ဘလာ ဘလာ တွေ အော်နေရုံနဲ့ ကမ္ဘာကြီး ကိုယ်ပူမကျနိုင်ဘူး

ဘလာ ဘလာ တွေ အော်နေရုံနဲ့ ကမ္ဘာကြီး ကိုယ်ပူမကျနိုင်ဘူး

ကုလသမဂ္ဂကိုတင်တဲ့ အရေးကြီးအစီရင်ခံစာတစ်ခုမှာ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက စသိခဲ့တဲ့ ကမ္ဘာကြီးက စက်မှုခေတ်မတိုင်ခင်က အခြေအနေထက် ၁.၅ ဒီကရီစင်တီဂရိတ် ပိုပူနေတယ် ဆိုတဲ့အခြေအနေက ပြောင်းလဲမှုမရှိခဲ့ပါဘူး လို့ ဖော်ပြပါရှိပါတယ်။
ကမ္ဘာကြီးက အပူချိန်တက်နေတယ် ၊ အဲ့ဒါကို ကျဆင်းသွားအောင် ဝိုင်လုပ်ကြပါစို့ဆိုပြီး နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက သဘောတူညီမှုတွေလုပ် ၊ စာချုပ်တွေချုပ်နေကြပေမဲ့ ပြောတဲ့စကား၊ ပေးတဲ့ကတိတွေက လေထဲမှာ ပျောက်သွားသလို ၊ စာချုပ်တွေပေါ်မှာ ရေးထိုးတဲ့ စာသားတွေကလည်း စာရွက်ထဲကနေ အပြင်ကို ထွက်မလာဘူး ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလေ ဂီတာသွန်းဘာ့ဂ်ရဲ့ စကားနဲ့ပြောရရင်တော့ လူကြီးတွေက ဘလာ ဘလာတွေပဲ ပြောနေတာပါတဲ့ ။
ရေနံ၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုသည် ယခုနှစ်တွင် တစ်ဖန် မြင့်တက်လာခဲ့ပြီး ခန့်မှန်းခြေ တန်ချိန် ၃၆.၈ ဘီလီယံသို့ ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နဲ့ နှိုင်းကြည့်တော့ ၁.၁ ရာခိုင်နှုန်းတောင် တက်လာခဲ့တယ်ဆိုပြီး အဲ့ဒိအစီရင်ခံစာမှာ ပါလာပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို မတားဆီးနိုင်တော့ဘူးဆိုရင်တော့ လက်ရှိကမ္ဘာကြီးဖြစ်နေတဲ့ ၁.၅ ဒီကရီ အပူချိန်တက်နေတာက အတက်အကျမရှိဘဲ မြဲသွားနိုင်တဲ့အပြင် လာမယ့် ၇ နှစ် ၂၀၃၀ မှာ ၂ ဒီကရီအထိ ထက်တက်နိုင်တယ်လို့ Global Carbon Project အဖွဲ့မှ သိပ္ပံပညာရှင်များက ပြောသွားပါတယ်။
“ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ထင်ရှားနေသော်လည်း ရုပ်ကြွင်း လောင်စာများမှ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန် လုပ်ဆောင်မှုသည် အလွန်အမင်း နှေးကွေးနေဆဲဖြစ်နေပါ တယ်” လို့ လေ့လာမှုကို ဦးဆောင်ခဲ့သူ IPCC မှ ပါမောက္ခ Pierre Friedlingstein က ပြောကြားခဲ့ပါတယ် ။
” ပါရီသဘောတူညီချက်မှာ ၁.၅ ဒီဂရီစင်တီဂရိတ် ကနေ ထပ်မတိုးအောင် လုပ်ဖို့ ရဉ်မှန်းချက် လုပ်ခဲ့ပါတယ်။ လက်ရှိအနေအထားကတော့ မဖြစ်နိုင်ပါဘူး ။ COP28 မှာ ခေါင်းဆောင်များတွေ့ဆုံမှုတွင် ရုပ်ကြွင်းလောင်စာဆီ ထုတ်လွှတ်မှုကို လျင်မြန်စွာ ဖြတ်တောက်ရန် သဘောတူညီမှု မဖြစ်မနေ ရမှဖြစ်မယ် ” လို့ ပါမောက္ခက ထပ်လောင်းပြောကြားခဲ့ပါတယ် ။
ဒီနှစ်ထဲမှာ ကနေဒါက တောမီးကြောင့် လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု ပိုများခဲ့ပါတယ်။ နောက်ဆုံး တွက်ချက်မှုအရ ၄၀.၉ ဘီလီယံတန်တောင် ထုတ်လွှတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ် ။ ကာဗွန်ထုတ်လွှတ်မှု ကို တိုင်းတာ တွက်ချက်မှုတွေအရ ဒီနှစ်ထဲမှာ အိန္ဒိယက ၈.၂ ရာခိုင်နှုန်း တိုးလာပါတယ် ။ တရုတ်က ၄ ရာခိုင်နှုန်းတိုးလာပါတယ်။ ဥရောပနိုင်ငံတွေကတော့ ၇. ၄ ရာခိုင်နှုန်း လျော့ကျသွားပါတယ် ။ အမရိကားကလည်း ၃ ရာခိုင်နှုန်း လျော့သွားပါတယ် ။
မောင်ယဿ ဘာသာပြန်သည်
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply