မီးတောင်ပေါက်မှုနှင့် ကမ္ဘာ့ရာသီဥတု

မီးတောင်ပေါက်မှုနှင့် ကမ္ဘာ့ရာသီဥတု

မီးတောင်ပေါက်မှု အငယ်စားများသည် ရာသီဥတုကို သိသာစြာ ပြောင်းလဲရန် မတတ်နိုင်သော်လည်း ပေါက်ကွဲမှု အကြီးစားများကြောင့် ထွက်ပေါ်လာသော ပြာမှုန်များနှင့် ဓာတ်ငွေ့အချို့တို့ကြောင့် ရာသီဥတုပြောင်းလဲတတ်သည်။
မီးတောင်များမှ ထွက်ပေါ်လာသည့် ပြာမှုန်ငယ်များသည် နေရောင်ကို မြေပြင်ပေါ် မရောက်အောင် တားဆီးတတ်ပြီး ကမ်ဘာ့အပူချိန်ကို လျော့နည်း ကျဆင်းစေသည်။ ပြာမှုန်များ၏အရွယ်အစား ကြီးလျှင်မူ မြေပြင်မှ ပြန်ကန် ထွက်လာသော အပူကို အာကာသထဲ ပြန်ထွက်ခွင့်မပေးဘဲ တားဆီးလိုက်၍ ရာသီဥတု ပူနွေးလာတတ်သည်။
မီးတောင်အကြီးစားပေါက်ကွဲမှုများမှ ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ များပြားလွန်းပါက ကမ်ဘာ့အပူချိန်ကို မြင့်မားစေတတ်သည်။
မီးတောင်မှ ထွက်ပေါ်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည်မူ လေထုတွင်းရှိ ရေငွေ့တို့နှင့် ပေါင်းမိကြပြီး အက်ဆစ်မှုန်များဘဝသို့ ပြောင်းသွားကာ နေရောင်ကို တားဆီးလိုက်သဖြင့် ရာသီဥတု အေးမြလာသည်။
၁၈၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ တမ်ဘိုရာမီးတောင်မှ ထွက်သော ပြာမှုန်နှင့် ဓာတ်ငွေ့တို့ကြောင့် အပူချိန် ကျဆင်းမှုသည် ဥရောပတိုက်သို့တိုင် ရောက်ရှိလျက် ၁၈၁၆ ခုနှစ်ကို နွေရာသီ မရှိသောနှစ်ဟုပင် ခေါ်ဝေါ်ခဲ့ကြသည်။
၁၉၉၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ ပင်နာတူဘိုမီးတောင်ပေါက်ကွဲမှုသည် ကမ်ဘာ့ရာသီဥတုကို အဆိုးဝါးဆုံး ထိခိုက်စေသည့် ပေါက်ကွဲမှုများအနက် တစ္ခု ဖြစ်သည်။ ပင်နာတူဘိုမှ ထွက်ပေါ်သော ပြာနှင့် တန်ချိန် ၁၇ သန်းမျှသော ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့တို့သည် လေထုအမြင့် ၂၅ မိုင်သို့တိုင် ရောက်ရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ၁၉၉၂ နှင့် ၁၉၉၃ ခုနှစ် ကမ်ဘာ့ပျမ်းမျှ အပူချိန်သည် ၁ ဒီဂရီ စင်တီဂရိတ်မျှ ကျဆင်းခဲ့သည်။
မကြာမီက ပေါက်ကွဲခဲ့သော တွန်ဂါမီးတောင်မှ ထွက်ပေါ်ခဲ့သော ဆာလ်ဖာဒိုင်အောက်ဆိုက် ပမာဏသည် ပင်နာတူဘိုမှထွက်သည့် ပမာဏ၏ နှစ်ရာခိုင်နှုန်းမျှသာ ရှိသည့်အတွက် ကမ်ဘာ့ရာသီဥတုကို မပြောင်းလဲစေနိုင်ကြောင်း ကနဦးလေ့လာချက်များအရ သိရသည်။
Credit-U Kyaw Oo

About The Author

greenness_mm

No Comments

Leave a Reply