မိုးခေါင်တာ စပိန်တင်မဟုတ်ဘူး မြေထဲပင်လယ်‌ဒေသတစ်ခုလုံး ဖြစ်လာတော့မယ်လို့ ခန့်မှန်းကြပြီ

မိုးခေါင်တာ စပိန်တင်မဟုတ်ဘူး မြေထဲပင်လယ်‌ဒေသတစ်ခုလုံး ဖြစ်လာတော့မယ်လို့ ခန့်မှန်းကြပြီ

စပိန်နိုင်ငံရဲ့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ တောင်ဘက်ဒေသနဲ့ အရှေ့မြောက်ပိုင်း ဒေသတို့မှာ မိုးခေါင်နေတာ ၃ နှစ်တောင် ရှိသွားပြီဖြစ်ပါတယ်။ ရေလှောင်ကန်တွေ ဆည်တွေမှာ အရေးပေါ်အမှတ် အောက်များစွာ ကျဆင်း သွားပြီး ဒေသခံတွေသုံးစွဲဖို့အတွက် ၁၆ ရာခိုင်နှုန်းအောက် ရောက်သွားပြီဖြစ်လို့ ရေသုံးစွဲမှု ကန့်သတ်ချက် အမိန့်တွေကို သက်ဆိုင်ရာအာဏါပိုင်တွေက ထုတ်ထားရပြီ ဖြစ်ပါတယ်။

မိုးခေါင်တဲ့ ဖြစ်စဉ်က စပိန် တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး ။ ဥရောပတိုက်ကုန်မြေရဲ့ ၁၇ ရာခိုင်နှုန်းက ထိခိုက်နေတာပါ ၊ အများစုကတော့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့နေရာတွေပါပဲ ။ အဲ့ဒိထဲက ၁ရာခိုင်နှုန်း ကတော့ လုံးလုံးကြီးကိုအရေးပေါ်အခြေအနေပါ ။

“ဇန်နဝါရီလကုန်အထိ ကျွန်တော်တို့ရရှိထားတဲ့ နောက်ဆုံးရ အချက်အလက်တွေအပေါ် အခြေခံပြီး လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် မြေထဲပင်လယ်ဒေသက နေရာတော်တော်များများဟာ သတိပေးချက် လုပ်ထားရမလို ဖြစ်နေပါတယ် ။ မိုးခေါင်ရေရှားတဲ့ အခြေအနေတွေ ရှိနေပြီးသားဖြစ်နေပါတယ်” လို့ Copernicus Europe နှင့် Global Drought Observatories မှ ညှိနှိုင်းရေးမှူး Andrea Toreti က ပြောပါတယ်။
“ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဒီဒေသတွေကို ထိခိုက်စေတဲ့ ထပ်တလဲလဲ မိုးခေါင်တဲ့ ဖြစ်ရပ်တွေကို တွေ့ခဲ့ရပါတယ်။ မိုးခေါင်မှုနှင့် အပူလှိုင်းများ ပေါင်းစပ်မှုသည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ဒေသတွင်း၌ အကြီးမားဆုံး သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်” လို့ ၎င်းကဆိုပါတယ် ။

ပြီးခဲ့သည့် သီတင်းပတ်က မြေထဲပင်လယ်ထဲက ကျွန်းကြီးဖြစ်တဲ့ စစ္စလီကျွန်းပေါ်က ရေလှောင်ကန်များတွင် ရေပမာဏ ၁ ရာခိုင်နှုန်း လျော့နည်းသွားသဖြင့် ‘သဘာဝဘေးအန္တရာယ် အခြေအနေ’ ကို ကြေညာခဲ့ရပါတယ် ။ ဇန်န၀ါရီလသည် ပျမ်းမျှမိုးရေချိန်ထက်အများကြီးလျှော့နည်းသွားလို့ ၅ လမြောက်ဆက်တိုက် မိုးရွာသွန်းမှု ကျဆင်းနေကြောင်း အာဏါပိုင်တွေက ကြေညာထားပါတယ်။
စစ္စလီကျွန်းရဲ့မိုးရွာသွန်းမှုကျဆင်းလာခြင်းက ရှစ်လနီးပါး ကြုံတွေ့နေရပြီး ၂၀၂၃ ဒုတိယနှစ်ဝက်ကနေ စခဲ့တာပါ ။ နှစ် ၁၀၀ အတွင်း အခြောက်သွေ့ဆုံးဖြစ်ကြောင်း ANBI ရေအရင်းအမြစ်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။ ကျွန်းအရှေ့ဘက်က အီတလီနိုင်ငံဖက်အခြမ်းမှာ မိုးတွေ ရွာနေပေမဲ့ ကျွန်းပေါ်မှာက ခြောက်သွေ့နေပါတယ်။ မိုးခေါင်တဲ့ဒေသမှာ မိုးသည်းထန်စွာရွာတဲ့ အခါ တိုက်စားခြင်းတွေ ဖြစ်ပေါ်ပြီး ကန္တာရတွေကို ဖြစ်ပေါ်စေပါတယ်။

စစ္စလီကျွန်းရဲ့ အနောက် မြောက်ဘက်က ဆာဒီနီနီးယားကျွန်းကြီးမှာလည်း သောက်သုံးရေ သိုလှောင်နိုင်မှုက ၅၀ ရာခိုင်နှုန်း အောက်သာရှိတော့ပြီး အချို့ရေလှောင်ကန်တွေမှာ ပြဿနာတက်နေပါတယ် ။ ဇန်နဝါရီလတွင် EU ရဲ့ Copernicus ရာသီဥတုပြောင်းလဲမှုဝန်ဆောင်မှုမှ ဂြိုလ်တုဓာတ်ပုံများက ဆာဒီနီနီးယားအရှေ့ပိုင်းရှိ ရေချိုကို ပေးဆောင်သည့် Alto del Flumendosa ရေကန်၏ ရေပမာဏ သိသိသာသာကျဆင်းသွားတယ်ဆိုတာကို ထင်ရှားစွာပြသခဲ့ပါတယ်။

ကမာ္ဘ့မြေပုံကြီးကို ထောက်ပြီး ကြည့်မယ်ဆိုရင်တော့ အလွယ်တကူရှင်းလင်းစွာ မြင်နိုင်ပါတယ်။ လက်ရှိ မိုးခေါင်မှု ဖြစ်နေတဲ့ စပိန် တောင်ပိုင်းကနေ အရှေ့ဖက် မျဉ်းဆွဲကြည့်ရင် အီတလီ ၊ ဂရိ နဲ့ တူရကီ တို့က မြေထဲပင်လယ်နဲ့ ထိစပ်ပြီး အတန်းလိုက် ရှိနေတာပါ ။ အဲ့ ဒိဒေသတွေမှာ အပူရှိန်မြှင့်တက်ခြင်း နဲ့ မိုးခေါင်ခြင်း ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply