မင်းတို့ကောင်းစားဖို့အတွက် ငါတို့က လည်စင်းခံနေရတာပါ

မင်းတို့ကောင်းစားဖို့အတွက် ငါတို့က လည်စင်းခံနေရတာပါ

ချမ်းသာတဲ့ နိုင်ငံတွေက လွှတ်ထုတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၁၀ ရာခိုင်နှုန်းက ဆင်းရဲတဲ့နိုင်ငံတွေ လွှတ်ထုတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း နဲ့ညီတယ်လို့ သိပ္ပံပညာရှင်တွေက တွက်ချက်ပြလိုက်တဲ့ အခါမှာတော့ ကမာ္ဘကြီးပူနွေးလာပြီ ရာသီဥတုတွေ ဖောက်ပြန်အောင် လုပ်နေတာ ချမ်းသာတဲ့နိုင်ငံတွေပါ၊ သူတို့ကောင်းစားဖို့အတွက် ဇိမ်ခံနိုင်ဖို့အတွက် ဆင်းရဲတဲ့နိုင်ငံတွေက လည်းစင်းခံပေးနေရတယ်ဆိုတဲ့ အဖြေက ထွက်လာပါတယ်။
ကာဗွန်ညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် ဥရောပသမဂ္ဂမှာ အချမ်းသာဆုံး နိုင်ငံတွေရဲ့ ထုတ်လွှတ်မှု ၁၀ ရာခိုင်နှုန်း က အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းနဲ့ ညီပါတယ်လို့ Oxfam ရဲ့ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါတယ်။
“သူတို့ရဲ့ ဇိမ်ခံလူနေမှုပုံစံတွေ တိုးမြင့်လာပြီး ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ဥစ္စာတွေက ကျွန်တော်တို့ ကမ္ဘာကြီး ကို ပျက်စီးစေပါတယ်” လို့ Oxfam EU အခွန်ဆိုင်ရာ ကျွမ်းကျင်သူ Chiara Putaturo က ဆိုပါတယ်။
“သာမန်လူတွေက စရိတ်စကမြင့်တက်လာခြင်းနှင့် လူသားလောဘကြောင့် ဖြစ်ပေါ်လာသော အပူလှိုင်းများ၊ ရေကြီးမှုနှင့် မြေပြိုမှုများ၏ ဆိုးကျိုးများရဲ့ ဝန်ထုပ်ဝန်ပိုးကိုသူတို့အစားထမ်းပိုးနေရပါတယ်”လို့ဆိုလာပါတယ်။
၂၁၀၀ရောက်သွားရင် ဥရောပရဲ့ အချမ်းသာဆုံးနိုင်ငံများရဲ့ လွန်ကဲသော ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့်ဖြစ်ပေါ်တဲ့ အပူနှင့်ဆက်စပ်သော ပိုလျှံသေဆုံးမှု ၇ သောင်းလောက် ကိုဖြစ်စေပြီး နှစ်စဉ်သေဆုံးသူ ၁၀၀၀ နီးပါးနှင့် ညီမျှ ပါတယ်။ အဲ့ဒါကြောင့် ဥရောပ ပရဟိတအဖွဲ့တွေက ချမ်းသာတဲ့သူတွေ သုံးစွဲတဲ့ဇိမ်ခံပစ္စည်းတွေကြောင့် ဖြစ်ပေါ် လာတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့အတွက် ဓနခွန် ( ကြွယ်ဝချမ်းသာမှုအခွန် ) ကိုကောက်ဖို့ အတွက် တောင်းဆိုလာကြပါတယ်။ ဥရောပသမဂ္ဂအား ချမ်းသာတဲ့နိုင်ငံတွေကို ဓနခွန် တစ်နှစ် ယူရို ဘီလီယံ၂၅၀ ကောက်ဖို့အတွက်လည်း တောင်းဆိုထားပါတယ်။
ရာသီဥတုအကျပ်အတည်းကို လှုံ့ဆော်ပေးသည့် ကမ္ဘာလုံးဆိုင်ရာမညီမျှမှု အစီရင်ခံစာမှာ ဘီလီယံနာတွေ ၊ မီလီယံနာတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ လူတွေက ကမာ္ဘ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ပြောချင်တာက တစ်လကို ဝင်ငွေ ကန်ဒေါ်လာ ၁သိန်းခွဲလောက်ရနေတဲ့သူတွေကို ပြောတာပါ ။ အဲ့ဒိလူတွေ ဇိမ်ခံဖို့အတွက် ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ပမာဏက ကျန်ဆင်းရဲသား သန်း ၅ ထောင်ကထုတ်လွှတ်လိုက်တဲ့ ကာဗွန် ညစ်ညမ်းမှု ပမာဏလောက်ရှိနေပါတယ်။ ကျနော်တို့က “ကျနော်တို့ရှေ့ကို ကျရောက်နေတဲ့ ကပ်ဆိုးကြီးကို ကျော်လွှားဖို့ အခွင့်အလမ်းတစ်ခုခုကို ရယူလိုပါက အစွန်းရောက် ချဉ်းကပ်မှုအသစ်တစ်ခု လိုအပ်တယ် ” လို့ ၎င်းက စောဒကတက်လိုက်ပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply