Tobago ရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ကမ်းခြေအများအပြားတွင် ရေနံကွက်များ ဖုံးအုပ်ထားပြီး ၎င်းတို့ကို ရှင်းလင်းပြီး သိုလှောင်ရန် သင်္ဘောသားများ ရုန်းကန်နေကြရပါတယ်။ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က Tobago အနီးတွင် တိမ်းမှောက် ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောပိုင်ရှင်ကို အစိုးရက ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဝန်ကြီးချုပ် Keith Rowley က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။
နစ်မြုပ်နေသော သင်္ဘောကြီးတွင် ဆီမည်မျှ ယိုဖိတ်ခဲ့သည်ကို ချက်ခြင်း မသိရသေးပါ။ အရေးပေါ် ဖုန်းခေါ်ဆိုမှု များနဲ့ သင်္ဘောသားများရဲ့ အရိပ်အယောင်မတွေ့ရှိသလို သင်္ဘောကို မည်သူပိုင်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် သင်္ဘောမှောက်ရခြင်းအကြောင်းရင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
နစ်မြုပ်သွားတဲ့ ရေနံတင်သင်္ဘော မှ ယိုစိမ့်မှုကို ရေငုပ်သမားများက မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရာ ကျန်ရှိနေသည့် ဆီများကို မည်သို့ဖယ်ရှားရမည်ကို ဆုံးဖြတ်ရန် ကြိုးစားနေကြောင်း တိုဘာဂိုအောက်လွှတ်တော် အတွင်းရေးမှူးချုပ် Farley Augustine ကပြောပါတယ်။ သူက ဝန်ကြီးချုပ်နှင့်အတူ အဆိုပါနေရာကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ထရီနီဒက်တိုဘာဂို ကျွန်းနိုင်ငံက နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်ပြီး ပွဲတော်ကြီးရာသီကာလအတွင်းမှာပဲ ရေနံ ဖိတ်စင်မှု ဖြစ်ခဲ့တာပါ ။ အဲ့ဒိဖြစ်စဉ်က အရေးပါသောစက်မှုလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု ဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် တာဝန်ရှိသူများက စိုးရိမ်နေကြရပါတယ်။ ပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့များ ကတော့ ချက်ခြင်း မှတ်ချက်ပေးခြင်း မရှိပေ။
သန့်ရှင်းရေးအတွက် ဘယ်လောက်ကုန်ကျမည်ကို သိရန်မှာ စောလွန်းသေးတယ်လို့ ဝန်ကြီးချုပ် Rowley မှ ပြောကြား သော်လည်း “ဒီဖြစ်ရပ်ကို တုံ့ပြန်ရန်အတွက် အနည်းငယ်မျှသာ အရေးမပါတဲ့ ကုန်ကျစရိတ်များ ဖြစ်ပေါ်နေတယ်” လို့ဆိုပါတယ်။ အမည်မသိနိုင်ငံအများအပြားက အကူအညီပေးရန် ကမ်းလှမ်းထားပြီး ယင်းကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကဆိုပါတယ်။
“ကျွန်တော်တို့ အခြေအနေကို ထိန်းချုပ်ပြီးမှသာ သန့်ရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေးကို လေးလေးနက်နက် စတင်နိုင်မှာပါ။ လောလောဆယ်တော့ အခြေအနေက ထိန်းလို့မရသေးဘူး။ ဒါပေမယ့် လုံလောက်တဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်တော်တို့ စီမံခန့်ခွဲနိုင်မယ်လို့ ယူဆပုံရပါတယ်”လို့ လည်း ဆိုပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply